ခန့်မှန်းရခက်တဲ့ အရာတွေထဲမှာ အမျိုးသမီးများရဲ့ စိတ်သည်လည်း တစ်ခုအပါအဝင်ပါပဲ။ သူတို့က “အင်း” လို့ ပြောတဲ့အရာက “ဟင့်အင်း” ၊ “ဟင့်အင်း” လို့ ပြောတဲ့အရာက “အင်း” လည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ကောင်မလေးရဲ့ စိတ်ကို သေချာနားလည်ထားဖို့ လိုပါလိမ့်မယ်။ တခါတလေမှာ ကိုယ့် ကောင်မလေး ရဲ့ အပြုအမူတွေက ကိုယ့်က တကယ်မချစ်ဘဲ ပလေး နေသလားလို့တောင် ထင်မှတ်ရတတ်ပါတယ်။

ကွီးတို့ အနေနဲ့ ကိုယ့်စိတ်ထဲမှာ အဲ့ဒီလို သံသယစိတ်ဝင်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။

သင့်ကို ဂရုစိုက်နေသလား (သို့) သူ့ကိုယ်သူပဲ အလေးပေးနေသလား

couple

အင်မတန် တစ်ကိုယ်ကောင်း ဆန်ပါတယ်ဆိုတဲ့သူတောင် သူ အမှန်တကယ် ချစ်တဲ့သူနဲ့ တွေ့တဲ့အခါ သူ့အပြုအမူများသည် ပြောင်းလဲသွားပြီး သူ့ကိုယ်သူ ဂရုစိုက်ဖို့တောင် မေ့သည်အထိ သင့်ကို ဂရုစိုက်မှာပါ။ တကယ်လို့ ကွီးတို့ရဲ့ ချစ်သူ ကောင်မလေး က ကွီးတို့ကို တကယ်မချစ်ဘဲ ပလေး နေတာဆိုရင်တော့ ကွီးတို့ကို မျက်ကွယ်ပြုထားပြီး သူတို့ကိုယ်သူပဲ ဂရုစိုက်နေမှာဖြစ်ပါတယ်။

သင့်ရဲ့ အကျင့်က ဘယ်လောက်ပဲ ဆိုးဆိုး သင့်အပေါ်မှာ စိတ်ရှည် သည်းခံတတ်သလား

couple

လူတိုင်းမှာ မကောင်းတဲ့အကျင့်လေးတွေ တစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကို တကယ်ချစ်တဲ့သူကတော့ ကိုယ့်ရဲ့အကျင့်တွေက ဘယ်လောက်ဆိုးနေပါစေ ကိုယ့်အပေါ် ငြိုငြင်သွားခြင်းမရှိဘဲ စိတ်ရှည် သည်းခံစွာနဲ့ ကိုယ့်ဘေးနားမှာ တစ်ချိန်လုံး ရှိနေပေးပါတယ်။​ သင့်ကို တကယ်မချစ်တဲ့သူကတော့ ထိုအရာကို အကြောင်းပြချက်ပေးပြီး သင့်ကို စွန့်ခွာသွားပါလိမ့်မယ်။

သင့်အတွက်ဆိုရင် ဘယ်အရာမဆို စွန့်လွှတ်ရဲရဲ့လား

ကောင်မလေး ပလေး

သင့်ရဲ့ ကောင်မလေးက သူ့အတွက် လိုအပ်တဲ့အရာတွေကိုတောင် စွန့်လွှတ်ပြီး သင့်အတွက် ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပါသလား။ ဥပမာ – သူ့မှာ မနက်ဖြန်အတွက် အပြီးသတ်ရမယ့် ပရောဂျက်ရှိတာကို သင့်မှာ အကူအညီလိုနေလို့ဆိုပြီး သင့်ကို အရင်ဦးစားပေးကာ သူ(မ)ရဲ့ ကိစ္စကို နောက်ပို့လိုက်တာမျိုးတွေ ရှိတယ်ဆိုရင် ဒါသည် သူ(မ)က သင့်ကို ပလေးနေတာမဟုတ်ဘဲ အမှန်တကယ် ချစ်လို့ပဲဖြစ်ပါတယ်။

သင့်ကို ဒီ့ထက် ပိုတော်တဲ့သူတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနေသလား

ကောင်မလေး ပလေး

သင့်ကို ယဃုလက်ရှိ လူသားတစ်ယောက်ထက် ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်အောင် သင့်ရဲ့ ချစ်သူကောင်မလေးက တွန်းပို့ပေးနေသလား။

တကယ်ချစ်တဲ့သူတွေသည် ကိုယ် ချစ်ရတဲ့သူ ကောင်းစားတာကိုပဲ လိုလားကြတာပါ။ တကယ်မချစ်ဘူးဆိုရင်တော့ သင် တဖြည်းဖြည်း ဆုတ်ယုတ်သွားလည်း သူတို့က အနေသာကြီးလို နေနေကြမှာပါ။

သင့်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ သင့်အနားကနေ တစ်ဖဝါးမှ မခွာဘဲ နေနေသလား

ကောင်မလေး ပလေး

သင် အခက်အခဲများ ကြုံတွေ့ရချိန်မှာ သင့် အနားကနေ တစ်ဖဝါးမှ မခွဲဘဲ သင့်ကို အားပေးနေတယ်။ လက်မလျော့အောင် ဘေးနားကနေ အဖော်ပြုပေးနေတယ် အစရှိသည်တို့သည် သင့်ကို တကယ်ချစ်တဲ့သူသာ ပြုလုပ်နိုင်မှပါ။ သင့်ကို တကယ်မချစ်တဲ့သူကတော့ သင် အခက်အခဲများကြောင့် စိတ်ညစ်နေရချိန်မှာ သင့်ကို ထားခဲ့မှာပဲဖြစ်ပါတယ်။

သူ့ရဲ့ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် မိတ်ဆက်ပေးသလား

ကောင်မလေး ပလေး

သင့်ရဲ့ ကောင်မလေး သည် သင့်ကို သူ့ရဲ့ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် မမိတ်ဆက်ပေးဘဲ တိုးတိုးတိတ်တိတ် Silent တွဲနေတာဆိုရင်တော့ သင်သည် ပလေး ခံနေရတာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ Silent အတွဲ ခံနေရတယ်ဆိုတာ နှစ်မျိုးပဲ ဖြစ်နိုင်ပါတယ်။ သူ့မှာ ရည်းစား ရှိပြီးသားဖြစ်နေလို့ (သို့) သင့်ကို သူ့ရဲ့ သူငယ်ချင်းများ ၊ မိသားစုဝင်များနှင့် မိတ်ဆက်ပေးရမှာ ရှက်လို့ပဲဖြစ်ပါတယ်။

ကဲ… ကွီးတို့ရေ ဒါဆိုရင်တော့ ကိုယ့်ကောင်မလေးက ကိုယ့်ကို တကယ်ချစ်တာလား၊ ပလေးနေတာလားဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Inspiringtips

Featured Image: Freepik