ကွီးတို့အနေနဲ့ စမတ်ဖုန်းတစ်လုံးကို ဘယ်နှနှစ်ကြာအောင် အသုံးပြုလေ့ရှိပါသလဲ။ လက်ရှိအသုံးပြုနေတဲ့ ဖုန်းကရော အခြေအနေဘယ်လိုရှိပါသလဲ။ လက်ရှိကိုင်နေတဲ့ဖုန်းက သုံးမရအောင် တော်တော်လေး ဟန်းနေပြီဆိုရင်တော့ စမတ်ဖုန်းအသစ်တစ်လုံး ဝယ်ဖို့ အချိန်တန်ပြီပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စမတ်ဖုန်းအသစ်ဝယ်မယ်ဆိုရင် နောက်ဆုံးပေါ် ၂၀၂၂ ခုနှစ်ထုတ် အကောင်းစား စမတ်ဖုန်း များကို ဝယ်ယူသင့်ပါတယ်။
ကိုယ့်ရဲ့ ဘက်ဂျက်ပေါ် မူတည်ပြီး ဘယ်လိုဖုန်းအမျိုးအစားကို ရွေးချယ်မလဲဆိုတာကို လေ့လာချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် မော်ဒယ်အမျိုးအစားများကို လေ့လာနိုင်ပါတယ်။
Apple iPhone 14 Pro & Pro Max

14 စီးရီးကတော့ ဒီနှစ်ထဲမှာ အသစ်ထွက်လာတဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ 14 Pro ကတော့ ၆.၁ လက်မ စခရင်မ်ရှိပြီး Pro Max ကတော့ ၆.၇ လက်မ စခရင်မ်ရှိပါတယ်။ Dynamic Island ကတော့ အသစ်ထည့်သွန်းထားတဲ့ Feature တစ်ခုဖြစ်ပြီး လူကြိုက်များပါတယ်။ 14 Pro ဈေးနှုန်းကတော့ ဒေါ်လာ ၉၉၉ ကနေ အစပြုပြီး Pro Max ကတော့ ဒေါ်လာ ၁၀၄၄ တန်ဖိုးရှိပါတယ်။
Google Pixel 7 Pro
![]()
၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံး စမတ်ဖုန်း တစ်လုံးကို ဝယ်ချင်တယ်ဆိုရင်တော့ Google Pixel 7 Pro ကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၅၀ တန်ဖိုးရှိပါတယ်။ စခရင်မ် အရွယ်အစားအားဖြင့်တော့ ၆.၇ လက်မ အရွယ်အစားရှိပါတယ်။ သူ့ရဲ့ ကင်မရာကလည်း 4x ကနေ 5x အထိ ချဲ့နိုင်တဲ့ Telephoto Camera ပါဝင်ပါတယ်။
iPhone 13

အိုင်ဖုန်းအသစ်တစ်လုံး လိုချင်ပေမယ့် 14 Pro လောက်ကြီး မသုံးချင်ဘူးဆိုရင်တော့ 14 စီးရီးထက် ဒေါ်လာ ၁၀၀ သက်သာတဲ့ iPhone 13 ကို ဝယ်ယူနိုင်ပါတယ်။ iPhone 13 ရဲ့ အရွယ်အစားကတော့ ၆.၁ လက်မ အရွယ်အစားရှိပြီး ယခုအချိန်ထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
Samsung Galaxy S22 Ultra

ဖုန်းလည်း သုံးချင်ပြီး ခဲတံလေးနဲ့ ဟိုခြစ်ဒီခြစ် လုပ်ချင်ပါသလား။ ဒါဆိုရင်တော့ Samsung Galaxy S22 Ultra မော်ဒယ်အမျိုးအစားကို ဝယ်ယူနိုင်ပါတယ်။ သူ့ရဲ့ မူရင်းဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၀ တန်ဖိုးရှိပြီး ဒစ်စကောင့် ပမာဏပေါ် မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါတယ်။
Xiaomi 12S Ultra

၂၀၂၂ ခုနှစ်အတွင်း လူကြိုက်များတဲ့ စမတ်ဖုန်း မော်ဒယ်တွေထဲမှာ Xiaomi 12S Ultra လည်း ပါတွင်ပါတယ်။ မိန်းကင်မရာကလည်း ကောင်းပြီး ဘက္ထရီသက်တမ်းကလည်း ရှယ်ကောင်းပါတယ်။ စွမ်းဆောင်ရည်လည်း မြင့်မားပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ဘယ်ဖုန်း မော်ဒယ် အမျိုးအစားကို ဝယ်ရမလဲဆိုတာ စဥ်းစားရ လွယ်ကူသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Cnet
Featured Image: Techadvisor
