ယောကျာ်းလေးတွေအဖို့တော့ ဒူးခေါင်းက သိပ်ကိုအရေးပါပါတယ်။ ဒူးခေါင်းတွေ တဆစ်ဆစ်နဲ့ နာကျင်နေရတာကို ဘာကြောင့်လို့ထင်ပါသလဲ။ အသက်ရလာတာနဲ့အမျှ ဒူးဆစ်တွေက ယိုယွင်းလာပါတယ်။ ဒူးအဆစ်နှစ်ခုရဲ့ မျက်နှာပြင်ပေါ်က အရိုးနုတွေဟာ ပွတ်တိုက်မှုကြောင့် ပျက်ဆီးလာပါတယ်။ ပျက်ဆီးလာတဲ့ မညီညာတဲ့မျက်နှာပြင်တွေ ပွတ်တိုက်မိတိုင်း ယောင်ယမ်းလာပြီး ဒူးနာလာတော့တာပါပဲ။
ဘယ်လိုနေရာတွေမှာ အဖြစ်များလဲ
Source: howardluksmd.com
များသောအားဖြင့်တော့ အထက်ကအဖြစ်အပျက်မျိုးတွေဟာ ဒူးဆစ်အတွင်းပိုင်းနဲ့ အရှေ့တည့်တည့်မှာ အဖြစ်များပါတယ်။
အဝလွန်တဲ့အခါ
Source: preparazionefisicaeducation.com
အဝလွန်တဲ့အခါမှာလည်း ခြေနှစ်ချောင်းပေါ် ခန္ဓာကိုယ်အလေးချိန်ကြီး ထိန်းထားရတာကြောင့် ဖနောင့်တွေနဲ့ ဒူးတွေပေါ် ဝန်ဖြစ်ပြီး ဒဏ်ပိစေပါတယ်။ ဒါဟာ အဝလွန်သူတွေမှာ ဒူးနာအဖြစ်များရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။
မနိုင်ဝန်မထမ်းပါနဲ့
Source: kidneybuzz.com
အရမ်းလေးလံလွန်းတဲ့ဝန်တွေ၊ အရာဝတ္ထုပစ္စည်းတွေကို သယ်ဆောင်တဲ့အခါမျိုးတွေမှာလည်း ဒူးနာ၊ ခါးနာဒဏ်တွေကို ခံစားရစေပါတယ်။ ဒီတော့ တတ်နိုင်သမျှ လေးလံတဲ့ဝန်တွေကို သယ်ဆောင်တာ ထမ်းတာမျိုးရှောင်ကြဉ်ကြပါ။
အိပ်ရေးမဝချိန် အလုပ်ပြင်းပြင်းထန်ထန်လုပ်မိတဲ့အခါ
Source: homenaturalcures.com
အိပ်ရေးမဝတဲ့အခါမျိုးတွေ၊ အိပ်ရေးပျက်နေတဲ့ရက်လိုမျိုးတွေမှာ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို အိပ်ရေးမဝချိန်တွေမှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်မိရင်လည်း ကြွက်သားတွေ နာကျင်တတ်ပါတယ်။
အကောင်းဆုံးကတော့ ဒူးနာမှုတွေ ပြင်းထန်လာလို့ ဒူးခေါင်းခွဲတာတွေ မလုပ်ချင်ရင် ကိုယ်အလေးချိန်လျှော့ပါ။ ဒါမှ ဒူးနာသက်သာမှာပါ