ခရီးသွားရင် ကမ်းခြေတွေကို အမြဲတမ်း ရွေးလေ့ရှိပါသလာ။ အပန်းဖြေခရီးဆိုတာနဲ့ ကမ်းခြေ ကိုပဲ တန်းပြီး မြင်ယောင်တဲ့ ကွီးတို့ရှိပါသလား။ လှပတဲ့ ကမ်းခြေတွေဆိုတာ သဘာဝကြီးကပေးထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဒ်ပါ။ ဒီလိုကမ်းခြေတွေမှာ အပန်းဖြေအနားယူရတာ သဘောကျနှစ်သက်တဲ့ ကွီးတို့အတွက် ကမ္ဘာ့အလှဆုံး ကမ်းခြေများ ကို ဝေမျှပေးချင်ပါတယ်။
(၁) Saud Beach, Luzon, Philippines

Photo : Exploratory Glory
ကမ်းခြေကြိုက်တဲ့ ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ ကမ္ဘာ့အလှဆုံး ကမ်းခြေများ ထဲက တစ်ခုကတော့ ဖိလစ်ပိုင်နိုင်ငံ၊ Luzon ကျွန်းက Saud ကမ်းခြေပဲ ဖြစ်ပါတယ်။ ကမ်းခြေက သဲဖြူဖြူတွေနဲ့ ကြည်လင်သော ရေတွေက တကယ်ကို ကွီးတို့ကို အဆုံးမရှိ ကြည်လင်တဲ့ ရေကူးကန်ထဲမှာ ရေကူးနေရတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။ အေးချမ်းတဲ့ လှိုင်းဖွေးဖွေးတွေနဲ့ ထိတွေ့ရတာဟာ ကွီးတို့အတွက် တကယ်ကို စိတ်ကျေနပ်မှု ရရှိစေမှာပါ။ အရှေ့တောင်အာရှမှာပဲ လှပတဲ့ကမ်းခြေကို သွားချင်ရင်တော့ ဒီကမ်းခြေလေးကို ရွေးချယ်လိုက်ပါ။
(၂) Camps Bay Beach, Cape Town, South Africa

Photo : Conde Nast Travler
အမှန်တကယ် လှပသောကမ်းခြေတော်တော်များများက မြို့ပြနှင့်ဝေးသော နေရာများ သို့မဟုတ် ကျွန်းနေရာများတွင် ရှိတာများပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ တောင်အာဖရိက Cape Town မှာရှိတဲ့ Camps Bay Beach ပါ။ အထင်ကရဖြစ်တဲ့ နာမည်ကျော် Table တောင်တန်းကို ကျောထောက်နောက်ခံပြုထားသော Camps Bay ကမ်းခြေဟာ သဲသောင်ပြင်ကျယ်ကြီးနှင့် လှပသော အပြာရောင်ရေများကြောင့် တကယ်ကို ရင်သပ်ရှုမောစေပါတယ်။
(၃) Whitehaven Beach, Whitsundays Island, Australia

Photo : Het is de Merckx
နောက်ထပ်ဖော်ပြချင်တဲ့ ကမ္ဘာ့အလှဆုံး ကမ်းခြေများ ထဲကတစ်ခုကတော့ သြစတေးလျရှိ Whitsundays ကျွန်းရှိ Whitehaven ကမ်းခြေပဲ ဖြစ်ပါတယ်။ မဖြစ်မနေ လည်ပတ်သင့်တဲ့ သြစတေးလျရှိ နေရာများထဲမှာ Sydney Opera House နှင့် Noosa National Park တို့အပြင် Whitehaven ကမ်းခြေလည်း ပါဝင်ပါတယ်။ ဒီကမ်းခြေလေးကတော့ လှပတဲ့ ဆားဖြူ သဲများ၊ တောက်ပသောရေပြာများနဲ့ အမှန်တကယ်ကို တင့်တယ်လှပပါတယ်။ ကွီးတို့ ချစ်သူလေးနဲ့ တူတူသွားပြီး စိတ်ကူးယဉ်ဆန်တဲ့ အချိန်ကောင်းလေးတွေ ဖန်တီးနိုင်တဲ့ လှပတဲ့ ကမ်းခြေလေးပါပဲ။
(၄) Copacabana, Rio de Janeiro, Brazil

