ဘဝမှာ အောင်မြင်ဖို့ ထင်သလောက် မလွယ်ပါဘူး။ ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူ တစ်ယောက် ဖြစ်ဖို့ဆို ပိုပြီးတောင် ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထူးကိုယ်ချွန် အောင်မြင်လာသူတွေလည်း အများကြီး ရှိပါတယ်။ ကွီးတို့ရဲ့ ဘဝမှာလည်း ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့ အောင်မြင်သူတွေဆီကနေ အတုယူနိုင်မယ့် အလေ့အကျင့်ကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) သက်သာရာကို မရှာကြဘူး

Photo : Unsplash

အောင်မြင်ဖို့ ထိပ်ဆုံးရောက်ဖို့ဆိုရင် ဘဝကို သက်တောင့်သက်သာလေး ဖြတ်သန်းနေလို့ မရနိုင်ပါဘူး။ ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူအများစုဟာ တခြားသူတွေထက် နှစ်ဆပို အပင်ပန်းခံ ကြိုးစားကြသလို ကြိုးစားအားထုတ်မှုနဲ့ ပတ်သတ်ပြီးလည်း ဘယ်တော့မှ ဈေးမဆစ်ကြသူတွေ ဖြစ်ပါတယ်။

(၂) အောင်မြင်ဖို့အတွက် အလွယ်လမ်းမလိုက်ဘူး


Photo : Unsplash

ဖြတ်လမ်းနည်းနဲ့ အောင်မြင်လာတဲ့ ရေတိုအောင်မြင်မှုတွေကို အထင်မကြီးပါနဲ့။ အောင်မြင် မှုမှာ ဖြတ်လမ်းနည်းဆိုတာ မရှိပါဘူး။ အလွယ်လမ်းလိုက်ပြီး အောင်မြင်လာခဲ့ရင်တောင် အဲ့ဒီအောင်မြင်မှုဟာ ရေရှည်မခံပါဘူး။ ကိုယ်ထူးကိုယ်ချွန် အောင်မြင်သူတွေကတော့ ရေရှည်ရည်မှန်းချက်နဲ့ အခြေခိုင်တဲ့ အောင်မြင်မှုကို ဦးစားပေးကြပါတယ်။

(၃) ဘယ်တော့မှ အရှုံးမပေးဘူး

Photo : Unsplash

အောင်မြင်သူတွေရဲ့ ဘဝမှာလည်း သေချာပေါက် ကျရှုံးမှုတွေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတုန့်ပြန်သလဲဆိုတာပေါ်မူတည်ပြီး အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတဲ့ အဖြေက ကွာဟသွားတာပါ။ အောင်မြင်သူတွေဟာ စိတ်ကူးအိပ်မက်တွေကို လွယ်လွယ်လက်မလျော့တက်သလို ကျရှုံးမှုနဲ့ ကြုံလာရင်လည်း အကောင်းဆုံးသင်ခန်းစာယူပြီး ရှေ့ဆက်ကြသူတွေ ဖြစ်ပါတယ်။

(၄) စိတ်နဲ့ ခန္ဓာ ကျန်းမာရေးကို လျစ်လျူမရှု့ဘူး

Photo : Unsplash

အောင်မြင်မှု ခရီးလမ်းတစ်လျောက်မှာ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးဟာလည်း အရေးကြီးပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေမှ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အောင်မြင်သူတွေဟာ စိတ်နဲ့ ခန္ဓာ ကျန်းမာကြံ့ခိုင်ဖို့အတွက် နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ ၊ ကျန်းမာရေးနဲ့ အညီစားသောက်တာ ၊ အိပ်ရေးဝဝအိပ်စက်တာ စတဲ့ အလေ့အကျင့်တွေကို အလေးပေး လုပ်ဆောင်ကြပါတယ်။

Featured Photo : Breathe Cashflow