ဖက်ရှင်စတိုင်လ်က ပုံမလာဘူးဆိုရင် ကွီးတို့ကို ဘယ်ကောင်မလေးကမှ သဘောကျမှာ မဟုတ်ပါဘူး။ ကွီးတို့ အချစ်ရေးမှာ ကံခေ နေတယ်ဆိုတာ ကွီးတို့ ဖက်ရှင် က တော်တော်လေး ဂွမ်းနေလို့ပဲ ဖြစ်ပါတယ်။ ဂွမ်းနေတဲ့ ဖက်ရှင်ထဲကနေ ရုန်းထွက်နိုင်ဖို့ဆိုရင် ဖက်ရှင်စတိုင်လ်တွေကို သေချာလေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။

ကံခေ နေတဲ့ အချစ်ရေးကို အပြောင်းအလဲဖြစ်အောင် ပြုလုပ်ချင်တဲ့ ကွီးတို့အတွက် အလန်းစား ဖက်ရှင် စတိုင်လ်များကို ဝေမျှပေးလိုက်ရပါတယ်။

ပျိုမေတိုင်း ခိုက်သွားစေမယ့် စတိုင်လ်

man fashion

Photo: Pinterest

ဒီဖက်ရှင်စတိုင်လ်ကတော့ ရိုးရှင်းတဲ့ ဖက်ရှင်စတိုင်လ်တစ်ခုဖြစ်ပြီး ထိုရိုးရိုးရှင်းရှင်းလေးကပဲ ဖက်ရှင်ကျသွားစေတာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ တီရှပ်အဖြူရောင်ကို ဘောင်းဘီအနက်ရောင်နဲ့ တွဲဖက် ဝတ်ဆင်လိုက်ရုံပါပဲ။ ဖိနပ်ကိုတော့ Sneakers အဖြူ (သို့) အနက်နဲ့ တွဲဖက်လိုက်တဲ့အခါ ပျိုမေတိုင်း ခိုက်သွားမှာ အမှန်ပါပဲ။

စမတ်ကျကျ ဖက်ရှင်စတိုင်လ်

man fashion

Photo: Pinterest

ဒီဖက်ရှင်ကတော့ ရုံးတက်ရုံးဆင်း ဖက်ရှင်စတိုင်လ်မျိုးပဲ ဖြစ်ပါတယ်။ ရှပ်အင်္ကျီကို အထဲထည့်ကာ ဝတ်ဆင်ထားပြီး စမတ်ကျကျနဲ့ ဖက်ရှင်မိမိုက်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

မင်းသား ရှုံးသွားမယ့် ဖက်ရှင်စတိုင်လ်

ကံခေ ဖက်ရှင်

Photo: Pinterest

ဒီဖက်ရှင်စတိုင်လ်ကတော့ စောစောက စမတ်ဖက်ရှင်ကိုပဲ အဆင့်မြင့်ထားတဲ့ ဖက်ရှင်စတိုင်လ် ဖြစ်ပါတယ်။ ဆွယ်တာအင်္ကျီကို အပေါ်ကနေ တစ်ထပ် ထပ်ဝတ်ကာ ရှိုးထုတ်ထားတာပဲ ဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်ဆန် ဒိတ်မယ်ဆိုရင်တော့ ဒီလိုဖက်ရှင်စတိုင်လ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

အမိုက်စားစတိုင်လ်

ကံခေ ဖက်ရှင်

Photo: Onpointfresh

ဒီဖက်ရှင်လေးကတော့ Smart Casual Style ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ ကွီးတို့ကို စမတ်ကျကျနဲ့ ဖက်ရှင်ကျ မိမိုက်နေစေမှာကတော့ ဧကန်အမှန်ပါပဲ။

Gentleman စတိုင်လ် ဖမ်းချင်တာလား

ကံခေ ဖက်ရှင်

Photo: Suits Expert

Gentleman စတိုင်လ် ဖမ်းချင်တဲ့ ကွီးတို့အတွက်ကတော့ ဒီလိုမျိုး ဝတ်စုံပြည့် ဖက်ရှင်က ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။ အချစ်ရေးမှာ ကံခေ နေတာတွေကို ချေဖျက်ချင်တယ်ဆိုရင်တော့ ဒီ ဖက်ရှင် စတိုင်လ်ကလည်း အသုံးတည့်ပါတယ်။ ကွီးတို့ကို လူကြီးလူကောင်းဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။

ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်လ်

ကံခေ ဖက်ရှင်

Photo: Perk Clothing

ကွီးတို့မှာ အားလပ်ချိန် များများစားစား မရှိဘူးဆိုရင်တော့ ဒီလိုမျိုး ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်လ်လေးကိုသာ ရွေးချယ်လိုက်ပါ။ အချိန်အများကြီး ပေးပြီး ခေါင်းစားနေစရာမလိုတော့တာကြောင့် အလုပ်ရှုပ်လည်း သက်သာပါတယ်။ ကွီးတို့လည်း ဖက်ရှင်ကျ၊ အချိန်ကုန်လည်း သက်သာ၊ ဆော်လည်း ကြည်နေမှာပါ။ တစ်ချက်ခုတ်၊ သုံးချက်ပြတ်ပေါ့။

ကိုရီးယား မင်းသားစတိုင်လ် ဖမ်းချင်တာလား

ကံခေ ဖက်ရှင်

Photo: The Adult Man

ကိုရီးယား မင်းသားစတိုင်လ် ဖမ်းချင်တဲ့ ကွီးတို့ကတော့ အခုလိုမျိုး ဆွယ်တာအင်္ကျီလေးကို အပေါ်ကနေ ထပ်ဝတ်ပေးလိုက်ရုံပါပဲ။ ယောကျာ်းသားအချင်းချင်းတောင် သမင်လည်ပြန် ငေးကြည့်သွားရစေမယ့် ဖက်ရှင်စတိုင်လ် တစ်မျိုးပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ်ကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီမို့ အခုချက်ချင်းပဲ ပြောင်းလဲလိုက်ကြပါဗျို့။

Featured Image: Freepik