ဝိတ်ချနေတဲ့ ကွီးတို့အနေနဲ့ ဘော်ဒါတွေနဲ့ Bar ထိုင်တဲ့အခါ တော်တော်လေး တိုင်ပတ်ပါတယ်။ ဝီစကီ / ဘီယာ တို့လို အဖျော်ယမကာတွေမှာ များသောအားဖြင့် ကယ်လိုရီ ပါဝင်မှုက များတဲ့အတွက် ဝိတ်ချနေချိန်မှာ သောက်ဖို့အဆင်မပြေပါဘူး။ ဒါဆို ကယ်လိုရီ ပါဝင်မှုနည်းပြီး ဝိတ်ချနေသူတွေ စိတ်ချလက်ချသောက်လို့ရမယ့် ကော့လ်တေး Drinks တစ်ခု ညွှန်းပေးချင်ပါတယ်။

Photo : A Couple Cooks

ဒါကတော့ Vodka နဲ့ Soda ရောစပ်ထားတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ချိုချဉ်လန်းဆန်းစေတဲ့ အရသာနဲ့ ပါဝင်ပစ္စည်း ၃ မျိုးနဲ့သာ အဓိကဖျော်စပ်ပါတယ်။ Vodka Soda ကော့လ်တေးမှာ ဘာတွေပါသလဲဆိုရင်တော့ Vodka ၂ အောင်စ ၊ သံပုရာရည် အောင်စဝက်နဲ့ Soda Water ၄ အောင်စခန့်တို့ ရှိရုံနဲ့ အလွယ်တကူ ဖျော်စပ်နိုင်ပါတယ်။

Photo : A Couple Cooks

Vodka Soda ကော့လ်တေးက Bar တွေမှာ အမှာများတဲ့ ကော့လ်တေး တစ်ခွက်ဖြစ်သလို အိမ်မှာလည်း ကိုယ်တိုင် အလွယ်တကူ ပြင်ဆင်ဖျော်စပ် နိုင်ပါတယ်။ ဖျော်စပ်နည်း အဆင့်ဆင့်ကတော့ Highball ဒါမှမဟုတ် Lowball နှစ်သက်ရာ ဖန်ခွက်ထဲမှာ Vodka နဲ့ သံပုရာရည်ကို ရောထည့်ပြီး ရေခဲအနည်းငယ် ထပ်ဖြည့်လိုက်ပါ။ အပေါ်ကနေ Soda Water လောင်းထည့်ပြီး အစွမ်းကုန် Refreshing ဖြစ်စေတဲ့ Vodka Soda ကော့လ်တေး တစ်ခွက်နဲ့ Enjoy လုပ်နိုင်ပါပြီ။

Featured Photo : Franz von Durst