ကိုယ့်ရဲ့ အိပ်မက် တွေကို အကောင်အထည် ဖော်ခြင်း ခရီးလမ်းသည် ပန်းခင်းလမ်းလိုမျိုး ချောမွေ့နေမှာမဟုတ်ပါဘူး။ ဆူးညှောင့်ခလုတ်များ၊ အတားအဆီးများသည် ပြည့်နှက်နေမှာဖြစ်ပြီး ထိုအတားအဆီးများကို ရင်ဆိုင်ကျော်လွှားနိုင်ရပါမယ်။ ဒါမှသာလျှင် ကိုယ့်ရဲ့ အိပ်မက် တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး မိမိရဲ့ရည်မှန်းချက်ပန်းတိုင်တွေ အမှန်တကယ် ပြည့်ဝလာပြီး အောင်မြင်လာဖို့ရန်အတွက် ဘယ်လိုနည်းလမ်းကောင်းများကို အသုံးချရမလဲ။

Plan တစ်ခုချပါ

planning

ဒီအဆင့်ကတော့ ပထမဦးစွာ ပြုလုပ်ရမယ့်အဆင့်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်တွေက ဘာတွေလဲ။ ကိုယ်က ဘာဖြစ်ချင်တာလဲဆိုတာကို သိဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အချိန်တစ်ခုယူရပါလိမ့်မယ်။

စာရွက်တစ်ရွက်ပေါ်မှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေအားလုံးကို ချရေးထားလိုက်ပါ။ ဒီလိုချရေးထားချင်က ကိုယ့်ရဲ့အိပ်မက်တွေကို သိရှိနားလည်သွားအောင်၊ ပိုမိုနီးစပ်သွားအောင် ကူညီပေးပါလိမ့်မယ်။ ဥပမာ “ငါသည် အောင်မြင်ရေး ကာတွန်းဆရာတစ်ယောက်ဖြစ်ချင်တယ်” “သာယာအေးချမ်းတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ နေချင်တယ်” သို့မဟုတ် “ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု တည်ထောင်ချင်တယ်” စသည်ဖြင့် ကိုယ်ဖြစ်ချင်တာတွေကို ချရေးထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အိပ်မက်သည် ဘာတွေလဲဆိုတာကို သိသွားပါလိမ့်မယ်။

မိမိရဲ့ လက်ရှိအခြေအနေကို ပြန်လည်ဆန်းစစ်ပါ

man

ကိုယ့်ရဲ့အိပ်မက်တွေက ဘာတွေလဲဆိုတာကို သိသွားတဲ့အခါမှာတော့ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေ လိုအပ်မလဲ။ ထိုအရည်အချင်းတွေကို လိုက်လံဖြည့်ဆည်းထားလိုက်ပါ။ အရည်အချင်းများ တိုးတက်လာအောင် ပုံမှန်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

ကောက်ရိုးမီးလို ဟုန်းခနဲ ထတောက်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတာမျိုး လုပ်လို့မရပါဘူး။ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကာ ဖြည်းဖြည်း မှန်မှန်ဖြင့် ကြိုးစားသွားဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့အရည်အချင်းတွေသည် တဖြည်းဖြည်း တိုးတက်လာမှာပဲဖြစ်ပါတယ်။

မိမိရဲ့ အိပ်မက် တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ ဟန့်တားနေတဲ့ အတားအဆီးများကို သိရှိနားလည်အောင် ပြုလုပ်ပါ

man thinking

သင့်ရဲ့အိပ်မက်တွေအပေါ် လွှမ်းမိုးမှုရှိနေတဲ့ အတားအဆီးတွေကိုလည်း ရံဖန်ရံခါဆိုသလို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဥပမာ သင့်ရဲ့အိပ်မက်တွေကို ပြည့်ဝဖို့ရန်အတွက် ငွေ လိုအပ်နေပါသလား။ ဒါဆိုရင် ပိုက်ဆံ အရင်စုဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ် အချိန် မလုံလောက်ဘူးလား။ အရည်အချင်းတွေ လိုအပ်နေသေးသလား စတဲ့ အတားအဆီးတွေကို သိနားလည်အောင် ပြုလုပ်ကာ ထိုအတားအဆီးတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ ခေါင်းအေးအေးထားပြီး စဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။

မီနီဂိုးလ်လေးတွေ ဖန်တီးပါ

man climbing

ဒီအဆင့်ကတော့ သင့်အိပ်မက်အတွက် လိုအပ်တဲ့ Framework တစ်ခုကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာစေပါလိမ့်မယ်။

တကယ်လို့ သင့်ရဲ့ အိပ်မက်က အောင်မြင်တဲ့ စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ချင်တယ်ဆိုရင် သင့်ရဲ့ ပထမဦးဆုံး ပန်းတိုင်သည် ဟင်းလျာများကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို လေ့လာသင်ယူရမှာပဲဖြစ်ပါတယ်။ ပြီးတော့မှ တစ်ဆင့်တက်လာပြီး ဟင်းချက် သင်တန်းကျောင်း တက်ရမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး တဆင့်ချင်းသွားတဲ့အခါ သင့်အတွက် ပိုမိုလွယ်ကူလာမှာပဲဖြစ်ပါတယ်။

