Packing Boxe တွေ ၊ Shipping Boxe တွေနဲ့ စက္ကူဖာတွေကနေရတဲ့ ကတ်ထူပုံး ၊ ကတ်ထူးပြားတွေကို အလွယ်တကူ အမှိုက်ပုံးထဲ လွင့်ပစ်နေတုန်းလား။ ဒါဆိုရင်တော့ အခုပဲ ရပ်တန့်လိုက်ဖို့ အကြံပေး ပါရစေ။ ကတ်ထူပြား တွေက သုံးတက်ရင် သုံးတက်သလို တကယ်ကိုပဲ အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်တော့ အသုံးမလိုလို့ ပိုနေတဲ့ ကတ်ထူပြားတွေကို ပြန်လည်အသုံးပြုပြီး ဖန်တီးနိုင်မယ့် အမိုက်စား DIY ပစ္စည်းလေးတွေအကြောင်း ပြောပြပေးပါမယ်။

(၁) ကတ်ထူပြား စာအုပ်စင်

Bookcase

Photo : Crafting A Green World

ကွီးတို့ အကြိုက်ဆုံး စာအုပ်တွေကို သေချာတစ်စုတစ်စည်း သပ်သပ်ရပ်ရပ် Display လုပ်ထားရတာ နှစ်သက်ပါသလား ? ဒါဆိုရင်တော့ ကတ်ထူပြား တွေကို အသုံးပြုပြီး အသေးစား စာအုပ်စင်လေးတွေ Bookcase လေးတွေ ဖန်တီးလို့ရပါတယ်။ စာအုပ်အမျိုးအစားအလိုက်  ဒါမှမဟုတ် စာအုပ်အရွယ်အစားအလိုက် ဆိုဒ်သေချာဖြတ်တောက်ပြီး ထိပ်ပိတ်အောက်ပိတ် ကော်ကပ်လိုက်မယ်ဆိုရင် စာအုပ်လေးတွေကို စုစုစည်းစည်းနဲ့ သိမ်းဆည်းလို့ရမယ့် ကတ်ထူပြား စာအုပ်စင်လေးတစ်ခု ရရှိသွားမှာ ဖြစ်ပါတယ်။

(၂) ကတ်ထူပြား T-shirt ခေါက်ဘုတ်ပြား

Source : Cleverly

T-shirt တွေ ခေါက်တိုင်း တစ်ဖက်တို တစ်ဖက်ရှည် ၊ မညီမညာဖြစ်နေရလို့ အမြဲစိတ်ရှုပ်နေရလား။ ဒါဆိုရင်တော့ မြန်မြန်ဆန်ဆန် ၊ အထာကျကျနဲ့ သပ်သပ်ရပ်ရပ် အင်္ကျီလေးတွေ ခေါက်လို့ရမယ့် ဘုတ်ပြားလေးတစ်ခု ဖန်တီးလို့ ရပါတယ်။ T-shirt တွေ မခေါက်တဲ့သေးတဲ့ ကွီးတို့အတွက်ကတော့ ဒီပစ္စည်းလေးက တော်တော်လေး အသုံးဝင်စေမှာပါ။ လွယ်ကူးရိုးရှင်းတဲ့ T-shirt ခေါက်ဘုတ်ပြား ပြုလုပ်နည်းအဆင့်ဆင့်ကို အထက်ပါ ဗီဒီယိုလေးမှာ ကြည့်လိုက်ရအောင်ပါ။

(၃) ကတ်ထူပြား မြောင်ကုတ်ဘုတ်

cat scratchers

Photo : Crafting A Green World

ကတ်ထူပြားတွေနဲ့ အိမ်မှာ မြောင်လေးတွေ ဆော့ဖို့ ကုတ်ဘုတ်လေးတွေ ဖန်တီးလို့ ရပါတယ်။ ပြုလုပ်နည်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်လေးပါ။ ကတ်ထူပြားတွေကို အစီအရီပူးတွဲပြီး တိတ်နဲ့သေချာလေး လိုက်ကပ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ မြောင်လေးတွေ ကောင်းကောင်းဆော့လို့ရမယ့် ဘတ်ဂျတ် ကုတ်ဘုတ်လေးတစ်ခု ရပြီပဲ ဖြစ်ပါတယ်။

(၄) ကတ်ထူပြား ဓာတ်ပုံဘောင်

Source : AY TV

ကုန်ကျစရိတ် အလွန့်အလွန်သက်သာပြီး ကိုယ်တိုင်စိတ်ကြိုက် ဖန်တီးနိုင်မယ့် အမိုက်စား ဓာတ်ပုံဘောင်လေးတွေကိုလည်း ကတ်ထူပြားတွေနဲ့ ပြုလုပ်ဖန်တီး နိုင်ပါတယ်။ လိုအပ်တာကတော့ အဓိကကတ်ထူပြား ၊ ကော် ၊ တိတ်နဲ့ အလှဆင်ပစ္စည်းလေးတွေ ရှိရင်ရပါပြီ။ ကွီးတို့ရဲ့ ဘဝထဲက အမှတ်တရဖြစ်ဖွယ် ဓာတ်ပုံလေးတွေကို ကိုယ်တိုင်ဖန်တီးထားတဲ့ ဓာတ်ပုံဘောင် မိုက်မိုက်လေးနဲ့ အလှပြထားနိုင်မှာပါ။ ပြုလုပ်နည်းကိုတော့ ဗီဒီယိုလေးထဲမှာ လေ့လာကြည့်လိုက်ပါ။ စိတ်ကူးရှိရင်ရှိသလို ကိုယ်တိုင်စိတ်ကြိုက် ပြောင်းလဲဖန်တီးလို့လည်း ရပါတယ်။

Featured Photo : Pinterest