စိတ်ပင်ပန်းတဲ့အချိန်မှာ စိတ်ညစ်စရာများကို မေ့ပျောက်နိုင်ဖို့ရန်အတွက် ဝီစကီ Whiskey တစ်ခွက်က ကူညီပေးနိုင်သလို ပျော်ရွှင်ရတဲ့အချိန်မှာလည်း ဝီစကီ Whiskey ဖျော်ရည်နဲ့ Celebrate လုပ်နိုင်ပါတယ်။ ဒါ့အပြင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နိုင်ဖို့ရန်အတွက်လည်း ဝီစကီ Whiskey က ကူညီပေးနိုင်တယ်ဆိုတာကိုရော သိပြီးပါပြီလား။

ညဘက်မှာ အိပ်မရဘူးဆိုပြီး စိတ်ညစ်နေရတဲ့ကွီးတို့အတွက် အိပ်ပျော်စေမယ့် ဖျော်ရည်တစ်ခွက် ဖျော်သောက်နိုင်ဖို့ရန်အတွက် လိုအပ်မယ့် ပစ္စည်းများကတော့ သံပုယိုသီး၊ ပျားရည်၊ ဝီစကီ Whiskey နှင့် လက်ဖက်ခြောက်တို့ပဲ ဖြစ်ပါတယ်။ ကွီး တို့ကို အိပ်ပျော် အောင် ကူညီပေးမယ့်အပြင် လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းအောင် ကူညီပေးမယ့် ဝီစကီ Whiskey တစ်ခွက်ပဲ ဖြစ်ပါတယ်။ ဖျားနာကိုက်ခဲခြင်းမှလည်း ကာကွယ်ပေးတဲ့အတွက်ကြောင့် တုပ်ကွေးရာသီအတွက် အသင့်တော်ဆုံးပဲပေါ့။

အိပ်ပျော် ဝီစကီ

ညဘက်မှာ အိပ်ပျော်စေဖို့ရန်အတွက် ကူညီပေးမယ့် ကော့တေး ဝီစကီ Whiskey လေးဖျော်ဖို့ရန်အတွက် ရေနွေးပူ စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ လက်ဖက်ခြောက်အိတ် ၁ ထုပ် (မိမိကြိုက်နှစ်သက်ရာ အမွှေးရနံ့ကို အသုံးပြုနိုင်ပါတယ်)၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဝီစကီ Whiskey စားပွဲတင်ဇွန်း 3 ဇွန်း၊ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုသီးစိပ် ၁ စိပ်၊ သစ်ကြမ်းပိုးခေါက် ၁ ချောင်း (မထည့်လည်းရ) စသည်တို့ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်းကတော့

အိပ်ပျော် ဝီစကီ

လက်ဖက်ခြောက်အိတ်ကို သူ့အညွှန်းအတိုင်း ရေနွေးနွေးထဲမှာ မိနစ်အနည်းငယ်ကြာ စိမ်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက ပျားရည် အနည်းငယ် ထည့်ကာ မွှေပေးလိုက်ပါ။

ထို့နောက် သံပုယိုရည် အနည်းငယ် ထည့်ကာ မွှေပေးလိုက်ပါ။

whiskey remedies

နောက်ဆုံးမှာတော့ ဝီစကီ Whiskey အနည်းငယ် ထည့်ကာ သစ်ကြမ်းပိုးခေါက်အချောင်းဖြင့် မွှေပေးလိုက်ပါ။ (သစ်ကြမ်းပိုးခေါက် အသုံးမပြုသူများကတော့ ဇွန်းဖြင့် မွှေပေးလိုက်လည်းရပါတယ်။)

အလှဆင်ချင်တယ်ဆိုရင်တော့ သံပုယိုသီးကို အကွင်းလိုက် လှလှပပလေး လှီးဖြတ်ထားကာ အလှဆင်ပေးလိုက်လို့ရပါတယ်။

ဒါဆိုရင်တော့ ကွီးတို့ကို ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးမယ့် ဝီစကီ Whiskey တစ်ခွက် ရရှိသွားပါပြီ။ ညအိပ်ရာဝင်ခါနီးမှာ သောက်သုံးပေးနိုင်ပါတယ်။

ကွီးတို့ဆီမှာရော ညအိပ်မပျော်တဲ့အခါ မှီဝဲလေ့ရှိတဲ့ သဘာဝဆေးဖက်ဝင်ဖျော်ရည်များ ရှိပါသလား။ အခုဖော်ပြသွားတဲ့ ဝီစကီ Whiskey ဖျော်ရည်ကို စမ်းသောက်ပြီးသွားတဲ့နောက်မှာလည်း ခံစားရတဲ့ အတွေ့အကြုံလေးတွေကို ဝေမျှပေးခဲ့ပါဦး။

Source: Sugarandsoul

Featured Image: Sugarandsoul