လူနှစ်ဦး ဆက်ဆံရေးမှာ လိင်မှုကိစ္စဟာ အဓိကမဟုတ်ဘူးလို့ ပြောကြပေမယ့် သာယာပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်ဖို့ အတွက်တော့ လိင်ကိစ္စဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရတာ အမှန်ပါ။ လေ့လာမှုများစွာအရ ဆက်ဆံရေး ကောင်းမွန် ပျော်ရွှင်နေကြတဲ့ ချစ်သူစုံတွဲတွေဟာ တစ်ဦးအပေါ်တစ်ဦး လိင်စိတ်ကျေနပ်မှု ပြည့်ပြည့်ဝဝ ရရှိကြသလို အိပ်ရာထက်မှာ ကောင်းမွန်သာယာတဲ့ လိင်မှုဆိုင်ရာ ပုံမှန်အချိန်ဇယား တစ်ခုကို ပိုင်ဆိုင်ထားကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ကျန်းမာတဲ့ Healthy Relationship တစ်ခုရဲ့ လက္ခဏာတစ်ရပ်ဆိုလည်း မမှားဘူးပါဘူး။ စုံတွဲတွေ အနေနဲ့ အိပ်ရာပေါ် မှာ လိင်စိတ်ကျေနပ်မှု အပြည့်အဝ ရရှိဖို့နဲ့ သာယာကြည်နူးဖွယ် ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ ဒီဆောင်းပါးလေးကနေ တဆင့် သိထားရမယ့် လျို့ဝှက်ချက်လေးတွေကို မျှဝေပေးသွား ချင်ပါတယ်။

(၁) နှစ်ဦးကြား ရင်းနှီးမှု တည်ဆောက်ပါ

Couple cuddling in bed

Photo : Body+Soul

သင်နဲ့ သင့်ပါတနာကြားမှာ လိင်စိတ်ကျေနပ်မှု အပြည့်အဝ ရရှိပြီး အိပ်ရာပေါ် အမြဲသာယာနိုင်ဖို့ မဖြစ်မနေ လိုအပ်တဲ့ အရေးကြီးဆုံးအချက်က ရင်းနှီးမှုပါ။ လိင်စိတ်ဆိုတာဟာ လူနှစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုကနေတဆင့် ဆက်နွယ်ဖြစ်တည်လာတဲ့ ချစ်ခြင်းရဲ့ခံစားမှုတွေပါပဲ။ ဒါကြောင့် သင်နဲ့ သင့်ပါတနာကြားမှာ စိတ်ရောကိုယ်ပါ နီးနီးကပ်ကပ်ရှိပြီး ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားမယ်ဆိုရင် လိင်မှုကိစ္စမှာတင်မကဘဲ ပြင်ပဘဝမှာပါ ပျော်ရွှင်ကြည်နူးဖွယ် ဆက်ဆံရေးကို ရရှိပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

(၂) သိုင်းကျမ်းအသိတွေ ဖြည့်တင်းပါ

Couple cuddling in bed

Photo : Muscle & Fitness

လိင်ဆက်ဆံမှုဘဝကို မြှင့်တင်ပေးနိုင်မယ့် အချက်တစ်ခုကတော့ လိင်မှုရေးရာ အသိပညာပိုင်းမှာ ဗဟုသုတကြွယ်ဝနေအောင် ဖြည့်တင်းတာပါ။ လုံခြုံစိတ်ချရတဲ့ လိင်မှုရေးရာလှုပ်ရှားမှုတွေကစလို့ မတူညီတဲ့ ခံစားချက်အသစ်အဆန်းတွေအတွက် သိုင်းကွက်ဆန်းတွေ ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေနဲ့ မတူကွဲပြားတဲ့ လုပ်ဆောင်မှုလေးတွေကို လေ့လာထားမယ် ၊ သိုင်းကျမ်းအသိတွေ ဖြည့်တင်းထားမယ်ဆိုရင် အိပ်ရာပေါ် မှာ စိတ်လှုပ်ရှားပျော်ရွှင်စရာ အချိန်တွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး လိင်စိတ်ကျေနပ်မှုကို သင်ရော သင့်ပါတနာပါထပ်တူထပ်မျှ ရရှိမှာ သေချာပါတယ်။

(၃) ထိတွေ့မှုတွေကို ဦးစားပေးပါ

Couple cuddling in bed

Photo : Eco Health Lab

ချစ်တင်းနှော ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေဟာ အခရာပါပဲ။ လေ့လာမှုများစွာအရ ထိုးသွင်းဆက်ဆံမှုကပဲ အထွတ်အထိပ် ခံစားချက် အော်ဂဇင် ရရှိစေတာမဟုတ်ပါပဲ ၊ တစ်ဦးနဲ့တစ်ဦး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ ၊ ပွတ်သပ်အနမ်းအရှုံ့တွေကလည်း နှစ်ဦးသားရဲ့ စိတ်ခံစားချက်တွေကို ပြင်းထန်လာစေပြီး ရင်းနှီးပျော်ရွှင်မှု ၊ ကျေနပ်မှု စတဲ့ ခံစားမှုတွေကို တိုးပွားစေကာ သာယာတဲ့ အခိုက်အတန့်ကောင်းတစ်ခုကို ရရှိပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

(၄) အပြန်အလှန် ချီးမွမ်းစကားလေးတွေ ပြောပါ

Couple cuddling in bed

Photo : Freepik

လူတိုင်းမှာ အားနည်းချက်တွေဆိုတာ ရှိကြတာပဲ မဟုတ်လား ? အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ကိုယ့်ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး လိုအပ်ချက်တွေအပေါ် အားမလိုအားမရဖြစ်တာ ၊ ယုံကြည်မှုမရှိတာတွေဟာ အိပ်ရာပေါ် မှာ စိတ်မသက်မသာ ခံစားရစေနိုင်ပြီး လိင်စိတ်တက်ကြွမှုကို အားလျော့စေနိုင်ပါတယ်။ ဒါဟာ ချစ်တင်းနှော ချိန်မှာ ကောင်းမွန်တဲ့ စိတ်ခံစားချက် ၊ စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ ခက်ခဲသလို အထွပ်အထိတ် ခံစားချက်ရရှိဖို့လည်း နှောင့်နှေးကြန့်ကြာ နေတက်ပါတယ်။ ဒီအတွက်အကောင်းဆုံး‌ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချီးမွမ်းစကားလေးတွေ ပြောပေးတာပါ။ ရုပ်ပိုင်းဆိုင်ရာ ချီးမွမ်းစကားလေးတွေ ၊ စိတ်ကိုနှိုးဆွပေးမယ့် အချစ်စကားကြမ်းကြမ်းလေးတွေဟာ သင်ကိုယ်တိုင်ရော သင့်ပါတနာရဲ့ စိတ်ကိုပါ တွန်းအားဖြစ်စေနိုင်ပြီး သာယာကြည်နူးဖွယ် အချိန်ကောင်းတစ်ခုကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

Source : Web MD

Featured Photo : The List