ကော်ဖီချစ်သူတွေအတွက် မနက်ပိုင်းမှာ တစ်ခွက်လောက်မှ မသောက်ရရင် တစ်ခုခု လိုသလို ခံစားရစမြဲပါ။ ကော်ဖီဟာ လူကို နိုးကြားတက်ကြွစေပြီး စိတ်ဖိစီးမှုကို အထိုက်အလျောက် သက်သာစေနိုင်စွမ်းရှိပါတယ်။ နောက်ထပ် ကော်ဖီရဲ့ ထူးခြားချက်က လိင်မှုကိစ္စဘက်မှာလည်း အစွမ်းပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေက ပြောတဲ့ ကော်ဖီနဲ့ လိင်မှုစွမ်းဆောင်ရည်ဆိုင်ရာ ကောင်းကျိုးတွေအကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) ပန်းသေပန်းညှိုးပြဿနာကို သက်သာစေနိုင်တယ်
Photo : Pexels
တက္ကဆက်ကျန်းမာရေးသိပ္ပံစင်တာတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ရက်ကို ကော်ဖီ ၂ ခွက် ၃ ခွက် သောက်သူဟာ လိင်တံမထောင်မတ်နိုင်တဲ့ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်ခြင်းက သွေးလည်ပတ်မှုကို ပိုကောင်းစေနိုင်လို့ Erectile Dysfunction လို့ ခေါ်တဲ့ ပြဿနာကို လျှော့ပေးနိုင်စွမ်း ရှိတာ ဖြစ်ပါတယ်။
(၂) သက်လုံပိုကောင်းစေတယ်
Photo : Pexels
ကော်ဖီ မှာ ပါတဲ့ ကဖိန်းဓါတ်ဟာ အမောခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တာကြောင့် အိပ်ရာထဲ လိင်ဆက်ဆံရာမှာလည်း အစွမ်းပြနိုင်ပါတယ်။ အားကစားသမားတွေလည်း လေ့ကျင့်ခန်းမလုပ်ခင် နာရီဝက် ၄၅ မိနစ် ကြိုပြီး ကော်ဖီသောက်ထားရင် စွမ်းဆောင်ရည်ပိုကောင်းပြီး အာရုံစူးစိုက်မှု မြင့်တက်လာသလို မောပန်းနွမ်းနယ်မှုကိုပါ လျှော့ချနိုင်စွမ်းရှိတာ တွေ့ရပါတယ်။ ဒါဟာ လိင်မှုကိစ္စမှာလည်း အလားတူ အကျိုးသက်ရောက်မှုရှိပါတယ်။
(၃) စိတ်ဖိစီးမှု နည်းစေလို့ လိင်ဆက်ဆံလို့ ပိုကောင်းစေတယ်
Photo : Unsplash
ကော်ဖီရဲ့ အနံ့ဟာ စိတ်ဖိစီးမှုကို လျှော့ချနိုင်စွမ်းရှိပါတယ်။ စိတ်ဖိစီးမှုနည်းခြင်းက လူ့ကိုယ်ခန္ဓာထဲက တက်စတိုစတီးရုန်း Level တက်လာပြီး လိင်စိတ်မြင့်လာရာကနေ လိင်ဆက်ဆံမှုဘက်မှာ ပိုပြီး စွမ်းဆောင်ရည်မြင့်လာစေနိုင်ပါတယ်။
Featured Photo : Unsplash