အိမ်ထောင်သည်ဘဝကို ရောက်သွားတာနဲ့ လက်သိုင်း ကျင့်စရာ မလိုတော့ဘူးဆိုတဲ့ အတွေးအခေါ်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။ တကယ်တော့ ကိုယ့်ပါတနာနဲ့ လိင်မှုကိစ္စ လုပ်ဆောင်တဲ့အခါ ပျော်ရွှင်ကျေနပ်မှု ၊ လိင်စိတ်သာယာမှုတွေကို ခံစားရသလိုပါပဲ တစ်ကိုယ်ရည် အာသာဖြေခြင်းကနေလည်း လိင်ဆက်ဆံခြင်းနဲ့ မတူတဲ့ လိင်မှုဆိုင်ရာ သာယာပျော်ရွှင်မှု ၊ ကျေနပ်ဖွယ် ခံစားချက်တွေကို ရရှိခံစားနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အိမ်ထောင်သည်တွေအနေနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ဘာကြောင့် လုပ်ဆောင်သင့်လဲဆိုတဲ့ အကြောင်းအရင်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) လိင်မှုဘဝ သာယာမှုကို တိုးစေတယ်

Masturbate
Photo : Marie Claire UK

အိမ်ထောင်သည်တွေအနေနဲ့ တစ်ကိုယ်တော် လက်သိုင်း ကျင့်တဲ့အခါ လိင်စိတ်သာယာ ပျော်ရွှင်မှုကို တစ်ကိုယ်တည်း ခံစားရနိုင်တာ မဟုတ်ပါဘူး။ တကယ်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကိုယ့်ရဲ့ နှစ်သက်မှု ၊ အကြိုက်တွေကို ပိုမိုသိရှိနားလည် စေနိုင်တဲ့အတွက် ကိုယ့်ပါတနာနဲ့ ချစ်တင်းနှောချိန်မှာ သင်နှစ်သက်တဲ့ နှိုးဆွမှုပုံစံတွေကို အပြန်အလှန် ဝေမျှနိုင်တာကြောင့် လက်တွဲဖော်နဲ့ပါ သာယာပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှု တိုးစေတယ်

Masturbate
Photo : New York Post

Masturbation ဆိုတာ Self Love ပါပဲ။ ကိုယ့်ခန္ဓာကိုယ်အကြောင်း ၊ ကိုယ့်ရဲ့နှစ်သက်မှု / စိတ်အားထက်သန်မှုတွေအကြောင်းကို ပိုပြီး သိရှိနားလည်ပြီး ကိုယ့်အတွက်ကိုယ် သာယာပျော်ရွှင်ဘယ်လို ပေးရမလဲဆိုတာကို သင်ပြပေးတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လက်သိုင်းကျင့်တာဟာ ကိုယ့်အကြောင်းကို ပိုသိပြီး ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှု တိုးပွားစေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။

(၃) အသစ်အဆန်းတွေ လုပ်ကြည့်ဖို့ တွန်းအားဖြစ်စေတယ်

Masturbate
Photo : Study Finds

ချစ်သူစုံတွဲတွေ ၊ အိမ်ထောင်သည်တွေအတွက် လိင်ကိစ္စဟာ အချိန်ကြာလာတာနဲ့အမျှ ရိုးအီငြီးငွေ့စရာ ဖြစ်လာတက်ပါတယ်။ Sex ဟာ လူ ၂ ယောက်ရဲ့ ဆက်ဆံရေးမှာ အဓိကကျတဲ့ အရာတစ်ခုမဟုတ်ပေမယ့်လည်း အခန်းကဏ္ဍတစ်စိတ်တစ်ပိုင်း တစ်ခုအနေနဲ့တော့ အရေးပါတာ အမှန်ပါ။ ပျင်းရိငြီးငွေ့ဖွယ် လိင်မှုဘဝကို ဖြတ်သန်းနေရတယ်ဆိုရင် အချိန်ကြာလာလေ တစ်ဦးအပေါ်တစ်ဦး အချစ်တွေ ၊ စိတ်ဝင်စားမှုတွေ လျော့လာနိုင်ပါတယ်။ တစ်ကိုယ်တော် လက်သိုင်း ကျင့်တဲ့ အခါမှာတော့ လိင်ကိစ္စနဲ့ ပတ်သတ်တဲ့ ဆန်းသစ်တဲ့ ခံစားချက်တွေ ၊ စိတ်ဝင်စားမှုတွေကို ပိုပြီး သိရှိလာနိုင်တဲ့အတွက် အသစ်သစ်သော New Things တွေကို Try ကြည့်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး မတူညီတဲ့ အတွေ့အကြုံအသစ်တွေကို ရှာဖွေလိုစိတ် တိုးစေမှာ ဖြစ်ပါတယ်။

Source : SheKnows

Featured Photo : LADbible