ကျွန်တော်တို့ ယောကျာ်းလေးတိုင်း ကိုယ်သဘောကျနေတဲ့ ကောင်မလေး တစ်ယောက်က ကိုယ့်အပေါ် စိတ်ဝင်စားရဲ့လားဆိုတာ သိချင်ကြပါတယ်။ မိန်းကလေးတွေရဲ့ စိတ်ဟာ အမြင်တိုင်း ခန့်မှန်းရခက်တယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် အခုပြောပြမယ့် အချက်လေးတွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သူမဘက်က ကွီးတို့အပေါ် အလေးသာနေပြီဆိုတာ သိနိုင်ပါတယ်။

(၁) ကွီးတို့နဲ့ စကားတွေပြောဖို့ တက်ကြွနေမယ်


Photo : The Good Men Project

မိန်းကလေးတွေဟာ ခပ်ချေချေ လူသားတွေပါ။ သူတို့ စိတ်မဝင်စားတဲ့ ယောကျာ်းတစ်ယောက်နဲ့ အချိန်အကြာကြီး စကားတွေဖောင်ဖွဲ့ကို သိပ်ပြီး လုပ်လေ့မရှိကြပါဘူး။ ဒါပေမယ့် သူတို့တကယ် စိတ်ဝင်စားတဲ့ ယောကျာ်းလေးတစ်ယောက်ဆိုရင်တော့ တကယ်ပဲ တက်တက်ကြွကြွနဲ့ အားတက်သယော စကားတွေပြောတက် ကြပါတယ်။ ကွီးတို့နဲ့ စကားပြောဖို့ကို စိတ်ဝင်တစားရှိတယ်ဆိုရင်တော့ သူမဘက်က ကွီးတို့ကို သဘောကျနေတာ ဖြစ်နိုင်ပါတယ်။

(၂) မျက်လုံးတွေက ဖော်ပြနေမယ်

Photo : Her Way

မျက်လုံးတွေဟာ လူတစ်ယောက်ရဲ့ စိတ်ထဲကစကားတွေကို ဘာသာပြန်ပေးနေတဲ့ နေရာတစ်ခုလို့ ပြောကြပါတယ်။ စိတ်ရဲ့ အတွင်းထဲက ခံစားမှုတွေ ၊ စကားလုံးတွေကို မျက်လုံးတစ်စုံကို ကြည့်ရင် သိနိုင်ပါတယ်။ ကွီးတို့သဘောကျတဲ့ ကောင်မလေးက ကွီးတို့အပေါ် စိတ်ဝင်စားလား/ စိတ်မဝင်စားဘူးလား ဆိုတာကို မျက်လုံးတွေကနေတဆင့် အဖြေရှာကြည့်လို့ ရနိုင်ပါတယ်။

(၃) ကွီးတို့အကြောင်း ထောက်လှမ်းမယ်

Photo : HealthCentral

လူတစ်ယောက် အကြောင်းကို စိတ်ဝင်စားမှုမရှိပဲ ဘယ်မိန်းကလေးကမှ အတွင်းကျကျ မသိချင်ကြပါဘူး။ တကယ်လို့ ကွီးတို့နဲ့ တိုက်ရိုက်စကားပြောတဲ့အခါ ကွီးတို့ရဲ့ အကြောင်း ဥပမာ ကွီးတို့ကြိုက်တက်တဲ့ သီချင်းနဲ့ ရုပ်ရှင်တွေ ၊ ဝါသနာတွေ မေးမြန်းတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်ကနေ ကွီးတို့ကို စောင့်ကြည့်နေတာမျိုး ဆိုရင်တော့ ဒါဟာ ကွီးတို့ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။

(၄) မုန့်ထွက်စားဖို့ လက်ခံမယ်

Photo : UpJourney

အပြင်မှာ မုန့်ထွက်စားဖို့ ကွီးတို့အနေနဲ့ စကားစကြည့်တဲ့အခါ သူမဘက်က ကြည်ကြည်ဖြူဖြူ လက်ခံပေးတယ်ဆိုရင်တော့ အခြေအနေ တော်တော်လေး ကောင်းနေပြီလို့ ဆိုရမှာပါ။ ဒါဟာ ကွီးတို့နဲ့ သူမရဲ့ကြား အရင်းနှီးဆုံး ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် ပထမအဆင့် မီးစိမ်းပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် မကြာခင်မှာ ချစ်သူတွေအဖြစ် အဆင့်တက်နိုင်ပြီပဲ ဖြစ်ပါတယ်။

Featured Photo : Wired Italia