လိင်မှုကျန်းမာရေး ရှုထောင့်အရ ပြောရမယ်ဆိုရင် ချစ်သူလေးနဲ့ ဒိတ်မလုပ်ခင်မှာ ကြိုတင် တစ်ကိုယ်ရည် အာသာဖြေထားတာက ကောင်းကျိုးတွေ များစွာရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ချိန်းတွေ့မှုမတိုင်ခင်မှာ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဖိအားတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်သလို ကွီးတို့ မသိသေးတဲ့ နောက်ထပ် အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ရှော်တီလေးနဲ့ မဒိတ်ခင်မှာ ဘာကြောင့် လက်သိုင်းကျင့် သွားသင့်လဲဆိုတာ ပြောပြပေးပါမယ်။
(၁) စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေကို ပြေလျော့စေတယ်
Photo : MDLinx
အထူးသဖြင့် ကွီးတို့ သဘောကျတဲ့ မိန်းကလေးနဲ့ ပထမဦးဆုံး ဒိတ်လုပ်တဲ့ အချိန်မျိုးမှာ စိတ်လှုပ်ရှားရင်ခုန်မှုတွေကြောင့် အနည်းနဲ့အများ ဖိအားတွေ ၊ စိတ်ပိုင်းဆိုင်ရာ တင်းမာတွေကို ခံစားရတက်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေကို ပြေလျော့သက်သာစေပြီး စိတ်အခြေအနေ သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းက စိတ်ရဲ့ တင်းမာမှုတွေ ၊ ဖိအားတွေကို ပြေလျော့သက်သာစေပြီး ပေါ့ပေါ့ပါးပါးနဲ့ ယာယီစိတ်ကြည်လင်ပေါ့ပါးမှုကို ခံစားရစေပါတယ်။
(၂) ခေါင်းကြည်စိတ်ရွှင် လူလန်းစေတယ်
Photo : The Asian Age
ဒိတ်မလုပ်ခင် လက်သိုင်းကျင့် တစ်ကိုယ်ရည် အာသာဖြေ ထားခြင်းကြောင့် ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေ ၊ ဖိအားတွေဟာ အနည်းနဲ့အများ သက်သာလျော့ပါး နေမှာပါ။ ဒီအခါမှာ ကွီးတို့ရဲ့ အတွေးတွေ ၊ စိတ်ခံစားမှုတွေဟာ ကြည်လင်ရှင်းလင်းပြီး တက်ကြွပျော်ရွှင် နေပါလိမ့်မယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ခံစားချက်တွေကို ဖြစ်ပေါ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးနိုင်တာကြောင့် ကောင်မလေးနဲ့ ဒိတ်လုပ်ချိန်မှာ ခေါင်းကြည်စိတ်ရွှင်ပြီး ပျော်ရွှင်မှု ခံစားချက်ကို အပြည့်အဝ ခံစားနိုင်ပါလိမ့်မယ်။
(၃) လိင်မှုစွမ်းရည်ကောင်း ပြသနိုင်စေတယ်
Photo : South China Morning Post
တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်မှုကို ရှာဖွေဖြည့်ဆည်းပေးတဲ့ နည်းလမ်းတစ်ခုဖြစ်သလို ပါတနာနဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ချိန်မှာလည်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသစေနိုင်ဖို့ ကူညီပေးပါတယ်။ လိင်မဆက်ဆံခင် ကြိုတင် လက်သိုင်းကျင့် တဲ့အခါမှာ အချိန်ခဏလေးအတွင်းမှာ သုတ်လွှတ်မြန်တဲ့ ပြဿနာ ၊ လိင်တံထောင်မတ်မှု ကျဆင်းတဲ့ ပြဿနာတွေကို အဖြစ်နည်းစေပြီး အိပ်ရာထက်မှာ စွမ်းဆောင်ရည် ပြည့်ဝတဲ့ ကျားတစ်ကောင်အသွင်ကို ပြောင်းလဲပေးနိုင်ပါတယ်။
Source : Lifehacker
Featured Photo : Newsweek