လိင်မှုကိစ္စမှာ တစ်ခါတစ်ရံ မတူညီတဲ့ ဆန်းသစ်မှု အသစ်အဆန်းလေးတွေ Try ကြည့်ဖို့ လိုပါတယ်။ နှစ်ဦးသားရဲ့ ရင်ခုန်ချင်း ချစ်ခြင်းသံစဉ်တွေကို အရှိန်တင်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုက နယ်မြေသစ်တွေ ရှာဖွေတာပါပဲ။ ပုံမှန် အိပ်ရာထဲမှာ လိင်ဆက်ဆံရတာဟာ ရိုးကောင်းရိုးပြီး ငြီးငွေ့စရာ ဖြစ်ကောင်းဖြစ် နေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အိမ်ထဲမှာပဲ ချစ်တင်းနှောလို့ အကောင်းဆုံး နယ်မြေသစ် ၊ နေရာအသစ်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) အဝတ်လျှော်စက်အပေါ်
Photo : CNET
အနည်းငယ်တော့ ကြောင်တောင်တောင် နိုင်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ အဝတ်လျှော်စက်ဟာ တုန်ခါမှုကို ပေးနိုင်တဲ့အတွက် လိင်ဆက်ဆံရာမှာ မတူညီတဲ့ ခံစားမှု အရသာအသစ်တွေကို ခံစားရရှိစေနိုင်တယ်လို့ ဆိုပါတယ်။
(၂) မီးဖိုချောင်
Photo : Freepik
အစားအသောက်ချက်ပြုတ်တဲ့ မီးဖိုချောင်နေရာဟာ လိင်ဆက်ဆံဖို့အတွက် အကောင်းဆုံး အချစ်ရဲ့နယ်မြေတစ်ခုဆိုတာ လူတော်တော်များများ မခန့်မှန်းမိကြပါဘူး။ တကယ်တော့ Kitchen နေရာဟာ နွေးထွေးပြီး လိင်စိတ်ခံစားမှု အမြင့်ဆုံး ရနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။
(၃) မှန်တွေအရှေ့
Photo : Bigstock
ကိုယ်လုံးပေါ် မှန်တွေအရှေ့မှာ ချစ်တင်းနှောခြင်းဟာလည်း အင်မတန်ထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရတဲ့ ရှင်းလင်းတဲ့ မြင်ကွင်းပုံရိပ်တွေဟာ နှစ်ဦးသားရဲ့လိင်စိတ်ဆန္ဒကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်ပါတယ်။
(၄) ရေချိုးခန်း
Photo : Westend61
Lovehoney ရဲ့ စစ်တမ်းတစ်ခုအရ ရေချိုးခန်းဟာ အိပ်ရာပြီးရင် စုံတွဲတွေရဲ့ လိင်ဆက်ဆံမှု အများဆုံး နေရာတစ်ခုလို့ ဆိုပါတယ်။ ၈၉ ရာခိုင်နှုန်းသော စုံတွဲတွေဟာ လိင်စိတ် ခံစားမှုအသစ်အဆန်းတွေကို ခံစားရရှိနိုင်ဖို့ ရေချိုးခန်းကိုအသုံးပြုပြီး အချစ်နယ်ကျွံ ကြပါတယ်။
(၅) တီဗီအရှေ့
Photo : Business Wire
ချစ်သူနှစ်ဦးသား တီဗီဖန်သားပြင်ပေါ်မှာ ချစ်ခန်းကြမ်းခန်းတွေပါတဲ့ Erotic ရုပ်ရှင်တွေ ၊ 18+ တီဗီရှိုးတွေကို အတူတူကြည့်ပြီး ရုပ်ရှင်ထဲကအတိုင်း ချစ်တင်းနှောရတာကလည်း တကယ်ကို ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်ကို ရရှိခံစားနိုင်ပါတယ်။
ကွီးတို့ရော ဘယ်နေရာတွေက ချစ်စခန်းဖွင့်ဖို့ အကောင်းဆုံး နယ်မြေတွေ ဖြစ်မယ်ထင်ပါသလဲ???
Featured Photo : Pexels