အလေ့အကျင့်တွေဟာ လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးပါတယ်။ နေ့စဉ်ပြုမူလုပ်ဆောင်တဲ့ အလေ့အကျင့်တွေကနေပဲ ကွီးတို့ကို ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေနိုင်သလို အချို့သောမကောင်းတဲ့ အလေ့အကျင့်တွေကြောင့်လည်း ကိုယ့်ဘဝကို မသိမသာ ဖျက်စီးနေမိတက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ရပ်တန်းကရပ်သင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေမိတဲ့ အလေ့အကျင့် တွေအကြောင်း ပြောပြပေးပါမယ်။

(၁) အလွန်အကျွံ စားသောက်ခြင်း

Photo : YaleNews – Yale University

အချိန်တိုအတွင်း အစားအသောက်တွေကို အလွန်အကျွံစားတဲ့ အလေ့အကျင့်ဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် လုံးဝမကောင်းပါဘူး။ ဒီလို မူမမှန်တဲ့ စားသောက်မှုပုံစံဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာနဲ့ ဆက်စပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အလွန်အကျွံစားပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ ခံစားရနိုင်ပြီး ရှက်ရွံ့ခြင်း ၊ စိတ်ဆင်းရဲခြင်းစတဲ့ ခံစားချက်တွေ ဝင်လာနိုင်သလို ကိုယ်အလေးချိန်လည်း အဆမတန်တက်လာနိုင်ပါတယ်။

(၂) စိတ်ထွက်ပေါက်ရဖို့ ငွေသုံးခြင်း

Money

Photo : Depledge Strategic Wealth Management

လူတိုင်း ပိုက်ဆံသုံးရတာ ကြိုက်ကြပါတယ်။ အချို့ဆိုရင် စိတ်ဖိစီးမှုတွေ ၊ ပင်ပန်းမှုတွေ ပြေလျော့သက်သာစေဖို့ ငွေသုံးတဲ့နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကြပါတယ်။ တကယ်တော့ ဒါဟာ ခဏတာ စိတ်ထွက်ပေါက်ပေးတဲ့ သဘောပါပဲ။ စိတ်ထွက်ပေါက်အတွက် ငွေကို အဆင်ခြင်မဲ့ သုံးစွဲတဲ့ အလေ့အကျင့် ဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝက ပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရောထွေးသွားစေပြီး ပိုဆိုးတဲ့ အခြေအနေတွေ ဖန်တီးလာနိုင်ပါတယ်။

(၃) လူတွေကို ဖက်တွယ်ခြင်း

Photo : LonerWolf

လူတွေနဲ့ လိုက်ရောညီထွေဖြစ်အောင် ပေါင်းသင်းနေထိုင်တဲ့ အလေ့အကျင့်က ကောင်းပါတယ်။ ဒါပေမယ့် လူတွေကို အရမ်းဖက်တွယ်ပြီး ကိုယ့်အနီးအနားပတ်ဝန်းကျင်က လူတွေအကြိုက်လိုက်ကာ နေထိုင်မယ်ဆိုရင်တော့ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အဆင်မပြေနိုင်ပါဘူး။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်ပေါ်မှာပဲ မူတည်နေသင့်တာပါ။ လူတွေကို အရမ်းဖက်တွယ်မှီခိုနေရင် ကိုယ့်ရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ ၊ မုန်းတီးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။

(၄) ဆိုရှယ်မီဒီယာနဲ့ ဂိမ်းအလွန်အကျွံ ကစားခြင်း

Video Game Addiction

Photo : Uswitch

ဆိုရှယ်မီဒီယာနဲ့ ဂိမ်းတွေဟာ ဒီဘက်ခေတ် လူငယ်တွေရဲ့ နေ့စဉ်ဘဝထဲက တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ အရာတွေပါပဲ။ သို့သော် ဆိုရှယ်မီဒီယာတွေ အလွန်အကျွံသုံးတာ ၊ ဂိမ်းတွေ အလွန်အကျွံ ကစားတာဟာ လက်တွေ့ဘဝနဲ့ ပိုမိုဝေးကွာလာနိုင်ပြီး စိတ်ဓာတ်ကျတာ ၊ အိပ်မပျော်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

Featured Photo : Baptist Health South Florida