အိပ်ရာပေါ်မှာ သာယာပျော်ရွှင်ဖွယ် အတွေ့အကြုံကို ခံစားချင်တယ်ဆိုရင်တော့ လိုက်နာရမယ့် အခြေခံ စည်းမျဉ်းတွေကို သိထားဖို့ လိုမှာပါ။ ကောင်းမွန်ပြည့်စုံတဲ့ လိင်မှုရေးရာအတွေ့အကြုံဟာ လူနှစ်ယောက်ရဲ့ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးကနေ ဆင်းသက်လာတယ်ဆိုပေမယ့်လို့ တစ်ခါတစ်လေမှာ မပြောသင့်တဲ့ စကားတွေဆိုတာ ရှိပါတယ်။ ယောကျာ်းလေးတစ်ယောက်အနေနဲ့ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ အမှန်တကယ် ဆန့်ကျင်ဘက် အမျိုးသမီးအပေါ် ဆွဲဆောင်နိုင်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ၊ သာယာရင်ခုန်ဖွယ် အထိအတွေ့ကို အပြည့်အဝပေးစွမ်းနိုင်ဖို့ အခုပြောပြမယ့် အချက်တွေကိုလည်း သတိထားရှောင်ကြဉ်ဖို့ လိုပါမယ်။ ဒါတွေကတော့ အိပ်ရာထက်မှာ အမျိုးသမီးတွေ ဘယ်တော့မှ မကြားချင်ဆုံး စကားတွေပါပဲ။

(၁) ရည်းစားဟောင်း နာမည် မှားခေါ်တာ

couple in bed

Photo : First Things First

အိပ်ရာပေါ်မှာ ယောင်လို့တောင် ရည်စားဟောင်း/ ချစ်သူဟောင်းရဲ့ နာမည်ကို မှားမခေါ်မိပါစေနဲ့။ ဒါဟာ ကွိုင်အကြီးကြီး တက်သွားစေနိုင်တဲ့ လုပ်ရပ်အမှားတစ်ခုပါ။ အိပ်ရာထဲမှာ တခြားအမျိုးသမီးတစ်ယောက်ရဲ့ နာမည်ကိုကြားရတာဟာ အမျိုးသမီးတိုင်းအတွက်တော့ အကြီးမားဆုံး အိပ်မက်ဆိုးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်ကို သေချာပေါက် ရှောင်ကြဉ်ဖို့ လိုပါမယ်။

(၂) အရွယ်အစားအကြောင်း နှိုင်းယှဉ်မေးမြန်းတာ

couple in bed

Photo : Pexels

အိပ်ရာပေါ်မှာ အမျိုးသမီး တစ်ယောက်ကို အင်မတန် စိတ်သက်တောင့်သက်သာ မရှိစေတဲ့ မေးခွန်းကတော့ အရင်လူရဲ့ အရွယ်အစားနဲ့ ပတ်သတ်ပြီး နှိုင်းယှဉ်မေးမြန်းတာပါပဲ။ ” မင်းရည်းစားဟောင်းရဲ့ ညီလေးဆိုဒ်က ဘယ်လောက်ကြီးလဲ ? ကိုယ့်ထက်ပို ကြီးလား ? မင်းရဲ့ရည်းစားဟောင်းထက် ကိုယ်ကပိုကြီးလား ? ” စသည်ဖြင့် အရွယ်အစား နှိုင်းယှဉ်ချက်တွေကို မေးခွန်းထုတ်နေမယ်ဆိုရင် သူမရဲ့စိတ်ကို အဆင်မပြေဖြစ်သွားစေနိုင်ပြီး လေးစားမှုမရှိတဲ့ မေးခွန်းတစ်ခုလည်းဖြစ်တဲ့အတွက် မပျော်မရွှင်ဖွယ် စိတ်ပျက်စရာ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပါတယ်။

(၃) ခန္ဓာကိုယ် အချိုးအစားကို ဝေဖန်ချက်ထုတ်တာ

couple in bed

Photo : Dr Vaidya’s

ကျွန်တော်တို့ အားလုံးဟာ ပြီးပြည့်စုံနေတဲ့ သူတစ်ယောက်မှ မရှိပါဘူး။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာမှာ လူတိုင်းလိုလို လိုအပ်ချက် အားနည်းချက်တစ်ခုစီတော့ ရှိကြစမြဲပါ။ အိပ်ရာပေါ်မှာ ကိုယ့်လက်တွဲဖော် ပါတနာရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သတ်ပြီး ဝေဖန်ချက်ထုတ်တာ ၊ မကောင်းပြောတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ သူမမှာ လိုအပ်ချက်ရှိနိုင်သလို ၊ ကိုယ့်မှာလည်း အားနည်းချက် တစ်ခုခုတော့ ရှိနေနိုင်တယ်ဆိုတာကို အမြဲသိထားရပါမယ်။

(၄) တစ်ကိုယ်ရည် သန့်ရှင်းမှုအပေါ် အကြံပြုတာ

couple in bed

Photo : Counseling Phoenix Scottsdale

အမျိုးသမီးတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ပတ်သတ်ပြီး အရမ်းကို အလေးထားကြပါတယ်။ ကွီးတို့အနေနဲ့ ဒါနဲ့ပတ်သတ်ပြီး အများကြီး အကြံပြုပြောကြားပေးဖို့ မလိုပါဘူး။ ဥပမာအားဖြင့် ” သူမရဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကို ပုံမှန်သန့်ရှင်းပေး သင့်တယ် ၊ အနံ့အသက်ကောင်းအောင် ဘာလုပ်သင့်တယ်” ဆိုတဲ့ အကြံပေးစကားတွေက သူမကိုပျော်ရွှင်စေမယ့်အစား စိတ်မလုံခြုံမှုနဲ့ ရှက်ရွံ့စိတ်တွေကိုပိုပြီး ဖြစ်သွားစေနိုင်ပြီး အိပ်ရာပေါ်မှာ ကောင်းမွန်တဲ့ ခံစားမှုတွေ အားလုံးပျက်စီး သွားနိုင်ပါတယ်။

(၅) တခြား အမျိုးသမီးတစ်ယောက်ကို ချီးမွမ်းတာ

couple in bed

Photo : Pexels

အိပ်ရာပေါ်မှာ သူမနဲ့အတူရှိနေချိန်မှာ တခြားအမျိုးသမီးတစ်ယောက်ကို ချီးမွမ်းခန်းဖွင့်တာမျိုး လုံးဝမလုပ်မိစေနဲ့။ ဒါဟာ ကွီးတို့ဘေးမှာ သူမရှိနေတာတောင် တခြားတစ်ယောက်ယောက်ကို တွေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။ သူမအပေါ် လေးစားမှုမရှိတဲ့ အပြုအမူတစ်ခုလည်းဖြစ်တာကြောင့် အိပ်ရာထက်မှာ ကိုယ့်လက်တွဲဖော်ပါတနာမဟုတ်တဲ့ တခြား အမျိုးသမီးတစ်ယောက်အကြောင်း ပြောဆိုတာ ၊ ချီးမွမ်းတာတွေကို ရှောင်ကြဉ်ဖို့ လိုပါမယ်။

Featured Photo : Relationships Australia NSW