အိမ်ထောင်သည် စုံတွဲတွေမှာ ကလေး မရတဲ့ ပြဿနာရှိရင် အမျိုးသမီးမှာ တစ်ခုခုမှားနေလို့လို့ ယူဆကြတာ များပါတယ်။ တကယ်တော့ အမျိုးသားတွေကြောင့်လည်း ကလေးမရနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသား မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကွီးတို့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
နေ့တိုင်း ချစ်တင်းနှောတာက ကလေးရဖို့ ရာခိုင်နှုန်း ပိုများစေလား ?
Photo : Positive Steps Fertility
လူတော်တော်များများကတော့ ဒီလိုထင်ကြတာပါပဲ။ တကယ်တော့ အကြိမ်အရေ များများချစ်တင်းနှောလေ ကလေး ရနိုင်ခြေ ပိုများလေ မဟုတ်ပါဘူး။ ပဋိသန္ဓေ တည်တယ် ဆိုတာဟာ အချိန်ကိုက်မှုနဲ့ အဓိက ဆိုင်တာပါ။ အမျိုးသမီးတစ်ဦးရဲ့ ရာသီစက်ဝန်းအရ ရာသီလာပြီး ၁၁ ရက်ကနေ ၁၇ ရက်အတွင်းမှာ ကိုယ်ဝန်ရဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်အတွင်းမှာ ချစ်တင်းနှောတာကပဲ ကိုယ်ဝန်ရစေဖို့အတွက် ရာခိုင်နှုန်းပိုများစေတာ ဖြစ်ပါတယ်။
အမျိုးသားတွေမှာ မျိုးပွားမှု စက်ဝန်းရှိလား ?
Photo : Inovi Fertility and Genetics Institute
အမျိုးသမီးတွေလို ရာသီလာပြီး ဘယ်နှစ်ရက်အတွင်းမှာ အတူနေရင် ကိုယ်ဝန်ရနိုင်ခြေ များတယ်ဆိုတဲ့ မျိုးပွားမှု စက်ဝန်းမျိုး အမျိုးသားတွေမှာ မရှိပါဘူး။ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအတွက်နဲ့ သုတ်ပိုးအရည်အသွေးကပဲ ကိုယ်ဝန်ရဖို့ အထောက်အကူ ဖြစ်စေတာပါ။ မနက်ခင်းမှာ အမျိုးသားတွေရဲ့ ကျားဟော်မုန်းဟာ အမြင့်ဆုံးအဆင့်မှာ ရှိနေပြီး သုတ်ပိုးအရေအတွက်ဟာ မနက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ချစ်တင်းနှောတာဟာ ကိုယ်ဝန်ရဖို့အတွက် အလားအလာ ပိုများတယ်လို့ သတ်မှတ်နိုင်ပါတယ်။
ခန္ဓာကိုယ် အလေးချိန်နဲ့ သုတ်ပိုးအရည်အသွေးက သက်ဆိုင်မှုရှိလား ?
Photo : My Expert Midwife
ကိုယ်အလေးချိန်များခြင်း သို့မဟုတ် ကိုယ်အလေးချိန် နည်းလွန်းခြင်း စတဲ့ ခန္ဓာကိုယ် အလေးချိန် ပမဏဟာ သုတ်ပိုးအရည်အသွေးနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိလားဆိုတဲ့ မေးခွန်းကိုတော့ အတိအကျ ဘယ်သူမှ မဖြေနိုင်ပါဘူး။ ဒါပေမယ့် အမျိုးသား တစ်ယောက်မှာ အသက်အရွယ် ၊ အရပ်အမြင့် အလိုက် ရှိသင့်ရှိထိုက်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် မရှိဘူးဆိုရင် ဟော်မုန်းမညီမျှမှု ၊ အာဟာရချို့တဲ့မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။ လေ့လာမှုတစ်ခုအရ BMI ၂၀ ကနေ ၂၅ ကြားရှိသူတွေဟာ အဝလွန်သူ သို့မဟုတ် ကိုယ်အလေးချိန်နည်းတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ပါက သုတ်ပိုးအရည်အသွေး ပိုကောင်းပြီး ကလေး ရနိုင်ခြေ ပိုများတယ်လို့ ဖော်ပြထားပါတယ်။
Source : Mensxp
Featured Photo : Men’s Health