ဘောလုံးသမားတွေဟာ မြင့်မားတဲ့ လစာပမာဏ ရရှိနေရုံတင်မကဘဲ လူသိများ ကျော်ကြားတဲ့သူတွေဖြစ်ပြီး ထိပ်တန်းအသင်းကြီးတွေမှာ ကစားနေတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက ၂၀၂၂ ခုနှစ်အတွက် အကျော်ကြားဆုံး ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

Kevin De Bruyne

Photo: Goal.com

၅။ ကီဗင် ဒီဘရိုင်းနား(မန်ချက်စတာစီးတီး၊ ဘယ်လ်ဂျီယမ်)

ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး အင်စတာဂရမ်မှာ ပရိသတ် ၁၆.၈ သန်း၊ တွစ်တာမှာ ၁.၈၅ သန်း၊ ဖေ့စ်ဘွတ်ခ်မှာ ပရိသတ် ၁၄ သန်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီဘရိုင်းနားရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၈၅ သန်းရှိပြီး Nike၊ EA Sports၊ Orangeတို့နဲ့ စပွန်ဆာစာချုပ်တွေ ချုပ်ဆိုထားသူဖြစ်ပါတယ်။

Paulo Dybala

Photo: Calciomercato

၄။ ပေါ်လို ဒီဘားလား(ဂျူဗင်တပ်၊ အာဂျင်တီးနား)

ယခုလကုန်မှာ ဂျူဗင်တပ်နဲ့ လမ်းခွဲတော့မယ့် ဒီဘားလားဟာ ကမ္ဘာ့အကောင်းဆုံးတောင်ပံ ကစားသမား တွေထဲက တစ်ဦးဖြစ်ပြီး အင်စတာဂရမ်မှာ ပရိသတ် ၄၅.၈ သန်း၊ တွစ်တာမှာ ၂.၂ သန်း၊ ဖေ့စ်ဘွတ်ခ်မှာ ၁၅ သန်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီဘားလားဟာ Adidas ဆီကနေ ကြီးမားတဲ့ စပွန်ဆာကြေး ရရှိနေပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Neymar Jr

Photo: Marca

၃။ နေမာ(ပီအက်စ်ဂျီ၊ ဘရာဇီးလ်)

နေမာဟာ ကမ္ဘာပေါ်က လူသိများ အကျော်ကြားဆုံး ကစားသမား တွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ လီဂူးဝမ်းဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟာ တွစ်တာမှာ ပရိသတ် ၅၆.၃ သန်း၊ အင်စတာဂရမ်မှာ ၁၃၈ သန်း၊ ဖေ့စ်ဘွတ်ခ်မှာ ၈၄ သန်း ပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ နေမာဟာ Puma နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာသဘောတူညီချက်ကြောင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃၅ သန်း ရရှိနေတာဖြစ်ပါတယ်။

Lionel Messi

Photo: Le Parisien

၂။ လီယွန်နယ် မက်ဆီ(ပီအက်စ်ဂျီ၊ အာဂျင်တီးနား)

တသက်တာအကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက် ဘလွန်ဒေါ ၇ ကြိမ်အထိ စံချိန်တင်ရရှိထားတာဖြစ်ပါတယ်။ မက်ဆီဟာ အလွန်ယဉ်ကျေးသိမ်မွေ့တဲ့သူဖြစ်ပြီး နေထိုင်မှုပုံစံက ရိုးရိုးရှင်းရှင်းရှိတာကြောင့် ဘောလုံးပရိသတ်တွေရဲ့ ချစ်မြတ်နိုးခြင်းကို ခံရပြီး အင်စတာရမ်မှာ ပရိသတ်ပေါင်း ၃၀၇ သန်း၊ ဖေ့စ်ဘွတ်ခ်မှာ ၉၀.၅ သန်း ပိုင်ဆိုင်ထားပါတယ်။

Cristiano Ronaldo

Photo: Ronaldo’s Official Twitter Account

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို(မန်ချက်စတာယူနိုက်တက်၊ ပေါ်တူဂီ)

လီယွန်နယ် မက်ဆီရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ကွင်းတွင်းကွင်းပြင်မှာ အကောင်းဆုံးဖြစ်ဖို့ အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားတတ်သူအဖြစ် ကျော်ကြားပြီး ပြီးခဲ့တဲ့နှစ်တုန်းက ဂျူဗင်တပ်က ပေးတဲ့လစာထက် အင်စတာဂရမ်က စပွန်ဆာသဘောတူညီမှုတွေကနေတဆင့် ရရှိတဲ့ဝင်ငွေက ပိုမိုများပြားခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ထိပ်တန်းခြေစွမ်းပိုင်ဆိုင်ထားသလို ယောကျာ်းပီသတဲ့ရုပ်ရည်နဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်အများအပြား ရရှိထားပြီး ဖေ့စ်ဘွတ်ခ်မှာ ၁၂၂ သန်း၊ အင်စတာဂရမ်မှာ ၄၅၈ သန်း၊ တွစ်တာမှာ ၁၀၁ သန်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။