သာမာန်လူတစ်ယောက်အတွက် တစ်နေ့တာအိပ်စက်အနားယူချိန်ဟာ ၇ နာရီကနေ ၈ နာရီအထိ လိုအပ်ပါတယ်။ ထိုသို့မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် အိပ်ပျော်ဖို့ခက်လာမယ်၊ အိပ်မပျော်တဲ့ ညတွေများလာမယ်၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုး၊ အစောကြီးနိုးနေပြီး ပြန်အိပ်မရတာမျိုး၊ မနက်နိုးထလာတဲ့ အခါမှာ တတ်ကြွလန်းဆန်းခြင်းမရှိဘဲ ပင်ပန်းနွမ်းနယ်တာ စသည်တို့ကို ခံစားနေရပါသလား။ အိပ်မပျော်ခြင်းဟာ ကွီးတို့ရဲ့ Energy Level ကိုထိခိုက်စေသည် သာမက၊ ကျန်းမာရေးနဲ့ လုပ်ငန်းခွင်အပေါ်မှာပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ သိရှိထားပြီး သတိထားနိုင်ဖို့ အိပ်မပျော်ခြင်း နဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို ဖော်ပြပေးချင်ပါတယ်။

အိပ်မပျော်ခြင်း ကျန်းမာရေး ပြဿနာများ

Photo : Vista Create

အိပ်မပျော်ခြင်း နဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို မပြောခင် ဘာကြောင့် အိပ်မပျော်ခြင်း ဖြစ်လာရလဲဆိုတာ အရင်လေ့လာကြည့်ရအောင်။

(၁) စိတ်ဖိစီးနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်လည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အလုပ်နှင့်ပတ်သတ်၍ သော်လည်းကောင်း၊ ငွေရေး ကြေးရေးဆိုင်ရာများ၊ မမျှော်လင့်ဘဲ ပျက်စီးဆုံးရှုံးမှုများ စတဲ့ နာကျင်မှုတွေ စိတ်ပင်ပန်းမှုတွေ ၊ စိတ်ဖိစိးမှုတွေကလည်း အိပ်မပျော်ခြင်းရဲ့ အဓိက အကြောင်းအရင်းပါပဲ။

(၂) အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ အလုပ်အချိန်ဇယားတွေနဲ့ ခရီးခဏခဏ ထွက်ရခြင်းတွေကြောင့်ပဲဖြစ်ပါတယ်။ ညနက်တဲ့အထိအလုပ်ရှုပ်တာတွေ၊ ညဘက်အလုပ်လုပ်ရပြီး နေ့ဘက်တွင်လည်း ကောင်းစွာအနားမယူဖြစ်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။ ထို့နောက် ခရီးခဏခဏ သွားရတဲ့သူတွေအတွက်လည်း နေရာဒေသ ၊ ရာသီဥတု စတဲ့အပြောင်းအလဲများကြောင့် အိပ်စက်မှု စက်ဝန်းကို မတည်မငြိမ် ဖြစ်စေပါတယ်။

(၃) နောက်တစ်ချက်ကတော့ ပုံစံ မမှန်တဲ့အိပ်စက်မှု စက်ဝန်းကြောင့်ပဲ ဖြစ်ပါတယ်။ ညဘက်နောက်ကျတဲ့အထိ Internet သုံးတာ၊ ဂိမ်းကစားတာ TV ကြည့်တာ စသည်တို့ ကြောင့်လည်း အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။

ဒီအချက်တွေဟာ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ ယေဘုယျ အကြောင်းအရင်းများဖြစ်ပြီး အခြားသော အကြောင်းအရာများကြောင့်လည်း အိပ်မပျော်ခြင်း ဖြစ်စေနိုင်ပါတယ်။

အိပ်မပျော်ခြင်း ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြသာနာများက ဘာတွေပါလဲ

