ကလပ်တတ်တဲ့နေရာမှာ ကွီးတို့ကိုစတိုင်ကျ ၊ ယုံကြည်မှုရှိပြီး သက်တောင့်သက်သာဖြစ်စေတဲ့ မိမိုက်တဲ့ဝတ်စုံကို ၀တ်ဆင်ချင်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်မှု နဲ့ နိုက်ကလပ်များတတ်ရာတွင် ကွီးတို့အနေနဲ့ ကိုယ့်ရဲခန္ဓာကိုယ်အမျိုးအစားနဲ့ လိုက်ဖက်ပြီး ဖက်ရှင် ခေတ်ရေစီးကြောင်းများနဲ့ မသွေဖယ်တဲ့ ဝတ်စုံများကို ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ကွီးတို့ သွားမဲ့နေရာပေါ် မူတည်ပြီး ဝတ်စုံကိုသေချာရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကလပ်တတ်ရာမှာ မိမိုက်နေစေဖို့ ကွီးတို့အတွက် ဝတ်စုံ အိုင်ဒီယာကောင်းများ ဝေမျှပေးချင်ပါတယ်။

ကလပ်တတ်ရာမှာ ဝတ်စုံ

Photo : Top Trends Guide

ကလပ်တတ်ရာမှာ မိမိုက်နေစေဖို့ ကွီးတို့အနေနဲ့ တန်ဖိုးကြီး ဝတ်စုံ ကို မဖြစ်မနေ ဝင်ဆင်ဖို့ မလိုအပ်သော်လည်း၊ ကွီးတို့ရဲ့ ဝတ်စုံက စတိုင်လ်ကျမှုနှင့် သက်တောင့်သက်သာရှိမှုတို့ကြား ဟန်ချက်ညီစေသင့်ပါတယ်။ မတ်တပ်ရပ်ဖို့ ဒါမှမဟုတ် တစ်ညလုံး ကခုန်ရမယ့် ကလပ်တစ်ခုကို သွားမယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ ဝတ်စုံမျိုးရွေးချယ်ပါ။ ဖိနပ်ကိုပါ သတိထား ရွေးချယ်ဖို့လိုပါတယ်။ ကြယ်သီးအပေါ်ဖြုတ်ပြီး ရှပ် နဲ့ ဘောင်းဘီ ဝတ်ဆင်ခြင်းက ကလပ်မှာ ဝတ်ဆင်ရန် ရေပန်းအစားဆုံး အင်္ကျီအမျိုးအစားများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အနက်ရောင် ဂျင်းဘောင်းဘီကို တီရှပ်အဖြူ နဲ့ တွဲဖက်ဝတ်ဆင်ပြီး အပေါ်က အပြာ‌ရောင် ဂျင်းဂျက်ကတ် ထပ်လိုက်ပါ၊ သို့မဟုတ် အမိုက်စား Chino ဘောင်းဘီနှင့် Blazer တစ်ထည်ကို ဝတ်ဆင်ခြင်းဖြင့်လည်း ကွီးတို့ရဲ့ ပုံစံကို မိမိုက်နေစေမှာပါ။

ကလပ်တတ်ရာမှာ ဝတ်စုံ

Photo : Top Trends Guide

ကွီးတို့ သွားရောက်မဲ့ ကလပ်ပေါ်မူတည်ပြီး ကွီးတို့ရဲ့ ဖက်ရှင်ကို လက်တွေ့ဆန်ပြီး ပိုမိုမြင့်မားသောအသွင်အပြင် ကိုပြောင်းလဲလိုက်ပါ။ ကလပ်တတ်ရာမှာ စတိုင်ကျသော ၀တ်စားဆင်ယင်မှုအတွက် ဝတ်စုံ နှင့် အံဝင်ခွင်ကျရှိပြီး လိုက်ဖက်တဲ့ ဖိနပ်ကို ဝတ်ဆင်ပါ။ စမတ်ကျပြီး ပေါ့ပေါ့ပါးပါးအသွင်အပြင်အတွက် ဂျင်းဘောင်းဘီကို ဝတ်ဆင်သည့်အခါ အဖြူရောင်ဖိနပ်၊ Suede Chukkas သို့မဟုတ် သားရေ Chelsea ဘွတ်ဖိနပ်ကို ရွေးချယ်လိုက်ပါ။ ဒါ့အပြင် ညို့အားပြင်းတဲ့ ဆွဲဆောင်မှု အတွက် အနက်ရောင် သားရေ ဂျက်ကတ်နဲ့ တစ်ကိုယ်လုံးကို All Black ဝတ်ဆင်လိုက်ပါ။

Class Dress

Photo : Top Trends Guide

ကွီးတို့အနေနဲ့ သီးသန့်ဆန်တဲ့ ကလပ်တွေ၊ Luxury ဆန်တဲ့ ကလပ်တွေကို သွားတဲ့အခါ ကွီးတို့ရဲ့ ကလပ်တတ်တဲ့ စတိုင်လ် ကိုလည်း တစ်ဆင့်မြှင့်တင်လိုက်ပါ။ ကွီးတို့အနေနဲ့ ခန့်ညားတဲ့ အသွင်အပြင် အတွက် ကုတ်ကိုဝတ်ဆင်ပြီး Semi Formal Look ကို ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။ သို့မဟုတ် ရိုးရှင်းသော အမည်းရောင် ရှပ်အင်္ကျီနဲ့ လက်ပတ်နာရီ ကောင်းကောင်းတစ်လုံး ဝတ်ဆင်ခြင်းကလည်း လုံလောက်ပါတယ်။ အထက်တန်းကျပြီး ပေါ့ပါးတဲ့ ပုံစံအတွက် ရှပ်အင်္ကျီအဖြူရောင်လည်း ရွေးချယ်လို့ရပါသေးတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကလပ်တတ်ရာမှာ မိမိုက်နေစေဖို့ ဝတ်စုံ အိုင်ဒီယာကောင်းများ ပဲဖြစ်ပါတယ်။ ကွီးတို့ အတွက် ညဘက် ဘားတွေ၊ ကလပ်တွေ သွားရာမှာ စတိုင်လ်ကျစေဖို့ ဝတ်ဆင်တဲ့နေရာမှာ အထောက်အကူပြု ပါလိမ့်မယ်။

Source : Top Trends Guide

Featured Photo :Deep in the Mix