လင်နဲ့ မယား၊ လျှာနဲ့ သွား ဆိုသလိုပါပဲ။ အိမ်ထောင် တစ်ခုမှာ စိတ်သဘောထား မ တိုက်ဆိုင် တာတွေက ရှိတတ်ပါတယ်။ စိတ်သဘောထား မတိုက်ဆိုင်လို့ ရန်ဖြစ်တာကလည်း ပုံမှန်ပါပဲ။ ဒါပေမဲ့ ကွီးတို့ အိမ်ထောင် ကို ထာဝစဥ် တည်မြဲချင်တယ်ဆိုရင်တော့ စိတ်သဘောထား မ တိုက်ဆိုင် တာတွေကို အခုဖော်ပြမယ့် နည်းလမ်းများနဲ့ ညှိ နှိုင်းဖို့ လိုအပ်ပါတယ်။
အိမ်ထောင် တစ်ခုမှာ စိတ်သဘောထား မ တိုက်ဆိုင် တိုင်းသာ တစ်ကျက်ကျက် ရန်ဖြစ်နေမယ် ဆိုရင်တော့ ကွီးတို့ အိမ်ထောင်ရေးက အဆင်မပြေနိုင်ပါဘူး။
နှစ်ဦးသားစလုံး တာဝန်ယူပါ
တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့နေလို့ မပြီးပါဘူး။ ကွီးတို့ နှစ်ဦးသားစလုံးမှာ တာဝန်ရှိတယ်ဆိုတာကို သတိရသင့်ပါတယ်။ ကွီးတို့ စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ရှိပါတယ်။ ဒါက ဘယ်သူ့ကြောင့်ဖြစ်ရတာ ဘယ်ရာကြောင့် ဖြစ်ရတာစတာတွေနဲ့ တစ်ယောက်ကို တစ်ယောက် စကားနာ ထိုးမယ့်အစား နှစ်ဦးသားစလုံး တာဝန်ကို ခွဲဝေမျှယူတာက အကောင်းဆုံးပါပဲ။
အပြုသဘောဆောင်တဲ့ဘက်ကနေ ကြည့်ရှုတတ်ပါစေ
အကြောင်းအရာ တစ်ခုခုအပေါ်မှာ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံတွေ့လာရပြီဆိုရင် အပြုသဘောဆောင်တဲ့ ဘက်ကနေ ကြည့်ရှုပြီး ပြဿနာကို ဆွေးနွေးသင့်ပါတယ်။ အဆိုးမြင်စိတ်တွေ မွေးပြီး မကောင်းတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကွီးတို့ ကြားက ပြဿနာက ပိုပြီး စိတ်ညစ်စရာတွေပဲ တိုးလာမှာပါ။
တစ်ယောက်ကို တစ်ယောက် မတိုက်ခိုက်ပါနဲ့
ပြဿနာ တစ်ခု ကြုံလာတဲ့အခါ ကွီးတို့သည် ပြဿနာကို အတူတူ ရင်ဆိုင် တိုက်ခိုက်ရမှာပါ။ တစ်ယောက်ကို တစ်ယဗာက် တိုက်ခိုက်ရမှာမဟုတ်ပါဘူး။ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံလာတဲ့အခါ ချက်ချင်းပဲ ရင်ဆိုင် ဖြေရှင်းလိုက်ကြဖို့ လိုပါတယ်။ နို့မဟုတ်ရင် စိတ်ထဲက အစိုင်အခဲက တဖြည်းဖြည်း ကြီးလာပြီး ကွီးတို့ အိမ်ထောင်ရေးကို ဝါးမြိုသွားပါလိမ့်မယ်။
ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံပါ
အိမ်ထောင်တစ်ခုမှာ အရေးအကြီးဆုံးကတော့ တစ်ယောက်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံတတ်ဖို့ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာတွေ့သွားပြီး နှစ်ဦးသားစလုံးအတွက် ပျော်ရွှင်စရာတွေ များလာမှာပဲ ဖြစ်ပါတယ်။
တစ်ယောက်ကိုတစ်ယောက် မထီမဲ့မြင် မပြုပါနဲ့
တစ်ယောက်က တစ်ခုခုကို မသိတဲ့အခါမှာ နှိမ်ပြီး ပြောဆိုတာမျိုးမဟုတ်ဘဲ ဖေးမဖို့ လိုအပ်ပါတယ်။ ဒါလေးကို မသိရကောင်းလားဆိုပြီး ဖိနှိပ်တာမျိုး၊ မထီမဲ့မြင် ပြုတာမျိုး မလုပ်သင့်ပါဘူး။ ကွီးတို့ အိမ်ထောင်ရေးအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
စိတ်သဘောထား မတိုက်ဆိုင်တာနဲ့ ရန်သူ ဖြစ်မသွားပါဘူး
ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ကွီးတို့ စိတ်နှလုံးထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုအပ်ပါတယ်။ စိတ်သဘောထား မတိုက်ဆိုင်တာနဲ့ပဲ ကွီးတို့ နှစ်ယောက် ရန်သူတွေ ဖြစ်မသွားပါဘူး။ အိမ်ထောင်တစ်ခုမှာ ကွီးတို့ နှစ်ယောက်သည် အသင်းအဖွဲ့အဖြစ် အပေးအယူမျှနေဖို့ လိုအပ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမရင်း မလိုလားအပ်တဲ့ ပြဿနာများကို ဖြေရှင်းကာ အကောင်းဆုံး အတွဲညီညီ လုပ်ဆောင်သွားဖို့က အရေးအကြီးဆုံးပါပဲ။
ကွီးတို့ရော အိမ်ထောင် တစ်ခုမှာ သဘောထား မ တိုက်ဆိုင် တာတွေကို ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။
Source: Marcandangel.com
Featured Image: Mattandkellycoaching.com