ဒေါက်တာ Daria Sadovskaya လို့ အမည်ရတဲ့ စင်ကာပူနိုင်ငံရှိ ဆရာဝန်တစ်ဦးက လည်ချောင်း ကင်ဆာ သည် Oral Sex လို့ ခေါ်တဲ့ ပါးစပ် အသုံးပြုပြီး ချစ်တင်းနှော ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ပြောကြားထားပါတယ်။ ဒီအချက်သည် ဆေးသိပ္ပံနည်းအရ တကယ်ပဲ မှန်ကန်ရဲ့လား။

လည်ချောင်း ကင်ဆာ နဲ့ ပါးစပ် ဖြင့် ချစ်တင်းနှော ခြင်းက ဘာ့ကြောင့် ဆက်စပ်နေတယ်လို့ ဆိုရသလဲ

Oral sex vs throat cancer

Human Papillomavirus လို့ ခေါ်တဲ့ HPV သည် လိင်အင်္ဂါမှတဆင့် (သို့) စအိုမှတဆင့် လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်သလိုပဲ Oral Sex ဖြင့် ချစ်တင်းနှောမိရင်လည်း ကူးစက်တတ်ပါသေးတယ်။ ထိုမှတဆင့် လည်ချောင်း ကင်ဆာ ရောဂါ ဖြစ်ပွားဖို့ တွန်းအားပေးသလို ဖြစ်သွားတာကြောင့် ဒီအရာနှစ်ခုက ဆက်စပ်နေတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။

ဒေါက်တာ Daria Sadovskaya သည် သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ကျန်းမာရေး အကြောင်းအရာတွေကို ဝေမျှပေးလေ့ရှိပြီး ဒီတစ်ခါမှာတော့ လည်ချောင်း ကင်ဆာနဲ့ Oral Sex အကြောင်းအရာကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။

အခြားဆရာဝန် အသိုင်းအဝိုင်းကရော ဘာတွေ ပြောထားသေးသလဲ

Oral sex vs throat cancer

မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းကို ကြည့်ခြင်းအားဖြင့် ဒေါက်တာ Daria Sadovskaya ထောက်ပြထားသော အချက်သည် မှန်ကန်ကြောင်း တွေ့ရှိရပါတယ်။ ယူကေတွင် လူပေါင်း အယောက် ၁၀၀၀ ခန့်ကို သုတေသန ပြုလုပ်ထားတာဖြစ်ပြီး ၈၀ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသားသူများသည် Oral Sex ကို ကျင့်သုံးကြတယ်လို့ ဆိုထားကြပါတယ်။ ဒီလိုမျိုး Oral Sex ကို ကျင့်သုံးတဲ့အခါ လည်ချောင်းအနောက်ပိုင်းနဲ့ လည်ချောင်း အတွင်းပိုင်းတို့ကို HPV ဗိုင်းရပ်စ်ပိုးက သွားရောက်ဖျက်ဆီးလိုက်ပြီး လည်ချောင်းကင်ဆာ အစပြုဖို့အတွက် တွန်းအားပေးရာ ရောက်တယ်လို့ ဆိုပါတယ်။​

အမေရိကန် ကင်ဆာ ကုသရေး ငှါနကရော ဘာပြောကြားထားသေးသလဲ

ကင်ဆာ ချစ်တင်းနှော

၂၀၂၃ ခုနှစ်တွင်း အရွယ်ရောက်ပြီးသား လူ ၅ သောင်းကျော်ခန့်သည် လည်ချောင်းကင်ဆာ ရောဂါကို ခံစားနေရပြီး လူ ၁ သောင်းကျော်ခန့်ကတော့ ထိုရောဂါကြောင့် အသက်ဆုံးရှုံးရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီကင်ဆာရောဂါသည် အမျိုးသမီးများထက် အမျိုးသားများက ၂ ဆ ပိုအဖြစ်များတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ အမျိုးသား အယောက် ၆၀ မှာလျှင် ၁ ယောက်၊ အမျိုးသမီး အယောက် ၁၄၁ ယောက်လျှင် ၁ ယောက်ဆိုပြီး ဖြစ်ပွားနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အချို့သော ဆရာဝန်များကတော့ လည်ချောင်းကင်ဆာရဲ့ အဓိက တရားခံကတော့ HPV ဖြစ်ပြီး ဆေးလိပ် ဆေးရွက်ကြီး သောက်သုံးခြင်း၊ အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ်ထက် ကျော်လွန်ပြီး အလွန်အကျွံ မှီဝဲပါကလည်း လည်ချောင်းကင်ဆာ ရောဂါ ဖြစ်ပွားနိုင်တယ်လို့လည်း ပြောကြားထားပါသေးတယ်။

ဘယ်လို ကာကွယ်နိုင်မလဲ

ကင်ဆာ ချစ်တင်းနှော

ကွီးနဲ့ ကွီးတို့ ပါတနာက ချစ်တင်းမနှောခင်မှာ ကျန်းမာရေး စစ်ဆေးမှုကို အရင်ဦးဆုံး ခံယူသင့်ပါတယ်။ လိုအပ်ပါကလည်း ကာကွယ်ဆေး ထိုးယူနိုင်ပါတယ်။ ဒါ့အပြင် Oral Sex လုပ်မယ်ဆိုရင်လည်း Dental Dam လို့ ခေါ်တဲ့ အကာအကွယ် ပစ္စည်းများကို အသုံးပြုပြီးမှသာလျှင် ချစ်တင်းနှောသင့်ပါတယ်။

ကွီးတို့ရော အကာအကွယ် အသုံးပြုပြီး ချစ်တင်းနှောကြရဲ့လား။

Source: Mensjournal.com

Featured Image: Dbclinic.com.sg