လက်ပ်တော့နဲ့ အလုပ်လုပ်ရတဲ့ သူတွေအတွက်တော့ မီးမလာတာ ၊ အားသွင်းဖို့ မေ့သွားတာတွေကြောင့် အလုပ်လုပ်နေရင်း အားကုန်သွားတဲ့ အခါ တော်တော်လေး စိတ်ညစ်စရာပါ။ ဒါ့အပြင် အပြင်မှာ အလုပ်လုပ်ဖို့ သွားတဲ့အခါမှာလည်း အားသွင်းဖို့ နေရာရှာရတာကလည်း အလုပ်တစ်ခုပါပဲ။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ Power Bank လေးတစ်လုံး ဆောင်ထားတာလည်း မမှားပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ကိုယ့်လူတို့ အဆင်ပြေ ဖို့ သယ်ဆောင်သွားလို့ရတဲ့ လက်ပ်တော့ အားသွင်းလို့ရတဲ့ Power Bank အချို့ကို ဖော်ပြပေးချင်ပါတယ်။
Krisdonia 50,000mAh Power Pack

Photo : ebay
ပထမဆုံးဖော်ပြပေးချင်တဲ့ လက်ပ်တော့တွေအတွက် အကောင်းဆုံး Power Bank တစ်ခု ကတော့ Krisdonia 50,000mAh Power Pack ဖြစ်ပါတယ်။ ၎င်းရဲ့ Battery Capacity ကတော့ 50,000mAh ဖြစ်ပါတယ်။ ၎င်းမှာ အားသွင်းဖို့ အပေါက်လေးပေါက် ပါဝင်ပြီး စမတ်ဖုန်း ၊ တက်ဘလက် ၊ လက်ပ်တော့နှင့် အခြားစက်ပစ္စည်းများကို တစ်ပြိုင်နက် အားသွင်းနိုင်ပါတယ်။ အလေးချိန်ကတော့ ၁.၂ ကီလိုဂရမ် ရှိတာကြောင့် အနည်းငယ် လေးတာကတော့ စဉ်းစားစရာပါပဲ။
Maxoak 50,000mAh Power Bank

Photo : Love My Surface
ဒီ Power Bank မှာလည်း 50,000 mAh ပါဝင်ပြီး 185W အထိ ပါဝါပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ လက်ပ်တော့များအတွက် 20V/5A အားသွင်းပေါက် တစ်ပေါက် ၊ ဒစ်ဂျစ်တယ် ကင်မရာများအတွက် 12V/2.5A နဲ့ 5V/2.1A အားသွင်းပေါက် နှစ်ခု ၊ စမတ်ဖုန်းအများစုနှင့် တက်ဘလက်များအတွက် 5V/1A အားသွင်းပေါက် နှစ်ခုတို့ ပါဝင်ပါတယ်။ သူ့ရဲ့ အလေးချိန်ကလည်း ၁.၂၆ ကီလိုဂရမ် ရှိပါတယ်။ တစ်ပြိုက်နက်တည်း စက်ပစ္စည်း ၆ ခုကို အားသွင်းနိုင်တာတော့ ကိုယ့်လူတို့ အတွက် တော်တော်လေး အဆင်ပြေ စေမှာပါ။
Dell Power Companion PW7015L

Photo : Symbios
ကွီးတို့က Dell လက်ပ်တော့များကို အသုံးပြုနေတယ် ဆိုရင်တော့ ဒီ Power Bank က အကောင်းဆုံး ရွေးချယ်စရာပါပဲ။ ကျစ်လစ်ပြီး အလေးချိန်ကလည်း ၅၉၀ ဂရမ်သာ ရှိတာကြောင့် တော်တော်လေး ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူပါတယ်။ Battery Capacity ကတော့ 18,000mAh ဖြစ်ပြီး လက်ပ်တော့ အားသွင်းရန် အပေါက် နှစ်ခု ၊ စမတ်ဖုန်းနဲ့ အခြားစက်ပစ္စည်းများကို အားသွင်းဖို့ USB-A အပေါက်နှစ်ခု ပါရှိပါတယ်။ သို့သော်လည်း Dell လက်ပ်တော့ အသုံးပြုသူတွေ အတွက်သာ အဆင်ပြေ တဲ့ Power Bank ဖြစ်တာကတော့ စဉ်းစားစရာပါပဲ။
Anker PowerCore III Elite

Photo : Amazon
ဒီ Power Bank ရဲ့ Battery Capacity အနေနနဲ့ကတော့ 25,600 mAh ဖြစ်ပြီး USB-C အားသွင်းပေါက်နှင့် USB-A အားသွင်းပေါက် နှစ်ခုတို့ဖြင့် စက်ပစ္စည်း ၃ မျိုးကို တစ်ပြိုက်နက်တည်း အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် Bluetooth နားကြပ်ကဲ့သို့ ပါဝါနိမ့်သော စက်ပစ္စည်းများအတွက်လည်း ဘေးကင်းပြီး တည်ငြိမ်စွာအားသွင်းနိုင်ရန် အထူးထုတ်လုပ်ထားသည့် Trickle-Charging Mode လည်း ပါရှိပါတယ်။ အလေးချိန်ကလည်း ၅၇၀ ဂရမ်သာ ရှိတာကြောင့် သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူတော့ အပြင်မှာ အေးဆေးအလုပ်လုပ်ချင်တဲ့ ကိုယ့်လူတို့ အတွက် အဆင်ပြေ စေပါတယ်။
Biolite Charge PD 80

Photo : The Gadgeteer
Biolite Charge PD 80 ကတော့ အလေးချိန် ၄၆၅ ဂရမ်သာ ရှိတာကြောင့် ကျစ်လစ်ပြီးပေါ့ပါးတဲ့ Power Bank တစ်ခုပါ။ သူ့ရဲ့ Battery Capacity ကတော့ 20,000mAh ဖြစ်ပြီး USB-A အားသွင်းပေါက် နှစ်ပေါက်နဲ့ USB-C အားသွင်းပေါက် တစ်ပေါက်တို့ ပါရှိတာကြောင့် စက်ပစ္စည်း ၃ မျိုးကို တစ်ပြိုင်နက်တည်း အားသွင်းနိုင်ပါတယ်။ သို့သော်လည်း တစ်ချက်ရှိတာက ၁၃ လက်မ လက်ပ်တော့များအတွက်သာ သင့်လျော်တဲ့ Power Bank ဖြစ်တာကြောင့် ရွေးချယ်ဖို့ စဉ်းစားစရာပါပဲ။
ကဲ…… ကွီးတို့ရေ သူလာလာ မလာလာ မှုစရာမလိုအောင် လက်ပ်တော့ အားသွင်းနိုင်မဲ့ Power Bank ကို ရှာနေတာ ဆိုရင်တော့ ဒီဆောင်းပါးလေးက အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Source : Digital Camera World
Featured Photo : Make Teach