(၁) ခုခံအားစနစ် အားနည်းလာခြင်း

အိပ်မပျော်ခြင်း ကျန်းမာရေး ပြဿနာများ

Photo : GOQii

ကွီးတို့ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က ဖျားနာခြင်း၊ ရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးတဲ့ ပရိုတင်းဓာတ်တွေ ထုတ်လွှတ်ပေးပါတယ်။ အိပ်မပျော်ခြင်းဟာ နာတာရှည်ဖြစ်လာပြီဆိုလျှင် ထိုဖြစ်စဉ်ကို ထိခိုက်စေပါတယ်။ ထို့အပြင် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများကို တိုက်ထုတ်ရာတွင် ကူညီပေးတဲ့ Antibodies နဲ့ Cells များကိုလည်း လျော့ကျစေပါတယ်။ လေ့လာချက်များအရ အိပ်ရေးပျက်သူများက အခြားသောသူများထက် ဖျားနာခြင်း၊ တုပ်ကွေးကဲ့သော ရောဂါများပိုပြီး လွယ်လွယ်ကူကူ ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။

(၂) ဆီးချိုရောဂါ

အိပ်မပျော်ခြင်း ကျန်းမာရေး ပြဿနာများ

Photo : Eat This, Not That

အိပ်မပျော်ခြင်း အိပ်ရေးပျက်ခြင်းက ကွီးတို့ ခန္ဓာကိုယ်ထဲက သွေးတွင်းသကြားဓာတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ လေ့လာမှုတစ်ခုအရ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် တစ်ညလျှင် ၅ နာရီ သို့မဟုတ် ၅ နာရီထက်နည်းပြီးအိပ်သူများသည် ညအိပ်ချိန် ၇နာရီကနေ ၈နာရီအိပ် သူများထက် ဆီးချိုဖြစ်နိုင်ခြေ  ၂ ဆခွဲ ပိုများတယ်လို့ ဆိုထားပါတယ်။

(၃) နှလုံးရောဂါ

health

Photo : Sam Houston Heart

နာတာရှည် အိပ်မပျော်တာခြင်းက နှလုံးကို ထိခိုက်စေပါတယ်။ လေ့လာဆန်းစစ်မှုတစ်ခုအရ ည အိပ်စက်ချိန်အလွန်နည်းပါက အရွယ်ရောက်ပြီးသော ကျန်းမာတဲ့ အမျိုးသားများတွင်ပင် သွေးပေါင်ချိန်ကို မြင့်မားလာစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတိုးခြင်းကို ဖြစ်လာနိုင်ပြီး သွေးကြောများကို ပျက်စီးစေနိုင်ပါတယ်။ ထို့အပြင် ၎င်းဟာ သွေးများကို ခန္ဓာကိုယ်ဆီသို့ ညှစ်ထုတ်ရန် နှလုံးဟာ အလုပ်ပိုလုပ်ရပါလိမ့်မယ်။ ဒီအချက်ဟာ ကွီးတို့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်ပြီး ရုတ်တရက် နှလုံးဖောက်ခြင်း ( Heart Attack) ကိုလည်းဖြစ်စေနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန်တိုးလာစေပါတယ်

health

Photo : Aidsmap

တစ်ညကို ၇ နာရီထက် နည်းအိပ်ခြင်းက ပုံမှန်အိပ်တာထက် ကိုယ်အလေးချိန်တတ်ဖို့ အလားအလာ ပိုများပါတယ်။ အိပ်ရေးပျက်ခြင်းက ဆာလောင်တဲ့ခံစားချက်ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထိခိုက်စေတာကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။ ရေရှည် အိပ်ရေးပျက်ခြင်းက ကွီးတို့ကို အဝလွန်ခြင်း နှင့် ဆက်စပ်သော ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် သိရှိထားပြီး သတိထားနိုင်ဖို့ အိပ်မပျော်ခြင်း နဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ပဲဖြစ်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းက တကယ်ကို အရေးကြီးပါတယ်။ ကွီးတို့လည်း တစ်နေ့တာပင်ပန်းမှုတွေအပြီး ညဖက်တွေမှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်စေဖို့ မျှော်လင့်ပါတယ်။

Source : WebMD

Featured Photo : Rxleaf