ကား တွေကို သက်သက်သာသာ၊ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်တဲ့ နည်းပညာသစ်တွေ တီထွင်လာခဲ့ကြပါတယ်။ ကားမောင်းသူ အများစုအတွက် ရှုပ်ထွေးသော အီလက်ထရွန်နစ်ပစ္စည်းများကို အလုံးစုံ နားလည်ဖို့ အနည်းငယ်ခဲယဉ်းပေမဲ့လည်း အမှန်တကယ် အသုံးဝင်တာကို တွေ့ရပါတယ်။ ခေတ်မီ မော်တော်ကား နည်းပညာများဟာ ကားဝါသနာရှင်များ အတွက်တော့ အံ့မခန်းကျေနပ်မှုကို ရစေပါတယ်။ ဒါကြောင့် ကား တွေပေါ်မှာ တပ်ဆင်ထားတဲ့ အသစ်အသစ်သော နည်းပညာပိုင်းဆိုင်ရာ Features များ ထဲမှအချို့ကို လေ့လာမိသလောက် ဝေမျှပေးချင်ပါတယ်။
(၁) Remote Start

Photo : Car Seat Mom
ပထမဆုံးဖော်ပြပေးချင်တဲ့ ကား တွေပေါ်မှာ တပ်ဆင်ထားတဲ့ နည်းပညာပိုင်းဆိုင်ရာ Features များထဲက တစ်ခုကတော့ Remote Start ပဲဖြစ်ပါတယ်။ Remote Start ဟာ ရေဒီယိုထိန်းချုပ် စက်ပစ္စည်း တစ်ခုဖြစ်ပြီးတော့ အဝေးမှ ကားကို အလိုအလျောက် ထိန်းချုပ် နိုင်ပါတယ်။
(၂) Dual-Clutch Transmissions

Photo : J.D power
Dual-Clutch Transmissions ကတော့ အလိုအလျောက် ဂီယာပြောင်းစနစ်ဖြစ်တဲ့အတွက် ကားရဲ့လုပ်ဆောင်မှုကို တိုးတက်စေပါတယ်။ ဂီယာချိန်းတာ မြန်တဲ့အတွက် ဆီကုန် သက်သာစေပါတယ်။
(၃) High-End Stereos

Photo : Best Head Speakers
ကားများတွင် ပြတ်သားကြည်လင်သော အသံထွက်တွေ ရရှိဖို့အတွက် သီးခြား အီလက်ထရွန်နစ် အစိတ်အပိုင်းတွေကို တပ်ဆင်ထားပါတယ်။
(၄) Bluetooth Connectivity

Photo : Business Insider
ကားထဲမှာ Bluetooth ရှိရုံနဲ့ ကွီးရဲ့ ဖုံးကို ချိတ်ဆက်ပြီး ကြိုးမဲ့ ဆက်သွယ်နိုင်ပါတယ်။ ဖုန်းကို ကိုင်စရာမလိုတဲ့အတွက် ကားကို အန္တရာယ်ကင်းကင်းမောင်းနိုင်သလို သတင်းအချက်အလက်တွေကိုလည်း အခြားသူတွေကို မျှဝေနိုင်ပါတယ်။
(၅) Parking Cameras

Photo : GoMechanic
ကား တွေပေါ်မှာ တပ်ဆင်ထားတဲ့ နည်းပညာပိုင်းဆိုင်ရာ Features များက နောက်တစ်ခုကတော့ Parking Cameras တွေပဲဖြစ်ပါတယ်။ ယာဉ်မောင်းများ ကား ပါကင်းထိုးရာတွင် ရှေ့နောက် ဘေးဖက်ရှိ အရာဝတ္ထုတွေနဲ့ အခြားကားတွေရဲ့ အနေအထားကို သိရှိစေတဲ့အတွက် ဘေးကင်းလုံခြုံမှုကို ရရှိစေပါတယ်။
(၆) Active Anti-Roll Bars

Photo : Porche
Active Anti-Roll Bars ကတော့ ကားတွေမှာ တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ လမ်းမကောင်းတဲ့အခါ၊ အမြန်မောင်းနှင်တဲ့အခါ တွေမှာ တွေ့ကြုံရတဲ့ ကား မငြိမ်ခြင်းနဲ့ ကားဆောင့်ခြင်းကို လျော့နည်းစေပါတယ်။
(၇) Radar Cruise Control

Photo : Maserati
Millimeter-Wave Radar နဲ့ A Forward-Facing Camera ကို အသုံးပြုထားတဲ့ Cruise Control နည်းပညာဟာ ကွီးရဲ့ ရှေ့မှာရှိတဲ့ ကားရဲ့ အကွာအဝေးကို တိုင်းတာပေးပြီး ကွီးမောင်းနေတဲ့ကားရဲ့ အမြန်နှုန်းကို ချိန်ညှိပေးပါတယ်။ ဒါကြောင့် အဝေးပြေးလမ်းပေါ်တွင် မောင်းတဲ့အခါ ယာဉ်မောင်းတွေ ခံစားရတဲ့ ဖိစီးမှုများစွာကို လျော့နည်းစေပါတယ်။
(၈) Assisted Steering

Photo : JD Power
ကား တွေပေါ်မှာ တပ်ဆင်ထားတဲ့ နည်းပညာပိုင်းဆိုင်ရာ Features များထဲက နောက်ထပ် တစ်ခုကတော့ Steering System ပဲဖြစ်ပါတယ်။ ၎င်းဟာ ထိန်းကျောင်းမှုစနစ်တစ်ခုဖြစ်ပြီး အင်ဂျင်မှ လာသော အားကို အသုံးပြုကာ စတီယာရင်ဘီးကို အလွယ်အကူ လှည့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ အမှန်တကယ် မောင်းသူမဲ့နည်းပညာ မရောက်သေးသော်လည်း၊ စတီယာတိုင်ကို အချို့သောအခြေအနေများတွင် စိုးရိမ်စရာမလိုဘဲ ဖြေလျော့ထားလို့ရပါတယ်။ ဒါပေမဲ့ ဂရုပြုရန်လည်း လိုပါသေးတယ်။
(၉) Magnetic Ride Control

Photo : The Australian
Magnetic Ride Control ဟာ An Adaptive Suspension နည်းပညာ ကုန်အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာဟာ ကားတွေရဲ့ Shock Absorbers တွေကို ထိန်းညှိပေးပါတယ်။ လမ်းတွေရဲ့ အခြေအနေ ပြောင်းသွားတာနဲ့ စက္ကန့်ပိုင်းအတွင်း Shock Absorbers တွေကို ထိန်းချုပ်ပေးပါတယ်။
ကွီးတိုရေ အခုဖော်ပြပေးလိုက်တာကတော့ တကယ်လန်းတဲ့ ကား တွေပေါ်မှာ တပ်ဆင်ထားတဲ့ အသစ်အသစ်သော နည်းပညာ ပိုင်းဆိုင်ရာ Features များပဲ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာခေတ်မှာ အထက်က ပြောခဲ့တဲ့ နည်းပညာအသစ်တွေအပြင် Launch Control, Electronic Limited-Slip Differentials စတဲ့ အခြားသော နည်းပညာပိုင်းဆိုင်ရာ Features များလည်း ရှိပါသေးတယ်။
Source : Road and Track
Featured Photo : Repairer
