စာရေးသူတို့ အားလုံးဘဝမှာ ကိုယ်တိုင်ပဲ ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေကြရတာပဲ မဟုတ်လား။ တိုးတက်ပြောင်းလဲမှုတွေ ရှိမှလည်း လှပတဲ့ အနာဂတ်ဘဝတစ်ခုကို ပုံဖော်နိုင်မှာပါ။ ဒီဘက်ခေတ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်သလို စိန်ခေါ်မှုတွေလည်း များပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲအောင် မကြိုးစားဘူးဆိုရင်တော့ အခြားသူတွေထက် ခြေတလှမ်းတော့ နောက်ကျနေမှာပါ။ ဒီနေရာမှာ သတိထားရမှာ အခြားသူတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေဖို့ကပဲ အဓိကမဟုတ်ပါဘူး။ ဘဝမှာ တကယ် တိုးတက်ချင်ရင် ကိုယ့်ကိုယ်ကိုယ်သာ စိန်ခေါ်ပြီး ကိုယ့်ရဲ့ နောက်ထပ် ပိုကောင်းတဲ့ ဗားရှင်းတစ်ခုကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Personal Growth ဖြစ်လာဖို့ ထိရောက်တဲ့ နည်းဗျူဟာ အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) လေ့လာမှုတွေ ဆက်လုပ်နေပါ

Keep learning

Photo : UKGI Insight

ဘဝမှာ အသက်ရှင်သန်နေသ၍တော့ လေ့လာသင်ယူမှုတွေက လုပ်နေရမှာပါ။ လေ့လာစရာတွေက ကုန်သွားတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ရောက်လာတဲ့ အသက်အရွယ်တစ်ခု ၊ နေရာတစ်ခုအပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် ထပ်ဖြည့်တင်းရမယ့် ဝမ်းစာတွေ အမြဲရှိနေပါတယ်။ လေ့လာသင်ယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေခြင်းက သင့်ဘဝကို တိုးတက်ပြောင်းလဲလာစေဖို့အတွက် လမ်းစတစ်ခုပါပဲ။

(၂) အသစ်သစ်တွေကို ရှာဖွေပါ

New Things

Photo : Thrive Global

ကွဲလွဲတဲ့ အယူအဆတွေ ၊ အတွေးအမြင်တွေနဲ့ အတွေ့အကြုံတွေဆိုတာ ပုံမှန်လုပ်နေကျ ပုံစံခွက်လို ဘဝထဲကနေတော့ ရနိုင်မှာမဟုတ်ပါဘူး။ ဆိုတော့ အသစ်သစ်သော New Things တွေကို Try ကြည့်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ လုပ်နေကျမဟုတ်တဲ့ ဝါသနာအသစ်တစ်ခုခုကို စမ်းသပ်တာ ၊ နေရာသစ်တစ်ခုကို ခရီးထွက်လိုက်တာ စသည်ဖြင့်ပေါ့။ ဒါဟာ Personal Growth ဖြစ်လာဖို့အများကြီး အထောက်အကူ ဖြစ်စေသလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်စွမ်းတွေလည်း တိုးတက်လာစေနိုင်ပါတယ်။

(၃) တီထွင်ဖန်တီး နိုင်စွမ်းကောင်းအောင် လေ့ကျင့်ပေးပါ

Creativity

Photo : LinkedIn

Creativity ဟာ Self-awareness ကို တိုးတက်ကောင်းမွန်စေပါတယ်။ တီထွင်ဖန်တီးမှုဟာ Personal Growth ဖြစ်လာဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှုကို မြှင့်တင်ပေးနိုင်တာပါ။ ဒါကြောင့် တီထွင်ဖန်တီး နိုင်စွမ်းကောင်းအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပြီး တီထွင်ဖန်တီး နိုင်စွမ်းကောင်းစေမယ့် ကခုန်ခြင်း ၊ ပန်းချီဆွဲခြင်း ၊ စာရေးခြင်း ၊ ဓာတ်ပုံရိုက်ခြင်း ၊ တူရိယာတီးခတ်ခြင်း ၊ ဟင်းချက်ခြင်း အပါအဝင် အခြားသော ဖန်တီးမှုဆိုင်ရာ စိတ်ပါဝင်စားမှု ဝါသနာတစ်ခုခုကို ရွေးချယ်လုပ်ဖို့ အကြံပေးချင်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်ပါ

Evaluate your life
Photo : Life Lessons from Heaven

မိမိရဲ့ဘဝမှာ တိုးတက်ပြောင်းလဲမှုတွေကို လိုလားတယ်ဆိုရင် မိမိကိုယ့်ကိုယ် အမြဲမျက်ခြေမပျက် ပြန်လည်သုံးသပ်နေဖို့ လိုအပ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တိုင်းမှာ တိုးတက်အောင်ဘာတွေလုပ်ခဲ့လဲ ၊ ဘာတွေလုပ်ဖို့ လိုနေသေးလဲဆိုတာကို ဆန်းစစ်သုံးသပ်ပြီး သေချာလေး သိမြင်နေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်အကဲဖြတ် ၊ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်နိုင်မှလည်း ကိုယ်သွားချင်တဲ့ ပန်းတိုင်ကဘာလဲ ၊ လိုချင်တဲ့ အနာဂတ်ဘဝဆိုတာ ဘယ်လိုလဲ သေချာသိပြီး ပန်းတိုင်တွေ အနာဂတ်တွေဆီကို သေချာပေါက် အရောက်လှမ်းနိုင်မှာပါ။

Source : Indeed

Featured Photo : Integrify