သင့်ရဲ့ ချစ်သူနဲ့ ဒိတ်ဖို့ဆိုပြီး ဈေးကြီးတဲ့စားသောက်ဆိုင်တွေကို တစ်ချိန်လုံးခေါ်သွားဖို့မလိုပါဘူး။ ကိုယ့်အိမ်မှာပဲ ရိုမန့်တစ်ဆန်ဆန်နဲ့ ဒိတ်လို့ရတဲ့ နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။

ကိုယ့်အိမ်မှာပဲ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ဒိတ်ကာ ပျော်ရွှင်ကြည်နူးမှုကို ခံစားချင်တဲ့ စုံတွဲများအတွက် အိုင်ဒီယာ ကောင်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ဟင်းလျာအတူတူ ချက်ပြုတ်ပါ

Home Date Night Ideas for Men

မီးဖိုချောင်ထဲမှာ နှစ်ယောက်တည်း ထမင်း၊ ဟင်း အတူတူချက်ပြုတ်ခြင်းသည်လည်း နည်းလမ်းကောင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအတူတူချက်ပြုတ်တဲ့အခါ ဘယ်သူက တော်တဲ့စားဖိုမှူးလည်းဆိုတာ အချင်းချင်းသိသွားကြပါလိမ့်မယ်။

စုံတွဲလိုက်ပြုလုပ်ချင်တဲ့ အရာတွေ ချရေးပါ

Home Date Night Ideas for Men

စုံတွဲလိုက် ခရီးထွက်ချင်တာမျိုး၊ ပရဟိတအလှူအတန်း ပြုလုပ်ချင်တာမျိုး အစရှိတဲ့ Bucket List လေးတွေကို ချရေးထားပါ။ ထို့နောက် ဘယ်နေ့မှာ အတူတူပြုလုပ်ချင်သလဲ။ သူအားတဲ့ရက်၊ ကိုယ်အားတဲ့ရက်တွေကို ရှာဖွေကာ ရက်သတ်မှတ်ထားလိုက်ပါ။

ဂိမ်းတွေ အတူတူဆော့ကစားပါ

Home Date Night Ideas for Men

တစ်ခါလာလည်း ချစ်တဲ့အကြောင်းတွေ၊ နောက်တစ်ခါလာလည်း ချစ်တဲ့အကြောင်းတွေချည်းပဲ အပ်ကြောင်းထပ်နေရင် ကြာလာတဲ့အခါ ပျင်းရိငြီးငွေ့သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဂိမ်းလေးတွေ အတူတူဆော့ရင်း ပျော်ရွှင်မှုကို အတူတူဖန်တီးနိုင်ပါတယ်။

DIY လေးတွေ အတူတူပြုလုပ်ပါ

Home Date Night Ideas for Men

ကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ ဘယ်လိုပစ္စည်းတွေ ဆောက်လုပ်ချင်သလဲ။ အမိုက်စား စာအုပ်စင်လား။ မှန်တင်ခုံလား၊ စားပွဲခုံလေးလား စတဲ့ ဒီဇိုင်းအိုင်ဒီယာလေးတွေထုတ်ကာ DIY အိမ်တွင်းမှုလေးတွေ အတူတူ ပြုလုပ်ဖန်တီးကြည့်လိုက်ပါ။ နှစ်ယောက်သား အပေးအယူမျှလား မမျှဘူးလားဆိုတာ တွေ့ရပါလိမ့်မယ်။

ဝါသနာအသစ် အစပြုပါ

Home Date Night Ideas for Men

နှစ်ယောက်သားတစ်ခါမှ မစမ်းဖူးတဲ့ ဝါသနာအသစ်မျိုး စမ်းကြည့်လိုက်ပါ။ အိမ်ကို ပြန်လည်အလှဆင်တာမျိုး၊ အွန်လိုင်းကနေ ဟင်းချက်သင်တန်းကြည့်ကာ သင်ယူပြီးနောက် ကိုယ့်ဘာသာ ပြန်လည်ချက်ပြုတ်ခြင်း၊ စာဖတ်အသင်း ထောင်ခြင်း၊ ပန်းချီဆွဲခြင်း အစရှိတဲ့ ဝါသနာအသစ်အဆန်းများကို အတူတူပြုလုပ်ကာ ပျော်ရွှင်မှုကို ရယူလိုက်ပါ။

အိမ်တွင်း ပျော်ပွဲစားလေး ဖန်တီးပါ

Home Date Night Ideas for Men

အပြင်မှာ ပျော်ပွဲစား ပြုလုပ်ရတဲ့အခါ လမ်းခရီးရှည်ရင် ရှည်တဲ့အလျောက် ပင်ပန်းနိုင်ပါတယ်။ အိမ်ထဲမှာပဲ ပျော်ပွဲစားပြုလုပ်တဲ့အခါ ရာသီဥတုက မိုးရွာရွာ၊ နေပူပူ ဂရုစိုက်စရာမလိုပါဘူး။ အိမ်တွင်းရှိ ဆိုဖာများကို ဖယ်ရှားကာ မြက်ခင်းအတူလေး ဖန်တီးပြီး နှစ်ယောက်အတူတူ ပျော်ပွဲစားထွက်လိုက်ရုံပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အိုင်ဒီယာတွေထဲက ဘယ်အိုင်ဒီယာကို စိတ်ထဲအတွေ့ဆုံးဖြစ်မလဲ။

Source: Nextluxury.com

Featured Image: Nextluxury.com