ရော်ဘင် ဗန်ပါစီ ဟာ အဲရစ် တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြန်လည်ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းကို ငြင်းပယ်ခဲ့ပါတယ်။

Ajax Boss Ten Hag

Photo: Sky Sports

မန်ချက်စတာ ယူနိုက်တက်ဟာ အသက် ၅၂ နှစ်အရွယ် ဒတ်ချ်လူမျိုးနည်းပြကို ၎င်းတို့ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုဖို့ အလွန်နီးစပ်နေတဲ့အခြေအနေမှာ ရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအပေါ် စိတ်ဝင်စားမှု မရှိတော့တာဖြစ်ပါတယ်။ တရားဝင် ကြေညာချက်ဟာ သိပ်မကြာခင်အချိန်အတွင်း ထွက်ပေါ်လာမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး အဲရစ် တန်ဟက်ဂ်ဟာ ၎င်းရဲ့ နည်းပြအဖွဲ့ဝင် ဖွဲ့စည်းပုံကို စိတ်ကြိုက် ထိန်းချုပ်ခွင့်ရထားတာကြောင့် ဖွဲ့စည်းပုံကို စတင်စဉ်းစားနေပြီဖြစ်ပါတယ်။

Robin Van Persie

Photo: Massesmedia

ESPN ရဲ့ ဖော်ပြချက်အရ ဗန်ပါစီနဲ့ မကြာသေးမီက ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းက တန်ဟက်ဂ်နဲ့ အလုပ်တွဲလုပ်ရမယ့်အခွင့်အရေးကို ငြင်းပယ်ပြီး ဖီယင်နုအသင်းမှာပဲ ဆက်လက် ရှိနေတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဗန်ပါစီဟာ လက်ရှိ တာဝန်ယူထားရတဲ့ ကဏ္ဍနဲ့ပတ်သက်ပြီး ကျေနပ် အားရနေသလို အသင်းရဲ့ လူငယ်အကယ်ဒမီမှာ ၎င်းရဲ့ ဆယ်ကျော်သက် သားဖြစ်သူ ရှာကူရယ်က ခြေစွမ်းပြသနေတာကြောင့် ဖီယင်နုအသင်းကို စွန့်ခွာချင်စိတ်မရှိတာဖြစ်ပါတယ်။

Erik ten Hag has emerged as Manchester United's chosen candidate to lead the club into the new era

Photo: Sky Sports

တန်ဟက်ဂ်ဟာ မန်ချက်စတာယူနိုက်တက် ကစားသမားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ရမယ့် နေရာကို သတ်မှတ်ထားပြီးဖြစ်တာကြောင့် အိုင်းယက်စ် ကြံ့ခိုင်ရေးနည်းပြ မစ်ရှဲ ဗန်ဒါ ဟက်ကိုပါ အိုးထရက်ဖို့ဒ်ကို တစ်ပါတည်း ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်နောက်ခံလူဟောင်း စတမ်းကလည်း တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်လာဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ဖူးတဲ့ စတိဗ် မက္ကလာရင်က နည်းပြအဖွဲ့ဝင်နေရာအတွက် ရေပန်းစားနေတာဖြစ်ပါတယ်။

Featured Photo: Metro