စုံတွဲတွေ ချစ်တင်းနှော ပြီးချိန်မှာ များသောအားဖြင့် ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ အော်ဂဇင် ခံစားမှုကို ရကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ အတူနေပြီးနောက်မှာ မအီမသာ ခံစားရတာ ၊ ခေါင်းကိုက်တာ အပါအဝင် ထူးဆန်းတဲ့ အခြေအနေတွေကိုလည်း ကြုံရတက်ပါတယ်။ ဒီထဲကမှ ချစ်တင်းနှော ပြီးချိန်မှာ ပျို့အန်ချင်စိတ် ဖြစ်တာဟာ အများစုမှာ ကြုံရလေ့ရှိပြီး အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်ကိစ္စပြီးသွားတာနဲ့ ပျို့ပျို့ လာတာ ၊ အန်ချင်တာတွေ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလို့

Sexual Assault

Photo : Kicklighter Law

ကြမ်းတမ်းတဲ့ ဆက်ဆံမှုပုံစံဟာ အမျိုးသမီးတွေရဲ့ သားအိမ်ကို ပြင်းထန်တဲ့ လှုံ့ဆော်မှု ဖြစ်စေတဲ့အတွက် အော်ဂဇင် ရပြီးနောက်မှာ ပျို့အန်ချင်တဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ အလားတူပါပဲ လိင်ဆက်ဆံမှုပုံစံ Positions အနေအထား ရွေးချယ်မှုဟာ မိန်းမကိုယ်အတွင်း ပိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လေ သို့မဟုတ် ကြမ်းတမ်းပြင်းထန်တဲ့ ထိုးသွင်းဆက်ဆံမှု ဖြစ်လေ မသက်မသာ ခံစားချက်နဲ့အတူ ပျို့အန်ချင်တာ ၊ မူးဝေတာတွေ ခံစားရနိုင်ပါတယ်။

(၂) အာရုံကြောတွေရဲ့ တုန့်ပြန်မှုဖြစ်လို့

vagus nerve

Photo : Kineon

ချစ်တင်းနှောနေစဉ် သို့မဟုတ် ချစ်တင်းနှောပြီးနောက်မှာ ပျို့ပျို့ လာတာဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အာရုံကြောတွေရဲ့ တုန့်ပြန်မှုကြောင့် ဖြစ်တက်ပါတယ်။ အဓိကအားဖြင့်  ဦးနှောက် ၊ နှလုံးနဲ့ အစာခြေစနစ်တို့နဲ့ ဆက်စပ်နေတဲ့ Vagus Nerve လို့ခေါ်တဲ့  အာရုံကြောတွေကို အလွန်အကျွံ လှုံ့ဆော်လိုက်တဲ့အခါမှာ တုန့်ပြန်မှုအနေနဲ့ ပျို့အန်ချင်စိတ် ၊ မသက်မသာ ခံစားချက်တွေကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။

(၃) နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ရောဂါ ခံစားနေရလို့

Pelvic Inflammatory Disease (PID)

Photo : Instituto Bernabeu

လိင်ကတဆင့် ကူးစက်တဲ့ ကူးစက်ရောဂါတွေနဲ့ Pelvic Inflammatory Disease (PID) လို့ခေါ်တဲ့ နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ရောဂါဟာ အတူနေစဉ်အတွင်းမှာ မသက်မသာ ခံစားချက်ကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒီရောဂါပိုး အမျိုးအစားတွေဟာ အဖျားတက်ခြင်း ၊ ချမ်းတုန်ခြင်း ၊ ဗိုက်နာခြင်းနဲ့ လိင်ဆက်ဆံပြီးနောက် ပျို့အန်ခြင်းအပြင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုမရှိစဉ် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ ဆင်းခြင်းတို့ကို ဖြစ်ပေါ်စေတက်ပါတယ်။

(၄) အတိတ်က ထရော်မာတွေ ရှိလို့

Sexual Trauma

Photo : Lovin Malta

စိတ်ကျရောဂါ ၊ စိုးရိမ်ပူပန်မှုတွေ အပါအဝင် အတိတ်မှာ ကြုံခဲ့ရဖူးတဲ့ Sexual Trauma တွေဟာ လက်ရှိ လိင်မှုဘဝအပေါ်မှာ ဆိုးကျိုးတွေ များစွာ သက်ရောက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ မသက်မသာ ခံစားရစေတက်ပါတယ်။ အချို့လူတွေမှာ စိတ်ခံစားမှုဆိုင်ရာ ပြဿနာကြီးကြီးမားမား ကြုံရချိန်မှာ အန်ချင်တာ ၊ ပျို့ပျို့ လာတာမျိုးတွေ ဖြစ်တက်ပါတယ်။ ဒါကြောင့် အတိတ်မှာ Sexual Trauma ရှိထားသူတွေအနေနဲ့ လိင်ဆက်ဆံစဉ် သို့မဟုတ် ဆက်ဆံပြီးချိန်တွေမှာ ပျို့အန်ချင်စိတ် ဖြစ်စေတက်တာပါ။

Source : Yahoo

Featured Photo : Verywell Health