အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် နောင်မှ နောင်တ အကြီးအကျယ်ရတဲ့ အဖြစ်မျိုး မကြုံချင်ဘူးဆိုရင်တော့ လိုက်နာရမှာက တစ်ခုတည်းပါပဲ။ ထိုအချက်ကတော့ ကွန်ဒုံးအသုံးပြုခြင်းပဲဖြစ်ပါတယ်။ လိင်ဆက်ဆံနေချိန်မှာ ဦးထုပ် ဆောင်းခြင်းအားဖြင့် ကွီးတို့အတွက် ကောင်းကျိုး တွေချည်းပဲ ကျန်ခဲ့မှာပါ။

ကွီးတို့ရော ဦးထုပ် ဆောင်းရင် ဘယ်လို ကောင်းကျိုး တွေ ရရှိမလဲဆိုတာကို သိပြီးပါပြီလား။

ကွန်ဒုံးများသည် လိင်မှတဆင့် ကူးစက်တတ်တဲ့ STD ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း

ဦးထုပ် ကောင်းကျိုး

လိင်ဆက်ဆံနေချိန်မှာ ကွန်ဒုံး အသုံးပြုတဲ့အခါ HIV ရောဂါ၊ ကာလသားရောဂါ အစရှိတဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ကြိမ်လောက် သတိလက်လွတ်ဖြစ်သွားရုံနဲ့တင် အလွယ်တကူ ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် အကာအကွယ် အသုံးပြုခြင်းကို မမေ့မလျော့ အသုံးပြုဖို့ လိုအပ်ပါတယ်။

ဈေးသက်သာပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း

ဦးထုပ် ကောင်းကျိုး

အကာအကွယ် ဦးထုပ်များကို စတိုးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းလည်း သက်သာတဲ့အတွက်ကြောင့် မိမိကျန်းမာရေးကို ဦးစားပေးတဲ့အနေနဲ့ ထိုပစ္စည်းကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။ တကယ်လို့ ကွီးတို့က လူကိုယ်တိုင် ဝယ်ရမှာ ရှက်တယ်ဆိုရင်တော့ အွန်လိုင်းကနေလည်း ဝယ်ယူရရှိနိုင်ပါသေးတယ်။

ဆက်စီကျတဲ့ ယောကျာ်းတစ်ယောက်ဖြစ်အောင် ကူညီပေးခြင်း

man using condom

ကာကွယ်မှုကလည်း လိုအပ်သလို ကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ ကံကောင်းချင်တော့ ကွန်ဒုံးက ထိုအရာနှစ်မျိုးစလုံးကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ကို ပိုမိုဆက်စီကျတဲ့ အမျိုးသားတစ်ယောက် ဖြစ်အောင်လည်း ကူညီပေးပါသေးတယ်။ တကယ်လို့ ကွီးတို့က အလွှာခြားရင် ကမ္ဘာခြားသလို ခံစားရတယ်လို့ မခံစားရဖို့အတွက် ကွန်ဒုံးအမျိုးအစားမျိုးစုံကို ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါသေးတယ်။

ကိုယ်ဝန်တားနည်းများအားလုံးထက် အစွမ်းအထက်ဆုံး နည်းတစ်နည်းဖြစ်ခြင်း

ဦးထုပ် ကောင်းကျိုး

တကယ်လို့ ကွီးတို့စုံတွဲက ကလေးယူဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ ကိုယ်ဝန်တားနည်း တစ်နည်းနည်းကို အသုံးပြုပြီး လိင်ဆက်ဆံဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်တားနည်း အမျိုးမျိုးရှိတဲ့အနက် ကွန်ဒုံးအသုံးပြုခြင်းကတော့ ရာနှုန်းပြည့် အစွမ်းအထက်ဆုံးပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်တားဆေး သောက်သုံးနေတဲ့အခါ (သို့) လက်မောင်းထဲ ထည့်ထားတဲ့ ကိုယ်ဝန်တားနည်းတွေထဲက တစ်နည်းနည်းက ချွတ်ချော်ခဲ့သည်ရှိသော် ကွန်ဒုံးက အဆင်သင့် ကာကွယ်ပေးထားပြီးသား ဖြစ်သွားပါတယ်။

ဘေးထွက်ဆိုးကျိုးများ မရှိခြင်း

man itchy

လူတော်တော်များများက ကွန်ဒုံးကို ဘာပြဿနာမှမရှိဘဲ စိတ်ချလက်ချ အသုံးပြုနေကြပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုး မရှိလို့ပဲဖြစ်ပါတယ်။ ပြီးတော့ ကွန်ဒုံးကြောင့် အရေပြား ယားယံခြင်းကလည်း မရှိသလောက်ကို ရှားပါတယ်။ ဒါပေမဲ့ ကွီးတို့အနေနဲ့ ကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုပြီးနောက် ယားယံခြင်းကို ခံစားရတဲ့အခါ အမျိုးအစား နောက်တစ်မျိုး ပြောင်းသုံးဖို့တော့ အကြံပေးချင်ပါတယ်။

ကွီးတို့ရော ကွန်ဒုံးရဲ့ အသုံးဝင်ပုံကို သဘောတွေ့ကြပါရဲ့လား။ ဖဲမွေ့ရာထက်မှာ ပျော်ပါးမြူးတူးတဲ့အခါ ကွန်ဒုံးကို မမေ့မလျော့ အသုံးပြုဖြစ်ကြရဲ့လား။

Source: Plannedparenthood

Featured Image: Freepik