ကျွန်တော်တို့ဟာ အစားအများကြီးစားတာ၊ ညဘက်မှာ အစားစာတာ၊ လေ့ကျင့်ခန်းမလုပ်တာ စတဲ့ အကြောင်းအရာတွေဟာ ယေဘုယျအားဖြင့် ကိုယ်အလေးချိန် တတ်စေပြီး ဝလာစေတယ်ဆိုတာ ကွီးတို့ သိပြီးသားဖြစ်မှာပါ။ ဒါတင်မကသေးဘဲ ကွီးတို့ သတိမထားမိဘဲ လုပ်မိနေတတ်တဲ့ အချို့သော အလေ့အကျင့်တွေ၊ ပြုမူနေထိုင်မှုတွေကလည်း ကိုယ်အလေးချိန် တတ်စေပါတယ်။ ကွီးတို့ ဝိတ်ချဖို့ ကြိုးစားနေလျက်နဲ့ ကိုယ်အလေးချိန်ကျမသွားဘူးဆိုရင် ဒီလိုအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ သတိမထားဘဲ လုပ်မိတတ်တဲ့ ကိုယ်အလေးချိန် တတ်စေသော အကြောင်းအရင်းများကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးချင်ပါတယ်။

အိပ်ချိန်နည်းခြင်း

ကိုယ်အလေးချိန် တတ်စေသော

Photo : Discover Magazine

ကွီးတို့ရေ အိပ်စက်ခြင်းစက်ဝန်းက ကိုယ်အလေးချိန် တတ်တာနဲ့ ဆက်စပ်တယ်ဆိုတာ သိပါသလား။ ကွီးတို့အနေနဲ့ အလုပ်များလို့ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်တာ၊ အိပ်ချိန် ၅ နာရီထက် နည်းတာက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုထားပါတယ်။ အိပ်ရေးပျက်ခြင်းနဲ့ အိပ်ချိန်နည်းခြင်း နှစ်မျိုးစလုံးက ကွီးတို့ ခန္ဓာကိုယ်မှ အစာစားချင်စိတ်နှင့် ဆာလောင်မှုကို ထိန်းချုပ်သည့် ဟော်မုန်းများထုတ်ပေးခြင်းကို ဖယ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် အစားပိုစားမိပြီး ကိုယ်အလေးချိန် တက်စေပါတယ်။

ရေလုံလုံလောက်လောက် မသောက်ခြင်း

ကိုယ်အလေးချိန် တတ်စေသော

Photo :Mac’s Parmacy

ကွီးတို့ သတိမထားမိတဲ့ ကိုယ်အလေးချိန် တတ်စေသော အကြောင်းအရင်းများ ထဲကတစ်ခုကတော့ ရေလုံလုံလောက်လောက် မသောက်ခြင်း ပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူများက လူတစ်ယောက်အတွက် တစ်နေ့လျှင် ရေခြောက်ခွက် ကနေ ရှစ်ခွက် အထိသောက်ဖို့ အကြံပြုထားပါတယ်။ ရေတွင် ကယ်လိုရီလုံးဝမပါသောကြောင့် ကိုယ်အလေးချိန်ကို ထည့်တွက်စရာမလိုဘဲ အလုံအလောက် သောက်သုံးနိုင်ပါတယ်။ ရေကို လုံလောက်စွာ ‌သောက်သုံးခြင်းမရှိပါက ဆိုဒါတွေ၊ ဖျော်ရည်တွေ၊ သကြားတွေပါတဲ့ ကော်ဖီစတဲ့ အရာတွေကို သောက်မိနိုင်ခြေ ပိုများပါတယ်။ ၎င်းတို့တွင် ပါဝင်သော ကယ်လိုရီက ကွီးတို့ကို ဝိတ်တတ်စေပါလိမ့်မယ်။

စိတ်ဖိစီးမှု

ကိုယ်အလေးချိန် တတ်စေသော

Photo : Kindpong

ကွီးတို့ရေ စိတ်ဖိစီးမှုများကို ခံစားရပါကလည်း အစားစားချင်စိတ်ကို ပိုပြီးဖြစ်ပေါ်စေပါတယ်။ ထိုအစားစားချင်စိတ်ကြောင့် ကွီးတို့က ကျန်းမာရေးနှင့် မညီညွတ်သော ကယ်လိုရီများသော အစားအစာများကို စားမိနိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် ကွီးတို့ အမှန်တကယ် ဆာလောင်ခြင်း မရှိသော်လည်းပဲ အစားအစာများကို စားမိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျင်မြန်စွာ တတ်လာနိုင်ပါတယ်။

အဆာလွန်ခြင်း

man weight gain

Photo : The Telegraph

အစားတာ တစ်ခါနဲ့ တစ်ခါ အချိန်အလွန်အကျွံခြားသွားတာ ဒါမှမဟုတ် အစာလွန်သွားတာ စတာတွေကြောင့် ကွီးတို့ရဲ့ ဇီဝဖြစ်ပျက်မှု နှေးကွေးသွားပြီး ကွီးတို့နောက်စားမဲ့ အစာရဲ့ ကယ်လိုရီအကုန်လုံးကို လောင်ကျွမ်းနိုင်တော့မှာ မဟုတ်ပါဘူး။ ထိုကယ်လိုရီများက အပိုအလေးချိန်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် အစာစားချိန်ခြားလွန်းတာ၊ အလွန်အမင်း ဗိုက်ဆာတာကြောင့် အစားစာတဲ့အခါမှာ ပုံမှန်စားနေကျထက် ပိုပြီး စားမိနိုင်ပါတယ်။

တစ်နေ့လုံးထိုင်ခြင်း

man weight gain

Photo : NBC News

TV ရှေ့မှာ နာရီပေါင်းများစွာ မလှုပ်ပဲ အချိန်ဖြုန်းနေမိပါသလား။ ဒီလိုမဟုတ်ဘဲ အလုပ်ကြောင့် အထိုင်များနေပါသလား။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် တစ်နေ့တာလုံး ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ထိုင်နေမိတာမျိုး ဖြစ်တတ်ပါတယ်။ အထိုင်များတာ ဆက်တိုက်ဖြစ်လာရင် ကွီးတို့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အထိုင်များတာက ကိုယ်အလေးချိန် တတ်စေသော အဓိက အကြောင်းအရင်း တစ်ခုဖြစ်တဲ့အပြင် နောက်ဆက်တွဲအနေနဲ့ ဝမ်းချုပ်တာ၊ အညောင်းမိတာ၊ အဝလွန်တာမျိုးတွေ ဖြစ်လာနိုင်ပြီး ရောဂါကြီးကြီးမားမားတွေပါ ဖြစ်လာနိုင်ပါတယ်။

ကွီးတို့ရေ ဝိတ်ချနေလျက်နဲ့ ကိုယ်အလေးချိန်မကျတာမျိုး ဖြစ်နေလျှင် ဒီလိုအလေ့အကျင့်ဆိုးတွေ လုပ်မိနေလားဆိုတာ တစ်ချက်ပြန်ဆန်းစစ်ကြည့်ပါ။

Source : WebMD

Featured Photo : Eat This, Not That