အိပ် ရေး ပျက်ခြင်းသည် ကွီးတို့ရဲ့ ချစ်တင်းနှော ချင် စိတ် ကို ပျောက် ပျက်သွားစေပြီး ကွီးတို့ရဲ့ လိင်မှုဘဝကို ကမောက်ကမ ဖြစ်စေနိုင်တယ်ဆိုတာကို ကွီးတို့ သိပြီးပါပြီလား။ ဒီလိုမျိုး ဘာ့ကြောင့် ဖြစ်ရသလဲဆိုတာ ကွီးတို့ သိပါသလား။

ဘာ့ကြောင့်လဲဆိုတော့ အိပ်စက်ခြင်းသည် ကွီးတို့ရဲ့ ကျားဟော်မုန်းကို သဘာဝအတိုင်း မြင့်တက်လာအောင် လုပ်ဆောင်ပေးလို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ ကျားဟော်မုန်းကို သဘာဝအတိုင်း မြင့်မားလာတာမျိုး လိုချင်တယ် ဆိုရင်တော့ တစ်ညလျှင် ၇ နာရီမှ ၉ နာရီကြာ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

ကွီးတို့ အိပ်ရေး ဝဝ အိပ်စက်လေ ပိုဆက်စီကျလေပါပဲ

couple in bed

ကွီးတို့ အိပ်ရေး ဝဝ အိပ်စက် အနားယူတဲ့အခါ ကွီးတို့ အသားအရေက ပိုမို ကြည်လင်လာပြီး ကွီးတို့ ခါးက အဆီပိုတွေကလည်း တဖြည်းဖြည်း လျော့ကျသွားကာ စွမ်းအင်ပမာဏက တဖြည်းဖြည်း မြင့်တက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကွီးတို့ အိပ်ရေး ဝနေချိန်မှာ ပိုပြီး ဆက်စီကျနေတဲ့ ပုံစံကို ဖော်ပြနိုင်ပါလိမ့်မယ်။​

ဒီလိုမှ မဟုတ်ဘဲနဲ့ အိပ် ရေး ပျက်တဲ့ ညတွေ များလာတဲ့အခါ ချစ်တင်းနှော ချင် စိတ် ပျောက် သွားရုံသာမကဘဲ ကွီးတို့ ဆက်စီကျတာတွေလည်း လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသားအရေလည်း လှချင်တယ်၊ ခန္ဓာကိုယ်က အဆီပိုတွေလည်း လောင်ကျွမ်းပြီး ဆက်စီကျချင်တယ်ဆိုရင်တော့ အိပ်ရေး ဝဝ အိပ်စက် အနားယူဖို့ လိုအပ်ပါတယ်။​

အိပ်ရေး မဝတဲ့အခါ အာရုံ မစူးစိုက်နိုင်တော့ပါ

အိပ် ချစ်တင်းနှော စိတ်

ကွီးတို့ အိပ်ရေး မဝတဲ့အခါ အလုပ်မှာလည်း အမှားမှား အယွင်းယွင်းတွေ ပြုလုပ်နေမိပါလိမ့်မယ်။ အိပ်ရေး မဝတဲ့ အတွက်ကြောင့် အာရုံလည်း မစူးစိုက်နိုင်တော့ဘဲ လူက လေးလံထိုင်းမှိုင်းကာ ဘာမှ မလုပ်ချင် မကိုင်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ကွီးတို့သည် အလုပ်မှာ အရေးကြီးတဲ့ အပိုင်းတွေ တာဝန်ယူထားရတယ်ဆိုရင် အိပ်ရေး တဝ အိပ်စက် အနားယူဖို့ လိုအပ်ပါတယ်။

အိပ်ရေးဝဝ မအိပ်စက်ခြင်းက ကွီးတို့ရဲ့ သုတ်ပိုးအရေအတွက်ကိုလည်း လျော့ကျစေနိုင်

အိပ် ချစ်တင်းနှော စိတ်

အိပ်ရေး ဝဝ မအိပ်စက်ခြင်းက ကွီးတို့ရဲ့ ချစ်တင်းနှောချင်စိတ်ကို ပျောက်ပျက်စေရုံသာမကဘဲ ကွီးတို့ရဲ့ မျိုးအောင်နှုန်းကိုလည်း အတားအဆီးဖြစ်စေပါတယ်။ သုတေသန လေ့လာချက်များအရ အိပ်ရေး ဝဝ မအိပ်စက်တဲ့အခါ ကွီးတို့ရဲ့ သုတ်ပိုး အရေအတွက်က လျော့နည်းလာပြီး ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုးများကလည်း မျိုးအောင်ဖို့အတွက် အရည်အချင်း မပြည့်မှီဘူးလို့ သိရှိရပါတယ်။ ကိုယ်ခံအား နည်းတာမျိုးလည်း ကြုံတွေ့ရပါတယ်။ ဒါသည် အမျိုးသားမှ မဟုတ်ပါဘူး။ အမျိုးသမီးများလည်း ကလေးယူဖို့ စဥ်းစားနေတယ်ဆိုရင် အိပ်ရေး ဝဝ အိပ်စက် အနားယူဖို့ လိုအပ်ပါတယ်။

ကွီးတို့ စုံတွဲရော ကလေးယူဖို့ စဥ်းစားနေပြီလား။ ဒါဆိုရင်တော့ ညဘက်တွေမှာ အိပ်ရေး ဝဝ အိပ်စက် အနားယူဖို့ လိုအပ်နေပြီဗျို့။

Source: Mensjournal

Featured Image: Mensjournal