လူအများစု သိချင်ကြတာက ကိုယ်ဝန်ဆောင်နေစဉ်မှာ ချစ်တင်းနှောရင် ဘေးကင်းရဲ့လား ဆိုတာပါ။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ် ချစ်တင်းနှောလို့ ရသလို ဒါဟာ ပုံမှန်ပါပဲ။ ဗိုက်ထဲက ကလေးကို ထိခိုက်မှု မရှိနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်မဆောင်မီနဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်း လိင်မှုကိစ္စ လုပ်ဆောင်ရာမှာ ကွာခြားချက် အချို့တော့ ရှိနိုင်ပါတယ်။ ကိုယ်ဝန်သက်ရင့်လာတာနဲ့အမျှ အတိအကျပြောရရင် ကိုယ်ဝန် ဒုတိယ ၃ လကို ကျော်လာတာလေ ပြောင်းလဲမှု အနည်းငယ်ရှိလာနိုင်ပြီး သက်တောင့်သက်သာ မဖြစ်တဲ့ ခံစားချက်မျိုးတော့ ကြုံတွေ့ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အတူနေတော့မယ်ဆိုရင် ပိုပြီး သက်တောင့်သက်သာ ရှိစေဖို့နဲ့ ခံစားမှုကောင်းမွန်စေဖို့ သိုင်းကွက် အချို့ကို မျှဝေပေးပါမယ်။
(၁) ဘေးတစောင်း ကပ်လျက် သိုင်းကွက်
Photo : Popsugar
Side-Lying သိုင်းကွက်လို့ ခေါ်ပါတယ်။ ပါတနာကို ဘေးတစောင်း အနေအထား လှဲလျောင်းစေပြီး သင်ကိုယ်တိုင်လည်း ပါတနာနဲ့ အတူ ကပ်လျက်ယှဉ်တွဲပြီး သိုင်းကွက်ခင်းရမှာပါ။ ဒီ Position ဟာ ကိုယ်ဝန်ဆောင်စဉ် မှာ သက်တောင့်သက်သာ အဖြစ်ဆုံး ခံစားချက်ကို ပေးမှာဖြစ်ပြီး အကယ်၍ အောက်ပိုင်းကို ဖိအားသက်ရောက်မှု များတယ်လို့ ခံစားရပါက ဒူးနှစ်လုံးကြားမှာ ခေါင်းအုံးတစ်လုံး ခုထားနိုင်ပါတယ်။
(၂) ကောင်းဘွိုင် မြင်းစီး သိုင်းကွက်
Photo : Daylily Paris
ကိုယ်ဝန်လွယ်ထားတဲ့ ပါတနာကို အပေါ်ကနေ ဦးဆောင်နေခိုင်းရမယ့် Position ဖြစ်ပါတယ်။ ဒီသိုင်းကွက်ဟာ ပါတနာရဲ့ ဗိုက်အပေါ် ဖိအားသက်ရောက်မှု နည်းစေသလို ထိုးဖောက်မှု အတိမ်အနက်နဲ့ Clitoral Stimulation နှစ်ခုလုံးကို သူမစိတ်ကြိုက် ထိန်းချုပ်ကိုင်တွယ်နိုင်မှာ ဖြစ်တာကြောင့် ခံစားမှုပိုကောင်းစေမှာ ဖြစ်ပါတယ်။
(၃) မတ်တပ် ကျောပေး သိုင်းကွက်
Photo : malaica.com
ပါတနာကို မတ်တပ်ရပ် အနေအထားနဲ့ နံရံမှာ လက်ထောက်စေပြီး သင်က အနောက်ကနေ လှုပ်ရှားရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ဟာ အနောက်ကနေ ထိုးဖောက်ဝင်ရောက် ရတာဖြစ်တဲ့အတွက် ဝမ်းဗိုက်အပေါ် ဖိအားတိုက်ရိုက် သက်ရောက်မှု မရှိသလို ခံစားမှုလည်း ပိုကောင်းစေပါတယ်။ အကယ်၍ မတ်တပ်ရပ်ရတာ သက်တောင့်သက်သာ မဖြစ်ဘူး ဒါမှမဟုတ် အခက်အခဲ ရှိတယ်ဆိုရင် ခုံပေါ်မှာ ဒူးထောက်စေကာ နံရံကို လက်ထောက်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးထားလို့ ရပါတယ်။
Source : What to Expect
Featured Photo : Plodnosc.pl