ကိုယ်ဝန်ဆောင်စဉ် အတွင်း အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းအတက်အကျတွေ အများကြီး ဖြစ်နေတာကြောင့် ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတွေ အများကြီး ရှိနေပါတယ်။ ဒီအချက်တွေကြောင့်ပဲ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒဟာလည်း ပုံမှန်အချိန်နဲ့မတူတဲ့ အပြောင်းအလဲတွေ ဖြစ်နေတက်ပါတယ်။ ဒီလိုအချိန်မှာ လိင်မှုကိစ္စလုပ်ဆောင်မယ်ဆိုရင် ကွီးတို့အနေနဲ့ ကြိုတင်သိထားရမယ့် အချက်တွေ ရှိပါတယ်။

(၁) ခန္ဓာကိုယ် ပုံစံပြောင်းလဲမှုတွေကို လက်ခံကြောင်း ပြောပေးပါ

sex during pregnancy

Photo : Parents

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် မှာ ကိုယ်ဝန် ပထမ ၃ ပတ်ကနေစပြီး ခန္ဓာကိုယ်ဟာ သိသိသာသာ ကိုယ်အလေးချိန် တက်လာတာကို မြင်ရမှာပါ။ ဒီအခြေအနေကြောင့် အမျိုးသမီးတွေရဲ့ သူတို့ရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်နဲ့ ပတ်သတ်ပြီး စိတ်လုံခြုံမှု မရှိတာ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျတာတွေ ခံစားကြရပါတယ်။ ကွီးတို့အနေနဲ့  ကိုယ့်ပါတနာရဲ့ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်နဲ့ ပတ်သတ်ပြီး စိတ်လုံခြုံမှုရှိစေမယ့် စကားလေးတွေ ပြောပေးဖို့ လိုပါတယ်။

(၂) ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်တွေကို တက်နိုင်သမျှ ရှောင်ပေးပါ

sex during pregnancy

Photo : The Well by Northwell – Northwell Health

အမျိုးသမီးတွေမှာ ကိုယ်ဝန် ပထမ ၃ ပတ်ဟာ ဟော်မုန်းအတက်အကျတွေကြောင့် စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေကို အပြင်းထန်ဆုံး ခံစားကြရပါတယ်။ အချို့ဆိုရင် ဒီ ပထမ ၃ ပတ်အတွင်းမှာ မနက်ပိုင်းဆိုရင် အပြင်းဖျားတာမျိုး ရှိတက်ပါတယ်။ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ပထမ ၃ ပတ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှု ခံစားရတက်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဒီကာလအတွင်းမှာ လိင်မှုကိစ္စလုပ်ဆောင်ဖို့ အတင်းအကြပ်ဖိအားပေးတာ ၊ တောင်းဆိုတာတွေကို ရှောင်သင့်ပါတယ်။

(၃) လူတစ်ယောက်နဲ့တစ်ယောက် လိင်စိတ်ဆန္ဒ မတူဘူးဆိုတာ လက်ခံထားပါ

sex during pregnancy

Photo : TopLine MD

အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒ ၊ လိင်စိတ်နိုးကြားတက်ကြွမှုတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အချို့က ကိုယ်ဝန်ဆောင်စဉ် ချစ်တင်းနှောခြင်းကို လုံးဝမနှစ်သက်ကြသလို အချို့ကတော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ Libido ပိုမြင့်ပြီး လိင်မှုကိစ္စ လုပ်ဆောင်ဖို့ကို ပိုမိုစိတ်အားထက်သန်ကြပါတယ်။ ဒီလို လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ လိင်စိတ်တက်ကြွမှုတွေ ရှိတာကြောင့် ကိုယ့်ပါတနာကရော ဘယ်ထဲမှာပါလဲ ဆိုတာ ဆန်းစစ်ပြီးမှ နှစ်ပါးသွားကသင့် မကသင့်ကို ဆုံးဖြတ်သင့်ပါတယ်။

(၄) ထိုးသွင်းဆက်ဆံမှုကပဲ အဓိကမဟုတ်ပါ

sex during pregnancy

Photo : Madison Women’s Health

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် တတိယ ၃ ပတ်ထဲကိုရောက်လာပြီဆိုရင် ချစ်တင်းနှောဖို့အတွက်အဆင်မပြေမှုတွေ ပိုပြီးရှိလာနိုင်ခြေ များပါပြီ။ လိင်မှုကိစ္စလို့ ပြောလိုက်တာနဲ့ ထိုးသွင်းဆက်ဆံခြင်းကိုပဲ ဦးတည်မစဉ်းစားဖို့တော့ သတိပေးချင်ပါတယ်။ ချစ်တင်းနှောဖို့လည်း အဆင်မပြေမှုတွေ ရှိနေမယ် ဒါပေမယ့် ကွီးတို့နဲ့ ကွီးတို့ပါတနာကြားမှာ ချစ်ခင်ရင်းနှီးမှုလည်း လျော့မသွားစေချင်ဘူးဆိုရင်တော့ လက် သို့မဟုတ် ပါးစပ်ကို အသုံးပြုပြီး ပွေ့ဖက်နမ်းရှုံ့တာ ၊ အပြန်အလှန် ပွတ်သတ်နှိုးဆွပေးတာ စတဲ့ နည်းလမ်းတွေနဲ့ လိင်စိတ်သာယာမှုကို ရှာလို့ရပါတယ်။

Source : Healthshots

Featured Photo : StarAndDaisy