ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့ လက်တွဲဖော် မဟေသီလေးနဲ့ ကလေးယူ ဖို့ ကြိုးစား နေပါသလား။ ဒါဆိုရင်တော့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေရှိပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ရင်သွေးလေး မွေးဖွားပေးခြင်းအတွက် အမျိုးသမီးတွေမှာ တာဝန်ရှိတယ်ဆိုပေမယ့် အမျိုးသားတွေက သန္ဓေတည်လာဖို့ ကြိုးစားတဲ့နေရာမှာ အက္ခရာကျနေပြန်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြပေးမယ့် အချက်များကို ဆောင်စရာရှိတာဆောင် ရှောင်စရာ ရှိတာ ရှောင်မှသာလျှင် ကွီးတို့ရဲ့ ကလေးယူ ဖို့ ကြိုးစား နေတဲ့ ကြိုးစားချက်တွေက အချည်းနှီးဖြစ်မသွားမှာပါ။

(၁) ကိုယ်အလေးချိန် လျော့ချပါ

ကိုယ်အလေးချိန် လျော့ချပါ

လေ့လာချက်များအရ အဝလွန်နေတဲ့ အမျိုးသားများသည် ကိုယ်အလေးချိန် ထိန်းတဲ့ အမျိုးသားများထက် မျိုးအောင်နိုင်ခြေ နည်းပါးပြီး အချိန်ပိုကြာတတ်ပါတယ်။ အမျိုးသားများရဲ့ အဝလွန်မှုသည် သူ့ရဲ့ သုတ်ပိုးအရည်အသွေးအပေါ်မှာ များစွာ အကျိုးသက်ရောက်မှုရှိနေပြီး သုတ်ပိုးများ အချိန်ကြာကြာ ကူးခတ်နိုင်ခြေကို လျော့ပါးစေတဲ့အပြင် သုတ်ပိုးထဲမှာ DNA မျိုးရိုးဗီဇ ချို့ယွင်းချက်များလည်း ပါဝင်နေတတ်တယ်လို့ လေ့လာချက်များက ဖော်ပြထားပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ

ကျန်းမာရေး

သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များထဲတွင် Antioxidants များ ကြွယ်ဝစွာ ပါဝင်နေပြီး ထိုအာဟာရများစွာ ပါဝင်နေတဲ့ အစားအစာများကို စားသုံးပေးခြင်းအားဖြင့် ကျန်းမာတဲ့ သုတ်ပိုးများကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ Antioxidants များ ကြွယ်ဝတဲ့ အစားအစာများအပြင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ၊ ပရိုတင်းဓာတ်များ၊ ကျန်းမာတဲ့ ပြည့်ဝဆီများကိုလည်း မှီဝဲစားသုံးဖို့ လိုအပ်ပါတယ်။

(၃) လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ

ကလေးယူ ကြိုးစား

ကွီးတို့အနေနဲ့ ကလေးယူ ဖို့ ကြိုးစား နေတယ်ဆိုရင် စိတ်ဖိစီးမှုများကို လျော့ချပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများကို လျော့ချဖို့အတွက်တော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက အကောင်းဆုံး နည်းလမ်းကောင်းပါပဲ။ ၂၀၁၄ ခုနှစ်တုန်းက ဖော်ပြထားတဲ့ လေ့လာချက်များအရ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်သူများနှင့် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သူများသည် Testosterone ဟော်မုန်းများ မြင့်မားပြီး အရည်အသွေးပြည့်မှီတဲ့ သုတ်ပိုးများကို ထုတ်လုပ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

(၄) အပူဒဏ်ကို သတိထားပါ

ကလေးယူ ကြိုးစား

ကွီးတို့အနေနဲ့ ရေပူစမ်းဆီသို့ မကြာခဏ သွားရောက်လည်ပတ်ခြင်း၊ ချွေးထုတ်ခန်း၊ ရေနွေးစိမ်ကန်များထဲတွင် အချိန်ကြာကြာနေခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ ထိုကဲ့သို့ အပူဒဏ်နဲ့ အချိန်ကြာကြာ ထိတွေ့မိတဲ့အခါ သုတ်ပိုးအရေအတွက်များ လျော့ကျသွားပြီး သုတ်ပိုး အရည်အသွေးလည်း လျော့ကျသွားတတ်ပါတယ်။ ဒါ့အပြင် လက်ပ်တော့ကို ပေါင်ပေါ်မှာ တင်ထားပြီး အသုံးပြုခြင်းသည်လည်း ကလေးယူဖို့ ကြိုးစားနေတဲ့ ကွီးတို့ ရပ်တန်းက ရပ်ပစ်သင့်တဲ့ အကျင့်ဆိုးတစ်ခုပဲဖြစ်ပါတယ်.​

(၅) ကိုယ်ဝန်ရဖို့အတွက် တွန်းအားပေးနေတဲ့ သိုင်းကွက်များ ထုတ်သုံးပါ

ကလေးယူ ကြိုးစား

ကွီးတို့ လက်တွဲဖော်နဲ့ ချစ်ကြည်နူး တစ်တီတူးတဲ့အခါ ကိုယ်ဝန်ရဖို့အတွက် တွန်းအားပေးနေတဲ့ သိုင်းကွက်များကို ထုတ်သုံးဖို့ လိုအပ်ပါတယ်။ Missionary သိုင်းကွက်၊ Doggie စတိုင်လ် သိုင်းကွက်များ၊ အမျိုးသမီးရဲ့ ခြေထောက်နှစ်ဖက်က အမျိုးသားရဲ့ ပုခုံးပေါ်မှာ တင်ထားတဲ့ သိုင်းကွက်၊ အမျိုးသမီးက အမျိုးသားရဲ့ ပေါင်ပေါ်မှာ နေရာယူပြီး နောက်ပြန် မြင်းစီးတဲ့ သိုင်းကွက် အစရှိတဲ့ သိုင်းကွက်များကို ထုတ်သုံးသင့်ပါတယ်။

ကလေးယူဖို့ ကြိုးစားနေတဲ့ ကွီးတို့လည်း ကိုယ့်ရဲ့ မျိုးဆက်လေးကို အမြန်ဆုံး ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း……

Source: Livescience

Featured Image: Freepik