ဘောလိဝုဒ်ရုပ်ရှင်ကား တော်တော်များများက အနည်းဆုံး ကတဲ့အခန်း ၂ ခန်း ၃ ခန်းတော့ ပါပါတယ်။ သီချင်းဆိုတာ ၊ ကခုန်တဲ့ ဇာတ်ဝင်ခန်းတွေက ဘောလိဝုဒ်ရုပ်ရှင်တွေရဲ့ ရိုးရာလို့ ပြောရမှာဖြစ်ပေမယ့် ဇာတ်ရှိန်ကောင်းနေပြီဆိုရင် ဒီလိုကတဲ့အခန်းတွေ ဝင်ဝင်လာတာက အချို့ ပရိသတ်တွေအတွက်တော့ စိတ်အနှောက်အယှက် ဖြစ်စရာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်သူတွေအတွက် ထူးထူးခြားခြား ကခုန်တဲ့ ဇာတ်ဝင်ခန်းတွေမပါတဲ့ ဘောလိဝုဒ် ရုပ်ရှင်ကားတွေကို ညွှန်းပေးပါမယ်။

(၁) Black (2005)

Source : Netflix India

Black (2005) ဇာတ်ကားလေးကတော့ ဘောလိဝုဒ် ထိပ်တန်းမင်းသားကြီး Amitabh Bachchan နဲ့ မင်းသမီးချော Rani Mukerji တို့ အတူတွဲဖက် သရုပ်ဆောင်ထားတဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ စွံ့အနားမကြား အမျိုးသမီးငယ်လေးနဲ့ သူမရဲ့ အမှောင်ကမ္ဘာထဲကို အလင်းတန်းတွေ သယ်ဆောင်လာတဲ့ ဆရာတို့ကြားက ဆက်ဆံရေးကို အလှပဆုံး ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားလေးက IMDb RATING 8.1/10 အထိ ရရှိထားပါတယ်။

(၂) Chak De! India (2007)

Source : YRF

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Shah Rukh Khan ရဲ့ အကောင်းဆုံး ဘောလိဝုဒ် ရုပ်ရှင်ကားကောင်းတစ်ကားပါ။ အိန္ဒိယ အမျိုးသမီး လက်ရွေးစင် ဟော်ကီအသင်းရဲ့ နည်းပြ ဖြစ်သူ Kabir Khan ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မိသားစု / အားကစား ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း IMDb RATING 8.1/10 ရရှိထားပါတယ်။

(၃) The Lunchbox (2013)

Source : Sony Pictures Classics

The Lunchbox (2013) ဇာတ်ကားလေးကတော့ မင်းသားကြီး Irrfan Khan နဲ့ မင်းသမီးချော Nimrat Kaur တို့အတွဲညီညီပါဝင် သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်းလေးပါ။ နေ့လည်စာ ထမင်းဗူးလေးတွေကနေ အစပြုလာတဲ့ Romance / Drama ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb RATING 7.8/10 ရရှိထားပါတယ်။

(၄) A Wednesday (2008)

Source : Cinemasti

A Wednesday (2008) ဇာတ်ကားလေးကတော့ အက်ရှင် ၊ ဒရမ်မာ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက်ပါ။ ဒီဇာတ်ကားမှာ ဘောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anupam Kher ၊ Naseeruddin Shah နဲ့ Veerendra Saxena တို့ အဓိက ပါဝင်ထားပြီး အငြိမ်းစား ရဲအရာရှိတစ်ဦးနဲ့ သူ့ဘဝထဲက အထူးဆန်းဆုံး နေ့တစ်နေ့အကြောင်းကို စိတ်ဝင်စားဖွယ် ဇာတ်ကားဇတ်အိမ် တည်ထားပါတယ်။ ဒီဇာတ်ကားလေးကလည်း IMDb RATING 8.1/10 ရရှိထားပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ကခုန်တဲ့ အခန်းတွေမပါတဲ့ အကောင်းဆုံး ဘောလိဝုဒ် ရုပ်ရှင်ကားတွေဖြစ်ပါတယ်။ IMDb RATING မြင့်တဲ့ ဇာတ်ကားတွေ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ကွီးပရိသတ်တွေ သေချာပေါက် အကြိုက်တွေ့စေမှာပါ။

ဘောလိဝုဒ်ဇာတ်ကားတွေထဲမှာ ကခုန်တဲ့အခန်းတွေ မပါတဲ့ ဇာတ်ကားကောင်းတွေ ကွီးတို့ သိရင်လည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Source : Gem Pak

Featured Photo : Reel Thoughts – WordPress.com