ယနေ့ခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကီးဘုတ်များ ကလည်း ပုံသဏ္ဍာန်၊ အရွယ်အစား၊ စတိုင်လ် အမျိုးမျိုးနဲ့ ဈေးကွက်ထဲကို ရောက်ရှိလာကြပြီး ၎င်းတို့လုပ်ဆောင်ချက်များအပေါ် မူတည်၍ လူများရဲ့ စိတ်ကြိုက်ရွေးချယ်မှုများမှာလည်း ကွဲပြားသွားပါတယ်။ ကွီးတို့အနေနဲ့ Wireless ကိုလိုချင်ပါသလား၊ သယ်ဆောင်ရလွယ်ကူတာလား၊ Gaming Features များကို လိုချင်ပါသလား၊ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် PC နဲ့ Macbook တို့အတွက် အဆင်ပြေစေမဲ့ အကောင်းဆုံး ကီးဘုတ် အမိုက်စားတွေ ကို ဖော်ပြပေးချင်ပါတယ်။

Logitech MX Keys

ကီးဘုတ် အမိုက်စားတွေ

Photo : 9to5toys

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ Logitech MX Keys ကတော့ ကီးဘုတ် အမိုက်စားတွေ ထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်။ ၎င်းက သပ်ရပ်သော ဒီဇိုင်းနဲ့ အရွယ်အစားပြည့် ကြိုးမဲ့ကီးဘုတ် တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် စာရိုက်သည့်အခါ ကွီးတို့ရဲ့ လက်ချောင်းများကို အလယ်ဗဟိုသို့ ကျစေတဲ့ အချိုင့်ပုံစံ Keycaps များပါရှိသောကြောင့် အခြားရုံးသုံး Logitech ထုတ်ကုန်များနှင့် နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သော ခံစားချက်ကို ရရှိစေပါတယ်။

Hexgears Venture

ကီးဘုတ် အမိုက်စားတွေ

Photo : Kono Store

ဒီ ကီးဘုတ်ကတော့ ဂိမ်းဝါသနာရှင် ကွီးတို့အတွက်ရော၊ ရုံးသမားများအတွက်ပါ နှစ်မျိုးစလုံးကို ကောင်းစွာအညီအမျှ လိုက်ဖက်အောင် ထုတ်လုပ်ထားတဲ့ ကီးဘုတ်တစ်ခု ဖြစ်ပါတယ်။ ပေါ့ပါးပြီး ကျစ်လျစ်ပြီး ရိုးရှင်းသော ဒီဇိုင်းကြောင့် ရုံးခန်းများတွင် အသုံးပြုကြပါတယ်။ ၎င်းကို အားသွင်းနေစဉ် ကြိုးတပ်ပြီးလည်းကောင်း အားပြည့်အချိန်တွင် Wireless အနေနဲ့ အသုံးပြုနိုင်ပါတယ်။

Logitech MX Mechanical

ကီးဘုတ် အမိုက်စားတွေ

Photo : Engadget

ဒီကီးဘုတ်ကတော့ Wireless ကီးဘုတ်တွေထဲမှာ အကောင်းဆုံးလို့ပြော လို့ရပါတယ်။ ဒါ့အပြင် စမတ်ကျသော ဖွဲစည်းမှုဒီဇိုင်းနဲ့ မည့်သည်စက်နဲ့ဖြစ်စေ ချိတ်ဆက်လို့ရတာက ရွေးချယ်ဖို့ကောင်းတဲ့ အချက်တစ်ချက်ပါပဲ။ သက်တောင့်သက်သာရှိတဲ့ စာရိုက်ခြင်း ခံစားမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ စာများများရိုက်ဖို့လိုတဲ့ ကွီးတို့အတွက် သင့်တော်တဲ့ ကီးဘုတ်ပါပဲ။

Wombat Pine Professional

keyboard

Photo : Wombat Keyboards

ဒီကီးဘုတ်ကတော့ Mac Book အသုံးပြုသူများအတွက် Apple ၏တရားဝင် Mac ကီးဘုတ်များအပြင် အခြား ရွေးချယ်နိုင်တဲ့ ကီးဘုတ် အမျိုးအစားပါ။ ကြိုးနဲ့ဖြစ်စေ၊ ကြိုးမဲ့ ဖြစ်စေ ချိတ်ဆက်နိုင်တဲ့ ကီးဘုတ်တွေပါပဲ။ ဒါ့အပြင် အနက်ရောင်၊ မီးခိုးရောင်၊ အပြာနု၊ အစိမ်းနှင့် ပန်းရောင်စတဲ့ အံ့မခန်းအရောင်များနဲ့ ဒီဇိုင်းက ဆန်းသစ်သာ အမြင်ကို ရရှိစေပါတယ်။ ဒါ့အပြင် Windows၊ Linux၊ Android နှင့် iOS စက်ပစ္စည်းများနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

Logitech MX Keys Mini

keyboard

Photo : Laptop Map

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ကီးဘုတ် အမိုက်စားတွေ ထဲက တစ်ခုကတော့ Logitech MX Keys Mini ပဲဖြစ်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတဲ့ ကီးဘုတ်တွေကို ရှာဖွေနေတဲ့ ကွီးတို့ အကြိုက်တွေ့စေမဲ့ ကီးဘုတ်လည်း ဖြစ်ပါတယ်။ ဒီကီးဘုတ် Version ကလည်း Windows၊ Mac နဲ့ အခြားသော ပလပ်ဖောင်းအမျိုးမျိုးဖြင့် တွဲဖက်အသုံးပြုနိုင်သော်လည်း၊ Mac လုပ်ဆောင်ချက်များနှင့် ရရှိနိုင်သော Mac အတွက် သီးသန့်မျိုးကွဲလည်း ရှိပါတယ်။

ဒီအမိုက်စား ကီးဘုတ်တွေထဲမှာ ကွီးတို့အတွက် ဘယ်ကီးဘုတ်ကို ရွေးချယ်ချင်ပါသလဲ။

Source : Teach Advisor

Featured Photo : Appuals