လူမှုဆက်ဆံရေးမှာ အလိုက်သတိနဲ့ ရှောင်ကြဉ်သင့်တဲ့အချက်တွေ အများကြီးပဲ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးပြေပြစ်ချင်တယ်ဆိုရင် အပြောမမှားဖို့ လိုပါတယ်။ အချစ်ရေးမှာလည်း ဒီအတိုင်းပါပဲ။ သိပ်ချစ်ကြတဲ့ အတွဲတွေတောင် အမေးမတတ်တဲ့ မေးခွန်း တစ်ခုကြောင့် ပြဿနာတွေ တစ်သီကြီး တက်သွားနိုင်ပါတယ်။ ကွီးတို့ရဲ့ ကောင်မလေး နဲ့ အချစ်မပြတ်ချင်ဘူးဆိုရင်တော့ ဒီမေးခွန်းလေးတွေ ရှောင်ဖို့ လိုမှာပါ။
(၁) ရည်းစားဘယ်နှစ်ယောက် ထားခဲ့သလဲ
Photo : MensXp
ဒီမေးခွန်းတွေက ချစ်စကို တိုစေတဲ့ မေးခွန်းပါပဲ။ လူမုန်းများတဲ့ မေးခွန်းတွေထဲမှာ ကိုယ့်ချစ်သူကို ဘယ်နှစ်ယောက်နဲ့ ရည်းစားဖြစ်ခဲ့လဲ ဆိုတဲ့ မေးခွန်းလည်း ပါဝင်ပါတယ်။ ဒီမေးခွန်းမျိုးကို ဘယ်ကောင်မလေးမှလည်း လိုလိုလားလား ဖြေချင်ကြမှာ မဟုတ်ပါဘူး။
(၂) ဟိုကိစ္စမှာ အရင်ရည်းစားထက် ကိုယ်က ပိုပြီး စွမ်းသလား
Photo : MensXp
“အရင်တုန်းက မင်းနဲ့ အိပ်ခဲ့တဲ့ ကောင်တွေထက် ငါက သာတယ်မလား” လို့ အဓိပ္ပါယ်ပါတဲ့ မေးခွန်းမျိုးနဲ့ သင့်ကောင်မလေးကို သွားပြီး စကားစ,မိရင် ပြဿနာတက်နိုင်ပါတယ်။ တချို့တွေက ကိုယ့်ကိုယ်ကိုယ် အရင်လူထက် သာပါတယ်လို့ ကိုယ့်ကောင်မလေး ပါးစပ်က ထွက်မှ စိတ်ချမ်းသာတဲ့ Psycho ရှိတတ်ကြပါတယ်။ ဘယ်သူမဆို အကြောင်းဆုံလို့ ပေါင်းခဲ့ပြီး ကံစဲတော့ ခွဲရတာပါပဲ။ အရင်ကောင်နဲ့ သွားပြိုင်လို့လည်း ဘယ်သူမှ စိတ်ချမ်းသာစရာမှ မရှိတာ။
(၃) အရင်တုန်းက အသည်းကွဲဖူးလား
Photo : MensXp
တကယ်လို့ အတိတ်မှာ နာကျင်စရာအတွေ့အကြုံတွေ ရှိခဲ့ရင်တောင် အခုလို မေးခွန်းမျိုးကို ကိုယ့်ရည်းစားကို ပြောဖို့ ဘယ်သူမှ ချောချောရှုရှုဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်မမေးဘဲ သူရင်ဖွင့်လာရင်သာ စကားထောက် စကားဖြေနဲ့ စိတ်သက်သာရအောင် ကူညီပေးရမှာ မဟုတ်လား။
(၄) ဘာလို့ ပျင်းနေတာလဲ
Photo : MensXp
လူတစ်ယောက်ရဲ့ ပြင်လို့မရတဲ့ ရုပ်ပိုင်းစိတ်ပိုင်းဒဏ်ရာတွေကို ပြောစရာအကြောင်းတရားတစ်ခုလို ထည့်ပြောတာဟာ တစ်ဖက်လူကို စော်ကားမော်ကားလုပ်ခြင်းတစ်မျိုးပါပဲ။ ကောင်းစေချင်တဲ့ စိတ်နဲ့ ပြုပြင်မယ်ဆိုရင်တောင် တစ်ဖက်လူ နားဝင်လက်ခံချင်အောင် ပညာသားပါပါ ပြောဖို့ လိုပါတယ်။ ကိုယ်နဲ့ ရေစက်ဆုံတဲ့ ရည်းစားကိုဆို ပိုလို့တောင် ဂရုတစိုက်နဲ့ ဆက်ဆံရမှာပါ။
(၅) မင်းက ဘာလို့ စိတ်ကူးယဉ်စရာမကောင်းတာလဲ
Photo : MensXp
Romantic မဆန်တဲ့ ချစ်သူပဲလို့ အပြောခံရတာဟာ ဘယ်စုံတွဲအတွက်မဆို နာကျင်စရာကောင်းတဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။ ကောင်မလေးကို မျက်နှာသေကြီးနဲ့ ချစ်ချင်အောင်လည်း မနေတတ်ဘူး။ ဘာလို့ ရိုမန်းတစ်မဖြစ်တာလဲလို့ ပြောတာဟာ တစ်ဖက်လူကို စိတ်အနာဖြစ်စေတဲ့ မေးခွန်းမျိုးတွေပါပဲ။ ဒီထက် ဆိုးတာက အရင်ရည်းစားတွေ ၊ သူမရဲ့သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ပြီး ကဲ့ရဲ့ပြစ်တင်တာမျိုး ရှောင်ကြဉ်ဖို့ လိုပါတယ်။
Featured Photo : Mensxp