ဆေးပညာလောကမှာ နာမည်ကြီး ဆောင်ပုဒ်တစ်ခုရှိပါတယ်။ ထိုဆောင်ပုဒ်ကတော့ ကာကွယ် ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည် ဆိုတဲ့ ဆောင်ပုဒ်လေးပဲဖြစ်ပါတယ်၊ ကွီးတို့လည်း ထိုစကားလေးကို ယုံမှား သံသယ မဖြစ်လိုက်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ လက်ရဲဇက်ရဲနဲ့ မျက်စိမှိတ်ထားကာ အရဲစွန့်လိုက်သမျှသည် နောင်တစ်ချိန်မှာ ကိုယ်ပဲ ကြုံတွေ့ခံစားရမှာဖြစ်ပါတယ်။

ဘာ့ကြောင့် ကြိုတင်ကာကွယ်သင့်သလဲ

pills and condoms

ကြိုတင်ကာကွယ်ထားခြင်းသည် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာများရဲ့ အန္တရာယ်မှ တားဆီးပေးထားလို့ပဲဖြစ်ပါတယ်။ ဥပမာ – လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ၊ အစီအစဥ် မရှိထားဘဲ ကလေးရသွားတဲ့ အဖြစ်မျိုးကနေ ကာကွယ်ဖို့ဆိုရင် ကွီးတို့သည် ဦးထုပ် အသုံးပြုကာ ကြိုတင်ကာကွယ်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့သာ ကြိုတင် ကာကွယ် မထားဘဲ မျက်စိမှိတ်ကာ စိတ်ကြိုက် အရဲစွန့်လိုက်မယ်ဆိုရင်တော့ တစ်ခုခု ယားယံလာတာနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားနေရပြီလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ သံသယ ပေါင်းများစွာကြားထဲမှာ ပိတ်မိသွားမှာပဲဖြစ်ပါတယ်။

သူ့ကို အန္တရာယ်များကြားမှ ကာကွယ်ဖို့လည်း လိုသလို ကျန်းမာနေအောင်လည်း ထားရပါမယ်

ကာကွယ် သံသယ

ကွီးတို့ စားသုံးလိုက်တဲ့ အစားအစာသည် ကွီးတို့ရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးမယ်ဆိုရင် သက်လုံကောင်းမယ်၊ အမောခံနိုင်မယ်၊ ဖဲမွေ့ယာထက်မှာ အကောင်းဆုံး စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို စားသုံးပါ။ အဆီ၊ အဆိမ့်များ ရှောင်ပါ။ သဘာဝ အဆီများကိုသာ မှီဝဲပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ များများ မှီဝဲပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။

ဆေးလိပ်သည် ကွီးတို့ ဖွားဖက်တော်အတွက်တော့ အကြီးမားဆုံး ရန်သူပါပဲ

ကာကွယ် သံသယ

ဆေးလိပ်သောက်ခြင်းသည် လိင်ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုတာကို ဆရာဝန်များက တစ်ညီတစ်ညွှတ်တည်း သဘောတူထားကြတာပဲဖြစ်ပါတယ်။ လေ့လာချက်များအရ ဆေးလိပ်သောက်တဲ့ အမျိုးသားအများစုထံတွင် ရွှေပန်းညှိုးရခြင်း ပြဿနာကို ကြုံတွေ့ရတယ်လို့ သိရှိရပါတယ်။ ဆေးလိပ်သောက်ခြင်းသည် သုတ်ပိုး အရေအတွက်နှင့် ကွာလတီကို ကျဆင်းသွားစေပါတယ်။ ဒါ့အပြင် လိင်တံဆီ သွေးများ ပေးပို့ရတဲ့ သွေးကြောငယ်များကို ပျက်စီးသွားစေပြီး ကွီးတို့ရဲ့ ညီလေး အိပ်ရာ တစ်သက်လုံး မနိုးလာအောင် တွန်းပို့နေတဲ့ အဓိက တရားခံဆိုလည်း မမှားပါဘူး။

ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ

ကာကွယ် သံသယ

ဘယ်လောက်ပဲ အကာအကွယ် အသုံးပြုပါစေ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများသည် ရောဂါ လက္ခဏာ မပြတတ်ပါဘူး။ ပကတိအကောင်းအတိုင်း ရှိနေတဲ့သူလိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုရောဂါများသည် အလွယ်တကူ ကူးစက်တတ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးမှု ခံယူမှသာလျှင် ရောဂါ ရှိ မရှိကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။​

ကွီးတို့ရော လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို ကြိုတင် ကာကွယ်ဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်လေ့ရှိပါသလဲ။

Featured Image: Freepik