vivo ကနေ ကင်မရာ ရှယ်ကြီး ၃ လုံးပါတဲ့ vivo V30 ကို နိုင်ငံတကာဈေးကွက်တွေမှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ vivo V30 မှာ Snapdragon 7 Gen 3 Chipset မောင်းနှင်ထားပြီး ဘက်ထရီ အကိတ်ကြီးလည်း ပါဝင်လာပါတယ်။ ဒီဖုန်းဟာ vivo S18 နဲ့ ကိုယ်ထည်ဒီဇိုင်းပိုင်း အားလုံးနီးပါး တူပေမယ့်လည်း အဓိက ကင်မရာပိုင်းမှာ အဆင့်မြှင့်တင်ထားတာပါ။
Photo : GSMArena.com
vivo V30 မှာ ၆.၇၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 1260p Resolution နဲ့ 2,800 Nits Peak Brightness ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် In-Display Fingerprint Scanner လည်း ပါဝင်ပါတယ်။ Qualcomm Chipset ကို 4 nm Process မှာ တည်ဆောက်ထားပြီး 2.63 GHz octa-core CPU နဲ့ Adreno 720 GPU ပါရှိပါတယ်။
RAM/ Storage ကိုတော့ 8/128 GB ၊ 8/256 GB ၊ 12/256 GB နဲ့ 12/512 GB ဆိုပြီး ၄ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ vivo V30 ဟာ Size 1/1.55” ရှိတဲ့ 50 MP OmniVision OV50E Sensor ကို Main ကင်မရာအဖြစ် အသုံးပြုထားတဲ့ ပထမဆုံး Gobal ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် Autofocus ပါတဲ့ နောက်ထပ် 50 MP Ultra-Wide-Angle ကင်မရာ ၁ လုံး တွဲဖက် တပ်ဆင်ပေးထားကာ အရှေ့ဘက်မှာလည်း Autofocu ပါရှိတဲ့ 50 MP ဆယ်လ်ဖီ ကင်မရာ ၁ လုံးကို ထည့်သွင်းပေးထားပါတယ်။
Photo : GSMArena.com
vivo V30 မှာ ရှေ့မျိုးဆက်တွေထက် ပိုကြီးပိုကိတ်တဲ့ 80W FlashCharge စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ 7.5 mm သာရှိတဲ့ ပါဝါဆဲလ်ကို အသုံးပြုပေးထားတဲ့အတွက် ဒီဖုန်းဟာ vivo ရဲ့ အပါးလွှာဆုံး ဖုန်းလို့တောင် ပြောလို့ရပါတယ်။
ဆော့ဖ်ဝဲပိုင်းမှာတော့ Android 14 အခြေပြု Funtouch 14 ကို အသုံးပြုထားပြီး vivo V30 ဖုန်းရဲ့ သွက်လက်မြန်ဆန်တဲ့ စွမ်းဆောင်ရည်ပိုင်းကို လပေါင်း ၅၀ ၊ အနည်းဆုံး ၄ နှစ်အထိ ခံစားအသုံးပြုနိုင်မယ်လို့ ကုမ္ပဏီဘက်က ကတိပြုထားပါတယ်။
Photo : GSMArena.com
အရောင်တွေအနေနဲ့ ၄ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်တစ်ခုချင်းစီမှာ မတူကွဲပြားတဲ့ စိတ်ဝင်စားစရာ အသွင်အပြင် ထူးခြားချက်တွေ ပါရှိမှာ ဖြစ်ပါတယ်။ Bloom White ဗားရှင်းမှာ 3D Petal Pattern ၊ Waving Aqua ဗားရှင်းမှာ Rippling Magnetic Particle Effect ၊ Lush Green ဗားရှင်းမှာ အရောင်ပြောင်းနိုင်တဲ့ ထူးခြားချက်နဲ့ Noble Black မှာတော့ Fluorite AG Glass ပါရှိမှာ ဖြစ်ပါတယ်။
vivo V30 ကို အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ထိုင်း ၊ မလေးရှား ၊ ဟောင်ကောင် ၊ စင်ကာပူ ၊ ပါကစ္စတန် ၊ အီဂျစ်နဲ့ UAE အပါအဝင် နိုင်ငံတကာစျေးကွက် ၃၀ ကျော်မှာ မကြာမီ အချိန်အတွင်း ရောင်းချသွားတော့မှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ရောင်းချမယ့် နိုင်ငံအလိုက် ကြေညာသွားမယ်လို့ သိရပါတယ်။
Featured Photo : GSMArena.com