ဘယ်သူမဆို ကိုယ် ချစ်ရတဲ့ သူနဲ့ အတူတူ သာယာပျော်ရွှင်ရတဲ့ အိမ်ထောင် မိသားစုတစ်ခုကို ထူထောင်ချင်ကြတာပါပဲ။ လင်မယား နှစ်ယောက်တည်း အေးအေးလူလူ နေရတဲ့ မိသားစု ဘဝကို ကြိုက်နှစ်သက်ကြတဲ့ စုံတွဲတွေလည်း ရှိကြသလို သားသမီးတွေနဲ့ အိမ်ရဲ့ ဆည်းလည်းလေးတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေကြတာကို သဘောကျတဲ့ စုံတွဲတွေလည်း ရှိကြပါတယ်။ ကွီးတို့စုံတွဲက သားသားမီးမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်တယ် ကလေး ယူ ဖို့ စဥ်းစားထားတယ်ဆိုရင်တော့ ချစ်တင်းနှော တဲ့အခါမှာ မလုပ်သင့်တဲ့ အရာများ ရှိပါတယ်။
တကယ်လို့ ကွီးတို့က ကလေး ယူဖို့ အစီအစဥ် ရှိပေမယ့် ချစ်တင်းနှော တဲ့အခါမှာ အခုဖော်ပြမယ့် အရာမျိုး ကျူးလွန်နေမိမယ်ဆိုရင်တော့ ကလေးရဖို့ အခွင့်အရေး နည်းပါးသွားနိုင်ပါတယ်။
အမှား နံပါတ် (၁) အက်ပ်လီကေးရှင်းကို ယုံစားလွန်းခြင်း
အခုနောက်ပိုင်းမှာ Ovulation App ဆိုတဲ့ အမျိုးသမီးများ ဓမ္မတာ လာခြင်းကို မှတ်ထားပေးတဲ့ အက်ပ်လီကေးရှင်းတွေ အများအပြား ပေါ်ပေါက်လာပါပြီ။ ထိုအက်ပ်လီကေးရှင်းတွေကို ယုံစားလို့ကတော့ ကွီးတို့ နားကားသွားပါလိမ့်မယ်။ ထိုအက်ပ်လီကေးရှင်းများက ဆေးပညာအရ မှန်ကန်ကြောင်း သက်သေပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် သူတို့သည် အမျိုးသမီးတွေရဲ့ မျိုးဥ ကြွေတဲ့ ရက် အတိအကျကိုလည်း မခန့်မှန်းပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ အက်ပ်လီကေးရှင်းက သတ်မှတ်တဲ့အတိုင်း ချစ်တင်းနှော တာမျိုး မဟုတ်ဘဲ ကွီးတို့ နှစ်ဦးသားစလုံး ချစ်တင်းနှော ချင်စိတ် ရှိတဲ့ အချိန်မျိုးမှာ ချစ်တင်းနှောရင်တော့ အကောင်းဆုံးပါပဲ။
အမှား နံပါတ် (၂) လုံလောက်အောင် ချစ်တင်းနှော မှု မရှိခြင်း
အချို့သော ပုရိသတွေက ကြိမ်ဖန်များစွာ ချစ်တင်းနှောခြင်းသည် သုတ်ပိုးရဲ့ ကွာလတီနဲ့ အရေအတွက်ကိုပါ လျော့ချပစ်လိုက်တယ်လို့ ထင်မှတ်ကြပါတယ်။ အဲ့ဒီလို ဖြစ်မှာစိုးလို့ လိုအပ်မှသာ ချစ်တင်းနှော တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ထင်မှတ်တာက အယူအဆ အမှားတစ်ခုပါပဲ။ ကလေးယူမယ့် စုံတွဲများအနေနဲ့ မ မျိုးဥ မကြွေခင် အချိန် ၂ ရက်အလိုနဲ့ ကြွေပြီး ၃ ရက် အလိုမှာတော့ မဖြစ်မနေ ချစ်တင်းနှောသင့်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ မျှော်လင့်နေတဲ့ ရလဒ်ကို ရရှိမှာပါ။
အမှား နံပါတ် (၃) ချောဆီ ရွေးချယ်မှု မှားယွင်းခြင်း
တကယ်လို့ ကွီးတို့ နှစ်ဦးသားစလုံးမှာ ချစ်တင်းနှော ဖို့ရန်အတွက် ခန္ဓာကိုယ်က ထွက်တဲ့ လုံလောက်တဲ့ သဘာဝ ချောဆီ မရှိဘူးဆိုရင် ချစ်တင်းနှော ရတာသည်လည်း ပျော်ရွှင်ဖို့ ကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ ချောဆီ အသုံးပြုဖို့ လိုအပ်လာပါပြီ။ ချောဆီ ရွေးချယ်တဲ့အခါမှာလည်း ပါဝင်ပစ္စည်းများကို သေချာ လေ့လာသင့်ပါတယ်။ အချို့သော ချောဆီများထဲတွင် ပါဝင်တဲ့ ပစ္စည်းများက သုတ်ပိုးများကို သေစေနိုင်ပါတယ်။ အချို့သော ချောဆီ ဂျယ်လ်များက ရေကို အခြေခံကာ ထုတ်လုပ်ထားတာဖြစ်ပြီး ကွီးတို့ သုတ်ပိုး ထုတ်လွှတ်ပြီးတဲ့နောက်မှာ သုတ်ပိုးများ အောင်မြင်စွာ ကူးခတ်နိုင်ဖို့ရန်အတွက် ကူညီပေးပါတယ်။ ဒါ့ကြောင့်မို့လို့ ချောဆီကိုလည်း သေချာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။
အမှား နံပါတ် (၄) သားဖွားမီးယပ် ဆရာဝန်ရဲ့ အကူအညီ မရယူလိုခြင်း
လက်ထပ်ထားတာလည်း အချိန်က ကြာနေပြီ ကလေးယူဖို့ ကြိုးစားနေပေမယ့် ဘယ်လိုမှ ကလေးမရနိုင်ဘူးဆိုရင်တော့ သားဖွားမီးယပ် ဆရာဝန်ထံ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ ဇနီးဘက်က လိုအပ်ချက်ရှိသလား၊ ယောကျာ်းဘက်က လိုအပ်ချက် ရှိသလား အစစ အရာရာ စစ်ဆေးပြီး ဆရာဝန် ညွှန်ကြားတဲ့ အချက်အလက်များကို လိုက်နာသင့်ပါတယ်။ အစားအသောက်ပိုင်းရော၊ နေထိုင်မှု ဘဝပိုင်းပါ ပြောင်းလဲကြည့်မယ်ဆိုရင် ကွီးတို့ လိုချင်တဲ့ မျိုးဆက်သစ်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကလေးယူဖို့ အစီအစဥ် အောင်မြင်ဖို့ရန်အတွက် ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။
Source: Martparents.sg
Featured Image: Cosmopolitan