သင့်မှာ ဘယ်လိုအိပ်မက်မျိုး ရှိပါသလဲ။ ကိုယ့်ရဲ့ အိပ်မက် တွေကို လက်တွေ့ အကောင်အထည်ဖော်ချင်တဲ့ ကွီး တို့အတွက် နည်းလမ်းကောင်း လေးတွေရှိပါတယ်။

ဘယ်လိုနည်းလမ်းကောင်းတွေက ကွီးတို့ရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကူညီပေးမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။

ဆုံးခန်းတိုင် လျှောက်လှမ်းပါ

အိပ်မက် ကွီး နည်းလမ်းကောင်း 

ကိုယ့်အိပ်မက်ကို စတင်အကောင်အထည်ဖော်တဲ့အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရှုံးပေးချိန်စိတ်များ ကိုယ့်ရဲ့အိပ်မက်ခရီးလမ်းကို ထိုနေရာမှာတင်ပဲ ရပ်တန့်ပစ်ချင်တဲ့စိတ်များ ပေါ်လာပါလိမ့်မယ်။ ထိုအချိန်မှာ ရပ်တန့်ပစ်လိုက်မယ်ဆိုရင်တော့ သင်သည် သင့်အိပ်မက်များကို အရှုံးပေးလိုက်တာနဲ့ အတူတူပါပဲ။

ကိုယ့်ရဲ့အိပ်မက်တွေကို အရှုံးပေးချင်စိတ်ပေါ်လာတဲ့အခါ ဘာ့ကြောင့် စလုပ်ဖြစ်သလဲဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီးတဲ့နောက်မှာ ကိုယ် စတင်ကြိုးစားခဲ့ရတဲ့အချိန်မှာ ဘယ်လိုတွေ ကြိုးစားခဲ့ရသလဲ။ အချိန်တွေ ဘယ်လောက်ကုန်သွားသလဲဆိုတာကို ပြန်လည်အမှတ်ရကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အခုလိုမျိုး ပင်ပန်းခဲ့ရတာတွေနဲ့တန်အောင် အရှေ့ကိုဆက်ချီတက်ချင်စိတ်တွေပဲ ပေါ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ အိပ်မက် ကို အကောင်အထည်ဖော်ချင်တဲ့ ကွီး တို့အနေနဲ့ ဒီ နည်းလမ်းကောင်း လေးက လက်တွေ့အကျဆုံးနည်းလမ်းကောင်းတစ်ခုပါ။

အကြောက်တရားများကို ရင်ဆိုင်ပါ

အိပ်မက် ကွီး နည်းလမ်းကောင်း 

ကိုယ် လိုချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်လိုက်တဲ့အခါ ကိုယ် မသိလိုက်တဲ့အချိန်မှာပဲ အကြောက်တရားသည် ဘွားခနဲပေါ်လာတတ်ပါတယ်။

ဒါသည် ဘာ့ကြောင့်လဲဆိုတော့ သင်သည် ကိုယ်နဲ့ ရင်းနှီးပြီးသားအရာတစ်ခု၊ ကိုယ့်ရဲ့ Comfort Zone ထဲကနေ ရုန်းထွက်ကာ အရှေ့သို့ ဆက်သွားနေအောင် ကြိုးစားနေတဲ့အတွက်ကြောင့် အကြောက်တရားက လမ်းခရီးတစ်နေရာမှာ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ထိုအကြောက်တရားက ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ကို လုယူလိုက်တာမျိုး အဖြစ်မခံပါနဲ့။ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမယ့်အစား စိတ်ကူးယဉ်နေတာမျိုးပဲ အဖြစ်မခံပါနဲ့။

အကြောက်တရားနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ကွီးတို့အနေနဲ့ ဘာလုပ်နိုင်သလဲဆိုတော့ အရင်ဦးဆုံး ထိုအကြောက်တရားကို အသိအမှတ်ပြုပါ။ ပြီးရင် ထိုအကြောက်တရားကို ရင်ဆိုင်ဖို့အတွက် ဘယ်လိုလက်နက်တွေ လိုအပ်မလဲ။ လိုအပ်တဲ့လက်နက်တွေ တစ်နည်းအားဖြင့် ကိုယ့်ရဲ့အရည်အချင်းတွေကို ဖြည့်ဖို့လိုအပ်ပါလိမ့်မယ်။ လက်နက်အပြည့်အစုံတပ်ဆင်ပြီးသွားတဲ့အခါမှာတော့ ကိုယ့်ရဲ့အကြောက်တရားကို ရင်ဆိုင်ဖို့ အသင့်ဖြစ်သွားပါပြီ။

သင်သည် ပန်းပွင့်တစ်ပွင့်ဖြစ်နေမယ်ဆိုရင် အဖူးအငုံဘဝမှာပဲ နေမလား။ ဒါမှမဟုတ် လှပတဲ့ ပန်းပွင့်တစ်ပွင့်အဖြစ် ပွင့်လန်းသွားသည်အထိ ကြိုးစားမလားဆိုတာကတော့ ကိုယ့်ရဲကဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဘုရင့်နောင် ဖောင်ဖျက်ပါ

အိပ်မက် ကွီး နည်းလမ်းကောင်း 

တိုက်ပွဲမှာ အဆုံးစွန်အထိ အနိုင်ရဖို့အတွက်ဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဘုရင့်နောင်သည် သူ့ရဲ့တပ်သားတွေအားလုံးကို သူတို့စီးလာတဲ့ ဖောင်များအားလုံးကို ဖျက်စေပါတယ်။ ကိုယ့် အိပ်မက် ကို အကောင်အထည်ဖော်ချင်တဲ့ ကွီး တို့သည်လည်း ဒီ နည်းလမ်းကောင်း ကို ကျင့်သုံးသင့်ပါတယ်။

