iQOO Z6 Lite 5G ဖုန်း ဟာ Qualcomm ရဲ့ နောက်ဆုံးထွက် Entry-Level 5G Chipset ဖြစ်တဲ့ Snapdragon 4 Gen 1 Chipset ကို မောင်းနှင်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ iQOO Z6 Lite ဖုန်းက Maximum Clock Speed 2GHz နဲ့ 6nm Chip ကို အသုံးပြုထားပြီး ယခင် Snapdragon 400 စီးရီး Processors တွေနဲ့ နှိုင်းယှဉ်ပါက CPU ဟာ ၁၈ ရာခိုင်နှုန်းအထိ ပိုမြန်တာ တွေ့ရပါတယ်။ ၎င်း Chip မှာ Built-in 5G ချိတ်ဆက်မှုလည်း ပါရှိပါတယ်။

Photo : GSMArena.com

iQOO Z6 Lite ဖုန်း မှာ ထပ်စောင်း Features တွေအနေနဲ့ 2GB Virtual Memory အတွက် RAM Booster ၊ Ultra Game Mode တို့ပါဝင်ပြီး Graphite Film ၊ Thermally-Conductive ဂျယ် ၊ Copper Foil နဲ့ Load ဆွဲတဲ့အောက်မှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် အပူချိန်အာရုံခံကိရိယာ ပါဝင်တဲ့ Cooling System ၄ ခု ပါရှိပါတယ်။

Display ပိုင်းမှာတော့ ၆.၅၈ လက်မ 1080x2408px IPS LCD မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး 20Hz Refresh Rate နဲ့ 240Hz Sampling Rate အထိ ထောက်ပံ့ပေးထားပါတယ်။ iQOO Z6 Lite ဖုန်းဟာ 18W Fast Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီနဲ့ လာပါတယ်။

ကင်မရာပိုင်း မှာတော့ ကျောဘက်မှာ 2MP Macro Sensor နဲ့ Eye Autofocus ပါတဲ့ 50MP Main ကင်မရာ ၁ လုံး တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာတော့ 8 MP Selfie ကင်မရာ ၁ လုံးပါရှိပါတယ်။ iQOO Z6 Lite ဖုန်းဟာ 6GB RAM နဲ့ 128GB Storage အထိ တွဲဖက်ပေးထားတာကြောင့် စျေးအသက်သာဆုံး 5G ဖုန်းတွေထဲက တစ်ခုဖြစ်လာပါတယ်။


Photo : GSMArena.com

iQOO Z6 Lite 5G ဖုန်းကို Black Mystic Night နဲ့ Blue Stellar Green ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းတွေ အနေနဲ့ကတော့ 4/64GB ဗားရှင်းအတွက်ကို ရူးပီး ၁၃,၉၉၉ ( မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်ခန့်) နဲ့ 6/128GB ဗားရှင်းအတွက်ကိုတော့ ရူးပီး ၁၅,၄၉၉ (မြန်မာငွေ ၄ သိန်း ၁ သောင်းဝန်းကျင်ခန့်) နဲ့ iQOO ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်နဲ့ Amazon India တို့ ကနေတဆင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Featured Photo : SPARROWS NEWS