ယနေ့မှာ အောင်မြင်နေသူတွေကို ကြည့်လိုက်ပါ။ အကုန်လုံးက နေ့ချင်းညချင်း လွယ်လွယ်ကူကူ အောင်မြင်လာကြတာမဟုတ်ပါဘူး။ ၎င်းတို့ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့ အရာတွေ ရှိပါတယ်။ လူတိုင်းက အောင်မြင်တိုးတက်ချင်တယ်ဆိုတာ အသေအချာပါပဲ။ သို့သော်လည်း လူတိုင်းက အောင်မြင်နေတာ မဟုတ်တာကို တွေ့ရမှာပါ။ ကွီးတို့ သတ်မှတ်ထားတဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် အောင်မြင်ဖို့ဆိုရင် မှန်ကန်သော ခြေလှမ်းနဲ့ ရှေ့ဆက်လှမ်းဖို့ အရေးကြီးပါတယ်။ ဒီနေ့မှာတော့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ရှိစမြဲ ဖြစ်တတ်တဲ့ အချက်တွေကို ဝေမျှပေးချင်ပါတယ်။

ကြိုးစားမှု အပြည့်အဝရှိခြင်း

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ

Photo : Linked In

အောင်မြင်နေသူ တော်တော်များများရဲ့ တူညီတဲ့ အချက်ကတော့ ကြိုးစားအားထုတ်မှု အပြည့်အဝရှိခြင်းပါပဲ။ ၎င်းတို့က မကြိုးစားဘဲနဲ့ ဘယ်အရာမှ မရနိုင်ဘူးဆိုတာကို သဘောပေါက်လက်ခံကြပါတယ်။ ကိုယ်လိုချင်တဲ့ အရာကို ရောက်ရှိဖို့အတွက် ကြိုးစားခြင်းက မဖြစ်အနေလိုအပ်ပါတယ်။ ဘယ်အရာကိုမဆို တိုးတက် အောင်မြင်မှုကိုလိုချင်ရင် စိတ်အားထက်သန်မှုရှိပြီး ကြိုးစားရပါမယ်၊ ဘဝ တိုးတက်ပြောင်းလဲမှု၊ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ပြီးတော့  ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ  ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။

ကျရှုံးမှုကနေ သင်ယူတတ်ခြင်း

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ

Photo : Shut Up and Achieve

အတိတ်မှာ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေကို ယနေ့ခေတ် အောင်မြင်နေသူတိုင်း ကြုံခဲ့ရဖူးမှာပါ။ ကျရှုံးမှုတွေဆိုတာ အောင်မြင်မှုရဖို့ ပေးဆပ်ရတဲ့ လှေကားထစ်တွေဆိုလည်း မမှားပါဘူး။ အဓိကကတော့ အမှားတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ထိုအမှားတွေထဲမှာ ပိတ်မိပြီး စိတ်ဓာတ်ကျနေတာမျိုး ဖြစ်မနေဖို့ပါပဲ။ အောင်မြင်ချင်သူတိုင်းက ထိုအမှားကနေ သို့မဟုတ် ကျရှုံးမှုကနေ သင်ယူတယ်၊ ပြင်ဆင်တယ်၊ ပြီးနောက် မိမိလိုချင်တဲ့ အောင်မြင်မှုဆီရောက်အောင် တစိုက်မတ်မတ်လျှောက်လှမ်းသွားနိုင် ကြပါတယ်။

အချိန်ကို လေးစားတန်ဖိုးထားခြင်း

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ

Photo : TouchArcade

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ အချိန်ကိုလေးစားတန်ဖိုးထားခြင်းက အမှန်တကယ်ကို ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အချိန်မလေးစားမှုနဲ့  လုပ်ဆောင်စရာများကို အချိန်ဆွဲခြင်းတို့ကြောင့် ထိုက်သင့်သလောက် အောင်မြင်မရတာမျိုး ဖြစ်တတ်ပါတယ်။ မိမိ လုပ်ဆောင်စရာရှိတဲ့အရာများကို အချိန်မဆွဲပဲ လုပ်ဆောင်ပါ။ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ အမေရိကန် စွန့်ဦးတီထွင်သူ ၊ စီးပွားရေးလုပ်ငန်းရှင် ၊ မီဒီယာပိုင်ရှင် နှင့် ရင်းနှီးမြှုပ်နှံသူ Steven Jobs ဟာ “မင်းရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့”ဟူ၍ အချိန်နဲ့ ပတ်သတ်ပြီး အလေးထားသင့်ကြောင်း စကားဆိုခဲ့ပါတယ်။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။

