စိုင်းထီးဆိုင် သီချင်းလိုပါပဲ ” လူမှန်ရင်အချစ်ကမ္ဘာကိုရှာစမြဲမို့လေ” ဆိုသလို စာရေးသူတို့ လူသားတွေ အားလုံးဟာ အချစ်နဲ့ ကင်းကွာနိုင်ရိုး ထုံးစံမရှိပါဘူး။ ဒါပေမယ့် တော်တော်များများက ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ထက် အခြားသူတွေကို ချစ်ဖို့ကိုပဲ ဦးစားပေး ကြတာပါ။ တကယ့်တော့ ကိုယ့်ကိုယ်ကိုယ် မချစ်တက်သ၍ အခြားသူတွေကို ချစ်ဖို့မလွယ်သလို ချစ်ခဲ့ရင်တောင် ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံလာတဲ့အခါ အရာရာပြိုလဲပျက်စီးတဲ့ ခံစားချက်တွေကို ရပါလိမ့်မယ်။ ဒါကြောင့် အခြားသူတွေကို မချစ်ခင် Self-Love လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တက်လာအောင် Practice လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။

(၁) ကိုယ့်ကို ပျော်စေမယ့်အရာတွေ ရွေးလုပ်ပါ

Happy man playing on the guitar
Photo : Fortune

ကိုယ့်ကိုယ်ကိုယ်ချစ်တက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပျော်အောင် ထားဖို့က အရေးကြီးပါတယ်။ ဘယ်အရာတွေက ကိုယ့်ကို ပျော်ရွှင်စေလဲ ၊ ဘာတွေလုပ်နေရင် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ခံစားရလဲစေတာ သေချာလေး ဆန်းစစ်ပြီး ကိုယ့်ကိုယ် ပျော်ရွှင်စေမယ့် အရာတွေကို ဦးစားပေး ရွေးလုပ်ဖို့ အကြံပေးချင်ပါတယ်။

(၂) ကိုယ့်အတွက် သီးခြားအချိန်တစ်ခု သတ်မှတ်ထားပါ

me time
Photo : Hipwee

စာရေးသူတို့ ဘဝမှာ အသက်တွေ တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ အလုပ် ၊ မိသားစု ၊ စီးပွားရေး ၊ လူမှုရေး စတဲ့ တာဝန်ဝတ္တရားတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေက ပိုများလာပြီး ကိုယ့်အတွက်ကိုယ် အချိန်သိပ်မပေးနိုင်တဲ့ အချိန်တွေ ရှိလာတက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တက်အောင် လေ့ကျင့်သင်ယူတဲ့အခါ ကိုယ့်အတွက်ကိုယ် သီးသန့်အချိန်အပိုင်းအခြားတစ်ခု ကောင်းကောင်းပေးတက်ဖို့က မဖြစ်မနေ လိုပါတယ်။ Me Time တစ်ခုပေးပြီး ကိုယ့်အတွက်ကိုယ် ကောင်းကောင်း အချိန်ကုန်ဆုံးတာ ၊ သီးသန့်အချိန်လေးအတွင်းမှာ ကောင်းကောင်းနားပြီး ကိုယ်ဝါသနာပါတဲ့ အရာလေးတွေကို လုပ်ဆောင်တာ စသည်ဖြင့် လုပ်ပေးနိုင်ပါတယ်။

(၃) သေးငယ်တဲ့ အောင်မြင်မှုလေးတွေကအစ အသိမှတ်ပြု ဂုဏ်ယူပေးပါ

Celebrate Small Victories
Photo : TimeWellScheduled

မိမိကိုယ့်ကိုယ် အသိမှတ်ပြု ဂုဏ်ယူပေးဖို့ဆိုတာ ထင်သလောက် မခက်ပါဘူး။ ဘဝမှာ ကြီးကြီးမားမား အောင်မြင်မှုကြီးတွေ ရမှမဟုတ်ပါဘူး။ တစ်နေ့တာအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ ကောင်းမွန်တဲ့ လုပ်ရပ်လေးတွေ ၊ သေးငယ်တဲ့ အောင်မြင်မှုလေးတွေကအစ ကိုယ့်ကိုယ်ကိုယ် အသိမှတ်ပြု ဂုဏ်ယူတက်ဖို့ လိုပါတယ်။ သင်ဟာ သင့်ကိုယ်သင် ချစ်တက်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ ကိုယ့်ရဲ့ကြိုးစားမှုတိုင်းကို ကိုယ်တိုင်သိရှိနားလည်ပြီး ကောင်းကောင်း အသိမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။

(၄) ဆက်ဆံရေးတိုင်းမှာ သီးခြားစည်းလေးတွေ သတ်မှတ်ပါ

boundaries in relationships

Photo : HelpGuide.org

မိသားစု ၊ သူငယ်ချင်း ၊ ချစ်သူရည်းစား စတဲ့ ဘယ်လို ဆက်ဆံရေးမှာမဆို ကိုယ်ပိုင် သီးခြားနယ်နိမိတ်စည်းလေးတစ်ခု သတ်မှတ်ထားတာဟာ အကောင်းဆုံးပါပဲ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တက်ပြီး ကိုယ့်ကိုယ်ကိုယ်လေးစား တန်ဖိုးထားတက်သူတိုင်းမှာ ရှိတက်တဲ့ အလေ့အကျင့်တစ်ခုပါ။ သီးခြားစည်းလေးတွေ ကိုယ်တိုင်သတ်မှတ်လိုက်တဲ့အခါမှာ ဘယ်သူ့ဘယ်သူကြောင့်မှ သင့်ကိုယ်သင်ပျောက်ဆုံးသွားတော့မှာ မဟုတ်သလို ဘယ်သူနဲ့ဖြစ်ဖြစ် ကောင်းမွန်ပြီး တန်ဖိုးရှိတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်စေမှာပဲ ဖြစ်ပါတယ်။

Source : Knowledge For Men

Featured Photo : Stresscoach