လိင်ကိစ္စဟာ သက်ရှိ လူသားတိုင်း ရှောင်လွဲလို့ မရတဲ့ အရာပါ။ စာရေးသူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ လိင်မှုကိစ္စဟာ တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ အရာတစ်ခု ဖြစ်ပေမယ့်လည်း အချို့အရွယ်ရောက်ပြီးသား သူတွေမှာတော့ စွဲလမ်းတဲ့ အဆင့်အထိ ညှိတွယ်တက်ကြပါတယ်။ လိင်ကိစ္စကို စွဲလမ်းတဲ့အဆင့်အထိ ရောက်သွားပြီဆိုရင်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ၊ တာဝန်ဝတ္တရားတွေ ပျက်ကွက်ပြီး ပေါင်းသင်း ဆက်ဆံရေး ၊ ငွေကြေးပိုင်းဆိုင်ရာနဲ့ ကွီးတို့ဘဝထဲက အခြားကဏ္ဍတွေအပေါ်ပါ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီးသား ၂၄ သန်းခန့်ဟာ လိင်မှုကိစ္စအပေါ် စွဲလမ်းမှု ပြဿနာ ကြုံတွေ့နေရတယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ အံအားသင့်စရာ ကောင်းတာကတော့ ဒီထဲမှာ ကွီးတို့ရဲ့ အိုင်ဒေါ ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဘယ်သူတွေက လိင်ကိစ္စ စွဲလမ်းမှု ပြဿနာ ခံစားခဲ့ကြရလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။
(၁) Tiger Woods

Photo : NBC News
Golf လောကရဲ့ ကမ္ဘာကျော် ဂန္တဝင်ကျား Tiger Woods ကတော့ လိင်ကိစ္စ စွဲလမ်းမှုနဲ့ ဆေးဝါးကုသမှုပါ ခံယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ရသူပါ။ ဒီအဖြစ်အပျက်တွေဟာ ၂၀၀၉ ခုနှစ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူသိရှင်ကြား အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့အတူ လိင်စွဲလမ်းမှု ပြဿနာပါ ခံစားခဲ့ရတာ ဖြစ်ပါတယ်။
(၂) Jada Pinkett Smith

Photo : ABC News – The Walt Disney Company
ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲ မင်းသားကြီး Will Smith ရဲ့ ဇနီးဖြစ်သူ အမေရိကန်သရုပ်ဆောင်နဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် Jada Pinkett Smith ကတော့ သူမငယ်စဉ်က လိင်ကိစ္စ စွဲလမ်းမှု ပြဿနာရှိခဲ့ကြောင်းကို ကိုယ်တိုင်ဖွင့်ဟ ဝန်ခံထားသူ ဖြစ်ပါတယ်။ ဒီအကြောင်းကို Red Table Talk လို့ခေါ်တဲ့ TV Show တစ်ခုမှ ပြောပြသွားခဲ့တာပါ။ သူမ ငယ်ရွယ်စဉ်တုန်းက လိင်မှုကိစ္စအပေါ် စွဲလမ်းမှုပြဿနာ ရှိခဲ့ကြောင်း ၊ ဒါပေမယ့် ဒီစွဲလမ်းမှုတွေဟာ ပြုပြင်လို့ရနိုင်ကြောင်းကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
(၃) Lamar Odom

Photo : People.com
အမေရိကန် Basketball လောကရဲ့ Legend ကြီး Lamar Odom လည်း လိင်ကိစ္စ စွဲလမ်းမှုပြဿနာ ကြီးကြီးမားမား ရှိခဲ့သူ ဖြစ်ပါတယ်။ ဇနီးဟောင်းဖြစ်သူ Khloe Kardashian နဲ့ မကွာရှင်းမီ ကာလတွေအတွင်းမှာ အိမ်ထောင်ရေး ဖောက်ပြန်မှု များစွာကို ကျူးလွန်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အထိ မူးယစ်ဆေးသုံးစွဲမှု ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု နွံထဲမှာ နစ်ခဲ့ကြောင်းကို Lamar Odom ကိုယ်တိုင် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
(၄) Colin Farrell
Photo : Variety
The Lobster (2015) ၊ The Gentlemen (2019) ၊ The Batman (2022) ဇာတ်ကားတွေနဲ့ ပရိသတ်တွေ တွဲသိကြတဲ့ ကမ္ဘာကျော် အိုင်းရစ်မင်းသားချော Colin Farrell ဟာ လိင်စွဲလမ်းမှုပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရဖူးသူတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မတိုင်မီအထိ လိင်စွဲလမ်းမှု အခြေအနေကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်တွေနဲ့အတူ ကုသမှုကုထုံးများစွာကို ခံယူရတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ လိင်စွဲလမ်းမှု အခြေအနေကနေ လွတ်မြောက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်ပြီး လိင်ဆက်ဆံချိန်ဟာ သူ့ဘဝထဲက ကြောက်စရာအကောင်းဆုံး အခိုက်အတန့်တွေထဲကတစ်ခု ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။
Source : SheKnows
Featured Photo : Inside Hook

