တစ်ခါတစ်ခါ အိမ် အလှဆင် တဲ့အခါ မကုန်ဘူးဆို အနည်းဆုံး ၁ သိန်းလောက်ကတော့ ကုန်တာပါပဲ။ ဒါတောင် ဈေးအနည်းဆုံး လက်ခအနည်းဆုံးကို တွက်ထားတာပါ။ ကျွမ်းကျင်ပညာရှင် လက်ထဲ အပ်ရင် အပ်သလောက် အကုန်အကျလည်း ပိုများနိုင်ပါတယ်။

ဒါပေမဲ့ ကွီးတို့ကိုယ်တိုင် ဖန်တီးပြင်ဆင်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျ နည်းနည်းလေးနဲ့ ကိုယ့်ရဲ့ အိမ် ကို အလှဆင် နိုင်မှာ အသေအချာပါပဲ။ အားလပ်ရက်ရှည်လေးတွေ ရတဲ့အခါ အိမ်မှာ ပျင်းလာပြီဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ ကွီးတို့ရဲ့ အိမ်ကို အလှဆင်နိုင်ပါတယ်။ ဒါဆိုရင်တော့ ပစ္စည်းဖိုးပဲ ကုန်တော့မှာပါ။ ကိုယ့် စိတ်တိုင်းကျတဲ့ပုံလည်း ထွက်လာမှာ အမှန်ပါပဲ။

ဧည့်ခန်းကို အလှဆင်မယ်

decoration

ဒီလို ချိတ်ဆွဲထားတဲ့ အိုင်ဒီယာလေးကတော့ ကွီးတို့ရဲ့ ဧည့်ခန်းမှာ အလှဆင်လို့ရပါတယ်။ လိုအပ်မယ့် ပစ္စည်းများကတော့ နံရံရိုက် သံ တစ်ချောင်း၊ သစ်သားပြားတစ်ပြားနှင့် ခိုင်ခံ့တဲ့ ကြိုးတို့ လိုအပ်မှာဖြစ်ပါတယ်။ သစ်သားပြားကို ဧည့်ခန်းနံရံအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်မျိုး ရွေးချယ်ပါ။ ထို့နောက် သေသေချာချာ ရွှိုင်းထားလိုက်ပါ။ ပြီးရင်တော့ သစ်သားပြားကို ကြိုးအတွက် အပေါက် ဖောက်ပါ။ ထို့နောက် သံကို နံရံမှာ ရိုက်မှာ ချိတ်ဆွဲထားလိုက်ရုံပါပဲ။

အိပ်ခန်းထဲမှာ အလှဆင်နိုင်တဲ့ သစ်သားလှေကား

diy ladder

ဒီလိုမျိုးကို အပြင်မှာ ဝယ်မယ်ဆိုရင် ၄ သောင်းကနေ ၈ သောင်းလောက်အထိ ရှိပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်း အနည်းငယ်ကို ကိုယ့်ဘာသာကိုယ် ဝယ်ပြီး ပြင်ဆင်လိုက်မယ်ဆိုရင် ၁ သောင်းကျော်ကျော်နဲ့တင် ပွဲသိမ်းသွားမှာပါ။ ရလာတဲ့ လှေကားငယ်ကို စောင်တွေ၊ သဘက်တွေ လွှားထားကာ ကိုယ့်ရဲ့ အိပ်ခန်းကို သပ်သပ်ခပ်ခပ်လေးဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။

အိမ်ရှေ့မှာ အလှဆင်နိုင်တဲ့ ခုံတန်းငယ်

အိမ် အလှဆင်

ဒီခုံလေးကို ကွီးတို့ရဲ့ အိမ်ရှေ့ ခြံဝန်းထဲမှာ ထားထားပြီး အနားယူလို့ရတဲ့ နေရာအဖြစ် ထားမလား။ ဒါမှမဟုတ် ဝရန်တာနားမှာ ထုတ်ထားပြီး အိမ်ရှေ့က ရှုခင်းကို ကြည့်ချင်သလား။ ကွီးတို့ စိတ်ကြိုက် အသုံးပြုနိုင်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ စားပွဲခုံ အရွယ်အစား အကြီး အသေးကိုတော့ ကွီးတို့စိတ်ကြိုက် ချိန်ညှိကာ ပြုလုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ အလုပ်စားပွဲကို ရှုပ်ပွမနေအောင် ဒီလိုပြုလုပ်ပါ

အိမ် အလှဆင်

မျက်နှာချင်းဆိုင် နံရံကို အလွတ်ထားမယ့်အစား အခုလို မြေပုံလေးထားပြီး အလှဆင်တာမျိုး၊ ဒါမှမဟုတ် ကိုယ့်ကို စိတ်ခွန်အားပေးမယ့် စာသားတစ်ခုခု ကပ်ထားကာ အလှဆင်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။ ပစ္စည်းပစ္စယများကိုလည်း စားပွဲပေါ်မှာ ဖြန့်ကျက်မထားဘဲ သူ့နေရာနဲ့သူ အမျိုးအစား တူရာ တူရာစုထားပြီး သိမ်းထားမယ်ဆိုရင်လည်း သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

မီးခလုတ်များကို အလှဆင်မယ်

အိမ် အလှဆင်

အရင်ဦးဆုံး အဝတ်စလေးကို မီးခလုတ် အပေါက်အတိုင်း ဖြတ်ညှပ်ထားလိုက်ရပါမယ်။ ပြီးသွားရင်တော့ အဝတ်စကို မီးခလုတ်အပေါ်နဲ့ ကပ်သွားအောင် ကပ်ထားလိုက်ပါ။ အနားသပ်များကိုလည်း သေသေချာချာ အထဲသို့ လိပ်ထည့်ကာ ကော်ဖြင့် ကပ်လိုက်ပါ။

အိမ် အလှဆင်

ကော်ခြောက်သွားတဲ့အခါမှာတော့ မီးခလုတ်ပေါ်မှာ မူလီသေချာပြန်တပ်ကာ သေသေချာချာ အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ မီးခလုတ်က လှလှပပလေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်အိမ်ကို အလှဆင်ဖို့ ဘယ်လို DIY နည်းလမ်းများနဲ့ အလှဆင်လေ့ရှိပါသလဲ။

Featured Image: Thecoolist