ကိုယ့်ကိုယ်ကို အမြဲ ပြန်လည်သုံးသပ်ခြင်း

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ

Photo : Rambus

ဘဝ မှာ အောင်မြင်မှု ရချင်ရင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းဟာမှန်ရဲ့လား။ ကိုယ်ရဲ့ လိုအပ်ချက်တွေက ဘာပါလဲ။ ဘယ်လိုနည်းလမ်းက မိတ်ဆွေတို့အတွက် ပိုပြီး အကျိုးရှိစေမလဲ စသည်ဖြင့် အမြဲသုံးသပ်ဖို့လိုပါတယ်။ လိုအပ်သေးလျှင် ထပ်ကြိုးစားပါ။ မှားနေလျှင် အချိန်မှီပြုပြင်ပါ။ မိမိကိုယ်တိုင်ထက် ဘယ်သူမှ ပိုမသိနိုင်ပါ။

စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခြင်း

Photo : Uneecops

လူတော်တော်များများက ကိုယ့်အတွက်အဆင်ပြေနေတဲ့ နေရာတစ်ခုကနေ စိန်ခေါ်မှုတွေ၊ ရုန်းကန်ရမှုတွေ၊ ကြိုးစားအားထုတ်မှုမလုပ်ချင်ကြတော့ဘဲ သက်တောင့်သက်သာ နေချင်ကြပါတော့တယ်။ ဒါက အမှန်တကယ်တော့ ကွီးတို့ကို အောင်မြင်မှုလမ်းကြောင်းကနေ သွယ်ဖယ်သွားစေမယ့် အဓိကအချက်ပါ။ ဒါ့ကြောင့် စိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေကို မကြောက်ပါနဲ့၊ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။

ယုံကြည်မှုရှိခြင်း

Photo : Gent

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ ကိစ္စတစ်ခုကို လုပ်ဆောင်တဲ့အခါမှာ အောင်မြင်ဖို့ အခွင့်အလမ်းနည်းကာ ကျရှုံးမှုဆီကို ဦးတည်သွားနိုင်ပါတယ်။ ဘက်ပေါင်းစုံက အောင်မြင်တဲ့သူတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လက်ရှိအနေအထားကို လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ လိုချင်တဲ့ အရာရာကို ရယူပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက တကယ်ကို အရေးပါပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲနဲ့ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်သလို အောင်မြင်တိုးတက်မှုကိုလည်း မရနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ပါ။

သင်ယူလိုစိတ်ရှိခြင်း

Photo : Medium

အောင်မြင်ပြီးတဲ့ လူတိုင်းလိုလိုကို ကြည့်လိုက်ရင် အမြဲသင်ယူလေ့လာလိုစိတ်တွေနဲ့ ပြည့်နေတာကို တွေ့ရပါလိမ့်မယ်။ ၎င်းတို့ဟာ မအောင်မြင်ခင်အချိန်ကတည်းက သိလိုတဲ့အရာတစ်ခုအတွက် မေးခွန်းများစွာ မေးတတ်ကြပါတယ်လို့ ဆိုပါတယ်။ ကွီးတို့အနေနဲ့လည်း လုပ်နေတဲ့ အလုပ်တစ်ခုဖြစ်စေ၊ ကြီးကြီးမားမား အောင်မြင်ဖို့ဆိုရင် အမြဲသင်ယူလေ့လာလိုစိတ် ပြင်းထန်နေဖို့လိုပါတယ်။ သိလိုသမျှကို အတွေ့အကြု့ရှိပြီးသား လူတွေထံ မေးမြန်းပါ။ ဘယ်တော့မှ သင်ယူလေ့လလာလိုစိတ်၊ သိချင်စိတ်ကို မရပ်တန့်လိုက်ပါနဲ့။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကတော့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အကြောင်းတရားတွေပါပဲ။ ကွီးတို့လည်း အောင်မြင်ချင်တဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းချင်တယ်ဆိုရင် ဒီအချက်တွေနဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ပါ။

Featured Photo : Vista Create