ဆန့်ကျင်ဘက် အမျိုးသမီးတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မယ် ထင်ပါသလဲ? အထူးသဖြင့် အိပ်ရာပေါ်မှာ ပါတနာရဲ့ ခုန်ရင်စိတ်လှုပ်ရှားမှုတွေကို မြှင့်တင်နိုင်တဲ့ အမျိုးသားတစ်ယောက် ဖြစ်ဖို့အတွက် သိထားရမယ့် အခြေခံကျတဲ့ အချက်တွေ ရှိပါတယ်။ လိင်မှုဆိုင်ရာ စွမ်းဆောင်တစ်ခုတည်း ကောင်းနေရုံနဲ့ ကွီးတို့က ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက် လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အိပ်ရာထက်မှာ အမြဲတမ်း ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက် ဖြစ်စေဖို့ သိကိုသိထားသင့်တဲ့ ကျင့်ဝတ်တွေကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးချင်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ပါ

attractive young man

Photo : Women’s Health and Menopause Center

Underwear ကိုမလျှော်ပဲ ထပ်ခါထပ်ခါ ပြန်ဝတ်နေမိတုန်းလား။ ကန့်သတ်ဧရိယာတဝိုက်ကို ပုံမှန်သန့်ရှင်းရေး မလုပ်ဖြစ်ဘူးလား။ အနံ့အသက်ဆိုးနဲ့ အမွှေးအမျှင်တွေကို လျစ်လျူရှုနေမိတုန်းလား။ ဒီလိုတစ်ကိုယ်ရည် သန့်ရှင်းရေးကို သေချာဂရုမစိုက်မိဘူးဆိုရင် အိမ်ရာပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက် လုံးဝမဖြစ်နိုင်ပါဘူး။

အနှောက်အယှက်များ ကြိုတင်ဖြတ်ထားပါ

Photo : Psycom.net

အိပ်ရာပေါ်မှာ ကြည်နူးစရာကောင်းတဲ့ အချိန်တစ်ခုကို အတူတူဖြတ်သန်းတော့မယ်ဆိုရင် ဘေးပရောဂ အနှောက်ယှက်တွေ အားလုံးကို ကြိုတင်ဖြတ်တောက်ထားဖို့ လိုပါတယ်။ ဥပမာ အားဖြင့် အလုပ်တွေခဏဖြတ်ထားတာ ၊ ဖုန်းအသံပိတ်ထားတာ စသည်ဖြင့်ပါ။ ကိုယ့်ရဲ့မပြီးပြတ်သေးတဲ့ ကိစ္စတာဝန်တွေကြောင့် ပါတနာရဲ့ စိတ်ခံစားမှုတွေကို မဖျက်စီးမိပါစေနဲ့။ ဒါကလည်း သေချာပေါက် လိုက်နာသင့်တဲ့ ကျင့်ဝတ်တစ်ခုပါပဲ။

မျှဝေခံစားပါ

Couple

Photo : The New York Times

အိပ်ရာပေါ်မှာ အပေးအယူမျှမျှ နှစ်ပါးသွားချင်တယ်ဆိုရင် တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်လို့တော့ မရပါဘူး။ နှစ်ဦးသား ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်အကြိုက်တွေတောင်းဆိုနိုင်သလို ပါတနာရဲ့ နှစ်ခြိုက်မှုလေးတွေကိုလည်း ပြန်လည်ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှု တစ်ခုတည်းအတွက်လည်း တစ်ဖက်ပါတနာကို ဖိအားပေးတာမျိုး မဖြစ်ပါစေနဲ့။ နှစ်ဦးလုံးအတွက် မတူညီတဲ့ အတွေ့အကြုံအသစ်အဆန်းတစ်ခုကို Try ဖို့ကြိုးစားတဲ့အခါမှာလည်း သူရောကိုယ်ရော အမှန်တကယ် စိတ်အားထက်သန်မှုရှိမှ ဆက်သွားသင့်ပါတယ်။ နှစ်ဦးလုံးအတူတူ မျှဝေခံစားနိုင်မှသာလျှင် သာယာပျော်ရွှင်တဲ့ အခိုက်အတန့်တစ်ခုကို ရနိုင်မှာပါ။

လုံခြုံစိတ်ချမှုကို ဦးစားပေးပါ

Safe Sex

Photo : BBC

ဒါဟာ ယောကျ်ားကောင်းတစ်ယောက်မှန်ရင် လိုက်ကိုလိုက်နာသင့်တဲ့ ကျင့်ဝတ်တစ်ခုပါပဲ။ လုံခြုံစိတ်ချမှုရှိရှိ အချစ်ပင်လယ်ထဲမှာ ရွက်လွင့်တာဟာ ကိုယ့်ပါနာအပေါ် လေးစားမှုရှိတယ်ဆိုတာ ပြသရာရောက်သလို ကိုယ့်ကိုယ့်ကိုယ်လည်း တန်ဖိုးထားလေးစားတဲ့ ယောကျာ်းတစ်ယောက်ဆိုတာ ပေါ်လွင်စေပါတယ်။ ဒါကြောင့် ဆက်ဆံတိုင်းမှာ ကွန်ဒုံးအသုံးပြုပါ။ မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်ခြင်းနဲ့ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက အကာကွယ်အသုံးပြုခြင်း ဖြစ်ပါတယ်။

ပွေ့ဖက်ပါ

attractive young man

Photo : Freepik

ကိစ္စပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ဖို့ အလျင်မလိုပါနဲ့။ ကိုယ့်ပါတနာကို ပွေ့ဖက်ပြီး ကြင်နာမှုကို ဖော်ပြတာဟာ အိပ်ရာပေါ်မှာ လိုက်နာရမယ့် အရေးကြီးဆုံး ကျင့်ဝတ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကြင်ကြင်နာနာ ပွေ့ဖက်ပါ ၊ နွေးနွေးထွေးထွေး ဆက်ဆံပါ။

Featured Photo : Newsweek