နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှာလည်း တိုးတက်ဖွံ့ဖြိုးလာပါတယ်။ ယနေ့ခေတ်မှာဆိုရင် ကမ္ဘာကြီးဟာ နည်းပညာခရီးလမ်းမှာ တော်တော်ပေါက်မြောက်ခဲ့ပြီး ဆက်လက်ပြီးလည်း လျင်မြန်စွာ တိုးတက်လျက်ရှိပါတယ်။ ထိုအထဲမှာ မော်​တော်ကား နည်းပညာများ လည်း အပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်လျှောက် မော်တော်ကား ထုတ်လုပ်သူတွေဟာ ၎င်းတို့ကားများကို ပိုမို ကောင်းမွန်သော စွမ်းဆောင်ရည်ရှိတဲ့ မော်ဒယ်လ်မြင့်ကားများ ဖြစ်အောင် တစ်နေ့ထက် တစ်နေ့ကြိုးစား ထုတ်လုပ်ခဲ့ကြပါတယ်။ ကား များရဲ့ နည်းပညာများ ကလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ထိပ်တန်း ကား နည်းပညာများထဲမှ ၃ ခုကို ဖော်ပြပေးချင်ပါတယ်။

(၁) Lane Keep Assist

ကား နည်းပညာများ

Photo : SKODA Storyboard

အခု ပထမဆုံးဖော်ပြပေးချင်တဲ့ Lane Keep Assist ကတော့ မော်တော်ကားများတွင် ထည့်သွင်းထားသော နောက်ဆုံးပေါ် ကား နည်းပညာများ ထဲမှ တစ်ခုဖြစ်ပြီး လမ်းကြောထိန်းကျောင်းမှုကို အထောက်အကူပေးတဲ့ အကောင်းဆုံး အင်္ဂါရပ် တစ်ခု ဖြစ်ပါတယ်။ ၎င်းက ကွီးတို့ အနေနဲ့ ကားအကြာကြီး မောင်းနှင်ခြင်း သို့မဟုတ် ညဘက်တွင် မောင်းနှင်လေ့ရှိပါက လမ်းကြောထိန်းခြင်း စတာတွေ အပြင် လမ်းပေါ်တွင် အချိန်တိုင်း ဘေးကင်းစေရန် ကူညီပေးတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပါတယ်။

ကားရဲ့စနစ်ရှိ ဆော့ဖ်ဝဲလ်က ကွီးတို့ ရှေ့ကိုမောင်းနှင်နေစဉ် လမ်းကြောတွင် ဗဟိုပြုနေစေပါတယ်။ ဒီနည်းပညာက ယာဉ်အား မောင်းနှင်သည့်လမ်းကြားအတွင်း၌ ထိန်းထားရန်နှင့် ၎င်းတို့အား ကျော်ထွက်သွားခြင်းမှ ရပ်တန့်စေရန် စတီယာရင်ကို အသုံးပြုပါတယ်။ ဒါ့အပြင် ဘီးများက လိုင်းများကို ဖြတ်ကျော်လာသည်နှင့်တပြိုင်နက်၊ ယာဉ်ကို ဗဟိုပြု၍ ဘေးကင်းစေရန်အတွက် လမ်းကြောကို ထိန်းပေးသည့် နည်းပညာပဲ ဖြစ်ပါတယ်။

(၂) Automatic Parking

ကား နည်းပညာများ

Photo : J.D Power

ကွီးတို့ရေ လူတော်တော်များများ အတွက်ကတော့ ကားမောင်းတဲ့နေရာမှာ အခက်ခဲဆုံး အပိုင်းကို ပြောပါဆိုရင် ကားပါကင် ထိုးရတာကို ပဲပြောမှာပါ။ ဒါ့ကြောင့် တိုးတက်လာတဲ့ ကားနည်းပညာများထဲမှာ အလိုအလျောက် ကားပါကင်ထိုးခြင်း (Automatic Parking) ဟာ ဖန်တီးတီထွင်မှုအရှိဆုံးနှင့် အားသာချက် အကောင်းဆုံး နည်းပညာများထဲမှ တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီနည်းပညာကို Lexus မှ ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ရာ ယခုအခါ မော်တော်ယာဥ်လောကတွင် အလိုအရှိဆုံးနည်းပညာများထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။ Automatic Parking အင်္ဂါရပ်သည် ယာဉ်မောင်းအား ဘာမှ လုပ်စရာမလိုဘဲ (ယာဉ်မောင်းအား ရံဖန်ရံခါ ဘရိတ်အုပ်ခိုင်းခြင်းမှတပါး) အလိုအလျောက် ကားပါကင် ထိုးပေးတဲ့ လုပ်ဆောင်မှုကို ဆောင်ရွက်ပေးပါတယ်။ ယနေ့ခေတ်တွင် ကားထုတ်လုပ်သူများက ၎င်းတို့ရဲ့ ယာဉ်များတွင် အလိုအလျောက် ပါကင်ထိုးခြင်း နည်းပညာကို ထည့်သွင်း လာကြပြီး ဝယ်ယူသူများကလည်း စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။

(၃) Voice Recognition

car technology

Photo : Volkswagen

Voice Recognition က ကား နည်းပညာများ ထဲမှာ အဆင့်မြင့်ဆုံး နည်းပညာဆိုင်ရာ အောင်မြင်မှုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသော နည်းပညာတစ်ခုဖြစ်ပါတယ်။ ယာဉ်မတော်တဆမှု တော်တော်များများက ယာဉ်မောင်းသူများ မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းကြောင့် ဖြစ်ပွားကြတယ်လို့ ဆိုပါတယ်။ ဒီနည်းပညာက ထိုကဲ့သို့သော မတော်တဆမှုများကို လျှော့ချပေးနိုင်ပါတယ်။

Voice Recognition နည်းပညာဖြင့် ယာဉ်မောင်းများသည် ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် ဖုန်းလက်ခံခြင်း၊ စာသားမက်ဆေ့ခ်ျများဖတ်ခြင်းနှင့် စာပြန်ခြင်း၊ လမ်းညွှန်ချက်များကို ရယူခြင်း၊ တေးဂီတဖွင့်ခြင်း သို့မဟုတ် ဗီဒီယိုများကဲ့သို့သော မာလ်တီမီဒီယာကို အသုံးပြုခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ ဒီနည်းပညာက လက်ရှိမှာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွင်ရှိနေဆဲဖြစ်သော်လည်း နောက်ပိုင်းတွင် ပိုမိုကောင်းမွန်လာမည်လို့ ခန့်မှန်းထားကြပါတယ်။

Source : Cars 24

Featured Photo : Gomechanic