Photo : Vogude
ဘရာဇီးနိုင်ငံ Rio de Janeiro မှာ ရှိတဲ့ Copacabana ကမ်းခြေကို ကမ္ဘာ့အလှပဆုံး ကမ်းခြေတစ်ခုလို့ ဆိုကြပါတယ်။ ဒီကမ်းခြေမှာဆိုရင် လှပတဲ့ သဲများ၊ ပါတီနဲ့တူသော အငွေ့အသက်များ၊ တောင်ထွတ်များနဲ့ တကယ်ကို လှပတဲ့ ကမ်းခြေတစ်ခုပါပဲ။ ဒါ့အပြင် ရှုခင်းဗိသုကာပညာရှင် Roberto Burle Marx ၏ အဖြူအမည်း Mosaic ဒီဇိုင်းဖြင့် ကမ်းခြေသွားလျှောက်လမ်းကိုပင်လျှင် အမြင်အာရုံ ဆန်းပြားအောင် ဒီဇိုင်းလုပ်ထားပါတယ်။ ဒေသခံများအတွက် သာမက ကမ္ဘာလှည့်ခရီးသွားများကပါ သဘောကျ ကြိုက်နှစ်သက်တဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။
(၅) La Pelosa Beach, Sardinia, Italy

Photo : Viaggiando Italia
အီတလီနိုင်ငံ Sardinia မှာရှိတဲ့ La Pelosa ကမ်းခြေကလည်း လူသိများပြီး လှပတဲ့ ကမ်းခြေတစ်ခုပါ။ ဒီကမ်းခြေကလည်း လှပတဲ့ အဖြူရောင် သဲသောင်ပြင်နဲ့အတူ ပြာလဲ့သော ပင်လယ်ရေက ကွီးတို့အတွက် လန်းဆန်းပြီး ကျေနပ်စရာ စိတ်ခံစားချက်ကို ပေးစွမ်းပါလိမ့်မယ်။ ဒါ့အပြင် La Pelosa ကမ်းခြေရဲ့ အနီးနားမှာရှိတဲ့ Asinara ကျွန်းရှိ Aragonese မျှော်စင်သည် ကမ်းခြေရဲ့ မြင်ကွင်းကို ပြီးပြည့်စုံစေပါတယ်။
(၆) Elafonissi Beach, Crete, Greece

Photo : Pinterest
ကမ္ဘာ့အလှဆုံး ကမ်းခြေများ ထဲက နောက်တစ်ခုကတော့ ဂရိနိုင်ငံ Crete မှာရှိတဲ့ Elafonissi ကမ်းခြေပဲဖြစ်ပါတယ်။ Elafonissi ကမ်းခြေရဲ့ သဲသောင်ပြင်က အမှန်တကယ်တွင် ကုန်းမကြီးမှ ရေတိမ်ပိုင်းများကို သဲသောင်များဖြင့် ပိုင်းခြားထားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး ဒီရေတက်ချိန်တွင် သုံးပေခန့် ပျောက်ကွယ်သွားပါတယ်။ ဒီကမ်းခြေရဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့အရာကတော့ လှပသော ပန်းရောင်သဲများ ရှိခြင်းပါပဲ။ တစ်ခါတစ်ခေါက်လောက်တော့ သွားသင့်တဲ့ နေရာထဲတွင် ပါဝင်ပါတယ်။
ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ ကမ္ဘာ့အလှဆုံး ကမ်းခြေများ ပဲ ဖြစ်ပါတယ်။ ကမ်းခြေကြိုက်တဲ့ ကွီးတို့အတွက် တကယ်ကိုအကြိုက်တွေ့စေမှာ အမှန်ပဲ ဖြစ်ပါတယ်။
Source : Travel + Leisure
Featured Photo : Mansion Globel