အဆုံးစွန်အထိ တိုက်မှရတော့မယ် နောက်ထပ်ဆုတ်လို့လည်း မရတော့ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးက ကိုယ့်ရဲ့ဘဝတိုက်ပွဲအတွက် အသုံးဝင်ပါတယ်။ နို့မဟုတ်ရင် နောက်ဆံတင်းတဲ့စိတ်နဲ့ အရှုံးပေးချင်စိတ်တွေက အဆုံးစွန်အထိ ခံစားနေရမှာပါ။

ကိုယ့်ရဲ့ အိပ်မက်တွေအတွက် အဆုံးစွန်အထိ ကြိုးစားရမယ်ဆိုတဲ့စိတ် မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့စိတ်ဓာတ်ကို ပျက်ပြားသွားစေမယ့် ကိစ္စတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို ရှောင်ကြဉ်နိုင်ဖို့ရန်အတွက် ကိုယ့်အိပ်မက်ဆီသို့ ပထမဦးဆုံး ခြေလှမ်းလိုက်ကတည်းက ဖောင်ဖျက်ပစ်ရမှာဖြစ်ပါတယ်။

အောင်မြင်သူများကို အတုယူပါ

အိပ်မက် ကွီး နည်းလမ်းကောင်း 

Photo: SuccessStory

ကိုယ့်ရဲ့မျက်စိရှေ့မှာ အောင်မြင်သူတွေ အများကြီးရှိကြပါတယ်။ ထိုအောင်မြင်သူတွေကို သေချာလေ့လာပါ။ သူတို့ဘယ်လိုမျိုး ကျင့်ကြံခဲ့ကြသလဲ၊ ကြိုးစားခဲ့ကြသလဲဆိုတာကို အတုယူသင့်ပါတယ်။ သူတို့ရဲ့နည်းလမ်းကောင်းတွေကို လေ့လာကာ ဘယ်နည်းလမ်းကတော့ဖြင့် ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို လေ့လာပါ။ ပြီးရင် ကော်ပီယူကာ ကိုယ့်ရဲ့အောင်မြင်မှုအတွက် အသုံးချနိုင်ပါတယ်။

အချိန်တစ်ခုသတ်မှတ်ပါ

tips for kwee to fulfill their dreams

Photo: The Telegraph

ဘယ်နှလအတွင်း၊ ဘယ်နှနှစ်အတွင်းမှာ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမလဲဆိုတာကို အချိန်သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ အချိန်မသတ်မှတ်ထားတဲ့အခါ ဘယ်အချိန်ပြီးပြီး ကိစ္စမရှိပါဘူး။ ရတာပဲဆိုပြီး အချိန်ဆွဲရင်း ဆွဲရင်းနဲ့ အချိန်တွေ တိုက်စားသွားပြီး အသက်ကြီးသွားကာ ကိုယ့်ရဲ့အိပ်မက်တွေကို ဘယ်တော့မှ အကောင်အထည်မဖော်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ကိုယ်ကို စည်းကမ်းတစ်ခုကြပ်မတ်ပါ။ ကိုယ့်ရဲ့အိပ်မက်အတွက် အချိန်တစ်ခုသတ်မှတ်ထားပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ အိပ်မက်ကို မြန်မြန်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းဖို့ မမေ့ပါနဲ့

tips for kwee to fulfill their dreams

Source: Bonobology

ကိုယ့်ရဲ့အိပ်မက်တွေသည် တစ်ရက်တည်းနဲ့ ပြည့်မြောက်မှာမဟုတ်ပါဘူး။ အချိန်တစ်ခုယူရပါတယ်။ တစ်ခါတရံမှာ အားပေးမှုတွေ၊ ခွန်အားပေးမှုတွေ လိုအပ်ပါလိမ့်မယ်။ ဒါ့ကြောင့် ခရီးတစ်ခုရောက်သွားပြီဆိုတာနဲ့ ခဏတဖြုတ်အနားယူပါ။ ကိုယ့်ရဲ့တိုးတက်မှုတွေကို ပြန်လည်ကြည့်ရှု ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် တော်ကြောင်း ချီးမွမ်းပါ။

ကိုယ် သွားချင်တဲ့ နေရာဆီသို့ တစ်ထပ်တည်း ရောက်နေဦးမှာမဟုတ်ပေမယ့် ဒီခရီးအထိ လာရောက်နိုင်ခြင်းသည် လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင်သည် ဂုဏ်ပြုခြင်းနဲ့ ထိုက်တန်ပါတယ်။ ကိုယ့်ကိုယ်ကို ချီးမွမ်း၊ ဂုဏ်ပြုခြင်းအားဖြင့် စိတ်ဓာတ်ခွန်အား ရယူပါ။ ဒါဆိုရင်တော့ အရှေ့သို့ ဆက်လက်ချီတက်တဲ့နေရာမှာလည်း Motivation တွေ ရလာမှာဖြစ်ပြီး ထပ်ဖန်တလဲလဲ ကြိုးစားချင်စိတ်များ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

ကိုယ့် အိပ်မက် တွေကို အမှန်တကယ် လက်တွေ့အကောင်အထည် ဖော်ချင်တဲ့ ကွီး တို့အနေနဲ့ အခုဖော်ပြသွားတဲ့ နည်းလမ်းလေးတွေက အသုံးတည့်မယ့် နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

Source: Lifehack

Featured Image: Yourdreamventure