မိမိရေးဆွဲထားတဲ့ Plan များကို ပြည့်မြောက်အောင် ပြုလုပ်ပါ

man happy

ကိုယ်ချမှတ်ထားတဲ့ Plan များ၊ ရည်မှန်းချက်ပန်းတိုင်ငယ်များကို တဖြည်းဖြည်းချင်းစီ ပြည့်မြောက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အပြောချည်းနဲ့ပဲ လုပ်နေလို့မရဘဲ အလုပ်နှင့် သက်သေပြဖို့လိုအပ်ပါတယ်။ မိမိရဲ့ အပြောနဲ့ အလုပ် ညီအောင် ပြုလုပ်ခြင်းသည် ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး ကိုယ့်ဘဝ အောင်မြင်မှုအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အိပ်မက်များ ပြည့်မြောက်သွားတာနဲ့ ဘဝက ဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ဒါဆိုရင် ခွန်အားတွေ တက်လာမှာပဲဖြစ်ပါတယ်။

လက်လွတ်ဖို့ကိုလည်း မကြောက်ရွံ့ပါနှင့်

အိပ်မက် အကောင်အထည်

ကိုယ့်ရဲ့ အိပ်မက်တွေ ပြည့်မြောက်ဖို့ နေရာသစ်တစ်ခုကို သွားရမှာလည်းဖြစ်သလို စိန်ခေါ်မှုများနှင့်လည်း ကြုံတွေ့ရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အသစ်၊ နေရာသစ်တစ်ခုသို့ သွားရမှာကို ကြောက်ရွံ့နေခြင်း၊ မိမိနှင့် အသားကျနေသော အရာကို စွန့်ခွာရမှာကို ကြောက်ရွံ့နေခြင်းသည်လည်း အောင်မြင်မှုအျွှွက် အတားအဆီးတစ်ခုပဲဖြစ်ပါတယ်။

မိမိထက် အတွေ့အကြုံရှိသူများထံမှ လေ့လာပါ

အိပ်မက် အကောင်အထည်

ခြေကုန်လက်ပမ်းကျလာတဲ့အခါမျိုး၊ အိုင်ဒီယာ လုံးဝ မထွက်တော့တဲ့အခါ မိမိထက် ဝါရင့်သဘာရင့်တဲ့ စီနီယာများထံမှ အကူအညီတောင်းသင့်ပါတယ်။ အတွေ့အကြုံရှိသူများအဖို့ ကိုယ် ကြုံတွေ့နေရတဲ့အခက်အခဲသည် သူတို့အတွက် ဘာမှမဟုတ်တဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့အချိန်တွေကို ကိုယ် မသိတဲ့အရာအပေါ်မှာ အကုန်ခံနေမယ့်အစား အကြံဉာဏ်တောင်းလိုက်ခြင်းက ပိုမိုထိရောက်မှုရှိပါလိမ့်မယ်။

လိုအပ်ပါက နည်းလမ်းအမျိုးမျိုး အသုံးပြုပါ

အိပ်မက် အကောင်အထည်

ပထမ နည်းလမ်းနဲ့ အလုပ်မဖြစ်ပါက ဒုတိယ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဒုတိယ နည်းလမ်းက အသုံးမဝင်ပါကလည်း နောက်ထပ် နည်းလမ်းတစ်ခုကို ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။ အလုပ်မဖြစ်တဲ့ နည်းလမ်းအပေါ်မှာပဲ ခေါင်းမာကာ အချိန်ကုန် ခံမနေပါနဲ့။ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ ကိုယ့်ရဲ့ အိပ်မက်တွေကို အမြန်ဆုံး အကောင်ထည် ဖော်လိုက်ပါ။

ပျော်ရွှင်မှုကို ခံစားဖို့လည်း လိုအပ်ပါတယ်

အိပ်မက် အကောင်အထည်

ဘဝရဲ့ အနှစ်သာရကိုလည်း ခံစားဖို့လိုအပ်ပါတယ်။ အလုပ်လုပ်ချိန်တန် အလုပ်လုပ်ရမှာဖြစ်သလို နားချိန်တန် နားရမှာဖြစ်ပါတယ်။ ဒါမှသာ စိတ်ဖိစီးမှုများကို မခံစားရမှာပါ။ နို့မဟုတ်ရင် ခြေကုန်လက်ပမ်းကျပြီး ဘဝဆိုတာ စိတ်ညစ်စရာကြီးပါလား။ ကြိုးစားရတာလည်း ပင်ပန်းလာပြီ ဆိုတဲ့ စိတ်တွေက စိုးမိုးထားပါလိမ့်မယ်။ နောက်ဆုံးကျရင် ဘာကိုမှ မလုပ်ချင် မကိုင်ချင်ဖြစ်လာပြီး အရာရာကို လက်လွှတ်ချင်စိတ် ပေါ်လာပါလိမ့်မယ်။ ဒါ့ကြောင့် အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုလည်း ဂရုစိုက်ပါလို့ ကွီးတို့ကို အားပေးလိုက်ရပါတယ်။

Source: Wikihow

Featured Image: Stocksnap